သိမ်ဇရပ်မှာ စစ်ကောင်စီသတင်းပေးတစ်ဦး သေနတ်နဲ့ပစ်သတ်ခံရ

သိမ်ဇရပ်မှာ စစ်ကောင်စီသတင်းပေးတစ်ဦး သေနတ်နဲ့ပစ်သတ်ခံရ

ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့၊ ဂေါက်ကွင်းအနီးမှာ စစ်ကောင်စီသတင်းပေးတစ်ဦးကို အောက်တိုဘာလ ၁၅ ရက်နေ့ ညနေပိုင်းက လူတစ်စုမှ သေနတ်နဲ့ပစ်သတ်ခဲ့တယ်လို့ သိရပါတယ်။

သေဆုံးသူမှာ ဝါးဒက်ကွင်းကျေးရွာနေ ရဲဝင်းဆိုသူဖြစ်ပြီး ကောင်စီတပ်ဖွဲ့ဝင်တွေကို သတင်းပေးနေသူဖြစ်တယ်လို့ ဆိုပါတယ်။

သေနတ်နဲ့ပစ်ခတ်ခံရတာကြောင့် ကိုရဲဝင်းမှာ ဦးခေါင်းနောက်စေ့ကျည်ထိဒဏ်ရာဖြင့် အခင်းဖြစ်နေရာမှာ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

"ရဲဝင်းသေနတ်နဲ့ပစ်သတ်ခံရတာဟုတ်တယ်။ ပစ်သတ်ခံရတဲ့နေရာမှာဘဲ သေသွားတယ်လို့ သိရတယ်။ အနီးကပ်လာပစ်သွားတာ။ ဘယ်သူတွေလုပ်သွားလဲဆိုတာတော့ မသိရဘူး" လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်။

ကိုရဲဝင်းသေနတ်နဲ့ပစ်ခတ်ခံရပြီး သေဆုံးသွားတာနဲ့ပတ်သက်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရောက်ရှိလာပြီး အနီးအနားဝန်းကျင်ကို စစ်ဆေးမှုတွေ လုပ်ခဲ့တယ်လို့ သိရပါတယ်။

ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သိမ်ဇရပ်ကတော့ သတင်းပေးဒလန် ရဲဝင်းဆိုသူကို သေနတ်နဲ့ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ကျိုက်ထိုမြို့နယ်အတွင်းက အုပ်ချုပ်ရေးမှူးတွေ အချိန်မှီရာထူးကနေ နှုတ်ထွက်ပေးဖို့နဲ့ အကြမ်းဖက်စစ်ကောင်စီနဲ့ ပူးပေါင်းလုပ်ဆောင်နေတာတွေကို ရပ်တန်းကရပ်ဖို့ သတိပေးထားတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ သိမ်ဇရပ်က ဆိုပါတယ်။

 

 
 

 

 

July 31, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင် ဦးဆောင်သည့် စစ်တပ်အသွင်းပြောင်း အစိုးရ၏ ရက် ၁၀၀ စီမံချက်...
July 30, 2026
ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) သည် အာရက္ခတပ်တော် (AA) အပါအဝင်...
July 25, 2026
ကရင်ပြည်၊ ဖာပွန်ခရိုင်တွင် အင်အားထောင်ချီဖြင့် စစ်ကြောင်းထိုးနေသည့် စစ်တပ်စစ်ကြောင်းမှာ အထိနာကာ...
ဓာတ်ပုံ-CJ See less
July 24, 2026
အာဏာသိမ်း စစ်တပ် အသွင်ပြောင်း အစိုးရ သမ္မတ ဦးမင်းအောင်လှိုင်က စားသုံးဆီ လျှော့ချဖို့...