မွန်က ရွေးကောက်ခံကိုယ်စားလှယ် (၁၄) ဦး နိုင်ငံရေးမလုပ်တော့ဘူးလို့ စစ်ကောင်စီထံ ခံဝန်ထိုး

မွန်က ရွေးကောက်ခံကိုယ်စားလှယ် (၁၄) ဦး နိုင်ငံရေးမလုပ်တော့ဘူးလို့ စစ်ကောင်စီထံ ခံဝန်ထိုး

မွန်ပြည်နယ်မှာတော့ စစ်တပ် အာဏာသိမ်းပြီးနောက် ၂၀၂၀ အထွေထွေးရွေးကောက်ပွဲမှာ အနိုင်ရထားတဲ့ ကိုယ်စားလှယ် ၁၅ ဦးဟာ အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ CRPH တို့နဲ့ ပတ်သက်တာမရှိကြောင်းနဲ့ နိုင်ငံရေးမလုပ်ဘူးလို့ စစ်ကောင်စီထံ ခံဝန်လက်မှတ်ရေးထိုးထားကြပါတယ်။

အဲဒီထဲမှာတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက ရွေးကောက်ခံ ကိုယ်စားလှယ် ၃ ဦးနဲ့ မွန်ညီညွတ်ရေးပါတီက ကိုယ်စားလှယ် ၁၁ ဦး ပါဝင်ပါတယ်။

မွန်ညီညွတ်ရေးပါတီ ရွေးကောက်ခံ ကိုယ်စားလှယ် ၁၁ ဦးမှာတော့ ၂ ဦးကတော့ စစ်ကောင်စီနဲ့ ပူးပေါင်းထားပါတယ်။

မွန်ညီညွတ်ရေးပါတီက နှုတ်ထွက်ထားတဲ့ ရွေးကောက်ခံ ကိုယ်စားလှယ် တစ်ဦးဖြစ်တဲ့ နိုင်မွန်ရာဇာကတော့ စစ်ကောင်စီက ခံဝန်ထိုးခိုင်းလိုက်တဲ့အတွက်ကြောင့် လက်မှတ်ထိုးပေးလိုက်တယ်လို့ ဆိုပါတယ်။

“တချို့က ပြည်နယ်မှာ လက်မှတ်သွားထိုးရတယ် ။ တချို့ကတော့ မြို့နယ်အဆင့်မှာပဲ ထိုးကြရတယ်။ ကျွန်တော်ကတော့ မြို့နယ်ရဲမှူးဆီမှာပဲ ထိုးရပါတယ်” လို့ ရွေးကောက်ခံကိုယ်စားလှယ် နိုင်မွန်ရာဇာက ပြောပါတယ်။

မွန်ညီညွှတ်ရေးပါတီက ရွေးကောက်ခံကိုယ်စားလှယ် ၂ ဦးဖြစ်တဲ့ ဒေါက်တာဗညားအောင်မိုးနဲ့ နိုင်လယိတမက စစ်ကောင်စီနဲ့ ပူးပေါင်းထားပြီး ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေတာ ဖြစ်ပါတယ်။

NLD ပါတီက ခံဝန်ထိုးထားတဲ့ ရွေးကောက်ခံ ကိုယ်စားလှယ်တွေထဲမှာတော့ ဒေါ်နွယ်နွယ်အောင်၊ ဒေါက်တာထိန်လင်းနဲ့ ဦးရွှေမြင့်တို့ ပါဝင်ပါတယ်။

ရွေးကောက်ခံ ကိုယ်စားလှယ်တွေအနေနဲ့ စစ်ကောင်စီထံ ခံဝန်ထိုးတာဟာ နိုင်ငံရေး ရိုးသားမှုတစ်ခုဖြစ်ပြီး သူတို့လုပ်ခဲ့တဲ့ နိုင်ငံရေး မှန်ကန်မှုမရှိဘူးလို့ မော်လမြိုင်တက္ကသိုလ် ကျောင်းသားများသမဂ္ဂအဖွဲ့ ဥက္ကဋ္ဌ မင်းသံစဉ်ဦးက ဝေဖန်လိုက်ပါတယ်။

“ခေတ်ကောင်းတုန်းက ပြည်သူတွေနဲ့ ရပ်တည်တယ်ဆိုပြီး နိုင်ငံရေးလုပ်ကြတယ်။ ခေတ်မကောင်းတော့ သူတို့နေထိုင်နိုင်ရေးအတွက် ပြည်သူ့မျက်နှာမမူဘဲ စစ်ကောင်စီမှာ လက်မှတ်ထိုးတယ်။ သူတို့ရဲ့နိုင်ငံရေး မရိုးသားဘူးလို့ပဲ ပြောချင်ပါတယ်” လို့ ဆိုပါတယ်။

စစ်ကောင်စီဆီမှာ ခံဝန်လက်မှတ်ရေးထားတဲ့ ရွေးကောက်ခံ ကိုယ်စားလှယ်တွေဟာ လက်ရှိမှာတော့ ဖမ်းဆီးခံရခြင်းမရှိဘဲ နေအိမ်မှာ ဆက်လက် နေထိုင်နေကြပါတယ်။

မွန်ပြည်နယ်မှာတော့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ အနိုင်ရထားတဲ့ ရွေးကောက်ခံ ကိုယ်စားလှယ် ၄၅ ဦးထိ ရှိပါတယ်။

အဲဒီထဲမှာတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက ၃၄ ဦးနဲ့ မွန်ညီညွတ်ရေးပါတီက ၁၁ ဦး ပါဝင်ပါတယ်။

May 9, 2026
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ စစ်အစိုးရဲ့ မွန်ပြည်နယ် အစိုးရအဖွဲ့က တရားဝင်သဖွယ် ခွင့်ပြုထားတဲ့...
May 8, 2026
တနင်္သာရီတိုင်း ထားဝယ်မြို့နယ် ထီးခီးဒေသတဝိုက်အခြေပြုတဲ့ လှုပ်ရှားနေတဲ့ KTLA တပ်ဖွဲ့ဝင် ၃၀...
May 7, 2026
မွန်ပြည်နယ်မှာ စစ်တပ်အာဏာသိမ်းပြီးနောက် ခန့်အပ်ထားတဲ့ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို...
May 6, 2026
မွန်ဒေသအတွင်းရှိ ပြည်သူလူထုတွေအနေနဲ့ ဒေသလိုအပ်ချက်တွေအပါအဝင် ရင်ဆိုင်နေရတဲ့ အခက်အခဲ ပြဿနာတွေကို...