မြိတ်က ရပ်ကျေးအုပ်ချုပ်ရေးမှူး‌နဲ့ ရာအိမ်မှူးတွေ အမြန်ဆုံးနှုတ်ထွက်ကြဖို့ PDF သတိပေး

မြိတ်က ရပ်ကျေးအုပ်ချုပ်ရေးမှူး‌နဲ့ ရာအိမ်မှူးတွေ အမြန်ဆုံးနှုတ်ထွက်ကြဖို့ PDF သတိပေး

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်အတွင်းရှိ ရပ်ကျေးအုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှူးတွေ အမြန်ဆုံးနှုတ်ထွက်ကြဖို့ မြိတ်တော်လှန်ရေးအင်အားစုက ဒီကနေ့မှာ သတိပေးထုတ်ပြန်လိုက်ပါတယ်။

အောက်တိုဘာလ ၁၅ ရက်နေ့ကစပြီး တစ်ပတ်အတွင်း စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှူးတွေ နှုတ်ထွက်ကြဖို့ သတိပေးထားတာဖြစ်ပါတယ်။

စစ်ကောင်စီအာဏာသိမ်းပြီးနောက် ဖေဖေါ်ဝါရီလမှစတင်ကာ မြိတ်မြို့နယ်အတွင်း ပြည်သူတွေကခန့်အပ်ထားတဲ့ အုပ်ချုပ်ရေးမှူးတွေ ပြည်သူ့ဘက်ကရပ်တည်ပြီး နှုတ်ထွက်သွားပြီးနောက် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတွေနဲ့ အစားထိုးခဲ့တာဖြစ်ပါတယ်။

ဒါကြောင့် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှူး‌တွေအနေနဲ့ အချိန်မီနှုတ်ထွက်ကြဖို့နဲ့ မနှုတ်ထွက်ပါက ပြည်သူ့အစိုးရ အာဏာပြန်ရချိန်မှာ နိုင်ငံတော်ပုန်ကန်သူအနေနဲ့ မိသားစုများကိုပါ တရားစွဲဆိုသွားမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မြိတ်မြို့တော်လှန်ရေး အင်အားစုတွေဟာ စစ်ကောင်စီကို စတင်တော်လှန်တော့မှာဖြစ်လို့ ပြည်သူတွေအနေနဲ့ မလိုအပ်ဘဲ လမ်းမထွက်ဖို့၊ ဆေးဝါးပစ္စည်းနဲ့ CCTV တွေကို လိုအပ်သလို ပူးပေါင်းဆောင်ရွက်ပေးဖို့ တိုက်တွန်းထားပါတယ်။

ဓာတ်ပုံ - MOI
April 3, 2026
ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါပြီး တိုက်ပွဲကြောင့် ၂ နှစ်ကျော် ပိတ်ထားခဲ့ရတဲ့...
ဓာတ်ပုံ-NUG
April 2, 2026
အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ CRPH အပါဝင် တိုင်းရင်းသားလက်နက်ကိုင်လေးဖွဲ့တို့ အာဏာရှင်စနစ်ကို...
April 1, 2026
မွန်ပြည်နယ်မှာ စက်သုံးဆီ တရားမဝင် ရောင်းချမှုအပါအဝင် ဈေးတင်ရောင်းချမှုကြောင့်...
March 31, 2026
ဒီကနေ့ ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ အာဏာသိမ်း စစ်ခေါင်းဆောင် အငြိမ်းစား...