မရမ်းကုန်းမြို့နယ်တရားရုံး မိုင်းခွဲတိုက်ခိုက်ခံရ

မရမ်းကုန်းမြို့နယ်တရားရုံး မိုင်းခွဲတိုက်ခိုက်ခံရ

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ် တရားရုံးအား ယနေ့ အောက်တိုဘာ ၁၄ ရက် နံနက် ၈ နာရီဝန်းကျင်တွင် Free Tiger Ranger (အင်းစိန်မြို့နယ်ခွဲ) အဖွဲ့မှ လက်လုပ်မိုင်းခွဲကာ သတိပေးတိုက်ခိုက်လိုက်ကြောင်း အဆိုပါအဖွဲ့ တာဝန်ရှိသူက‌ ပြောသည်။

"လူတော့မထိခိုက်ဘူးခင်ဗျ။ မဆိုင်တဲ့သူတွေ ထိသွားမှာစိုးလို့ပါ။ တစ်လုံးပဲ သတိပေးတဲ့အနေနဲ့ခွဲခဲ့တာပါ။ အဝင်အဝနားမှာပေါက်တာ ရုံးတက်ချိန်မှာခွဲမလို့ နောက်တော့ မဆိုင်တဲ့ပြည်သူတွေ ထိခိုက်မှာစိုးလို့ စောစောခွဲလိုက်တာပါ" ဟု Free Tiger Ranger အဖွဲ့ တာဝန်ရှိသူက မဇ္ဈိမကို ပြောသည်။

အဆိုပါတရားရုံးမှ တရားသူကြီးများ၊ ရှေ့နေများနှင့် ဝန်ထမ်းများသည် အာဏာသိမ်းစစ်အစိုးရအလိုကျ ပြည်သူလူထုအပေါ် မတရားသော အမိန့်အာဏာတို့ဖြင့် အနိုင်ကျင့် နှိပ်စက်နေသည့်အတွက် ပထမအကြိမ် သတိပေးတိုက်ခိုက်လိုက်ကြောင်း Free Tiger Ranger အဖွဲ့က ထုတ်ပြန်ထားသည်။

ထိုအဖွဲ့သည် ရန်ကင်းမြို့နယ် စိမ်းလဲ့မြေရိပ်သာလမ်းရှိ အခွန်ဦးစီးဌာနအနီးတွင်လည်း အောက်တိုဘာ ၁ ရက်က လက်လုပ်မိုင်း ဖောက်ခွဲတိုက်ခိုက်ခဲ့သေးသည်။

Most read this week

ဓာတ်ပုံ - (စစ်ကိုင်းတိုင်းရှိ တောင်သူတစ်ဦး လယ်ထွန်ယက်နေစဉ် / MDN.gov)
August 26, 2026
မန္တလေးတိုင်း၊ မြင်းခြံခရိုင်အတွင်းရှိ မြင်းခြံ၊ နွားထိုးကြီးနှင့် တောင်သာမြို့နယ်များတွင်...
ဓာတ်ပုံ – (တမူး - ကလေးလမ်းပိုင်းတိုက်ပွဲအတွင်း ပျက်စီးသွားသည့် နန်မွန်းတားတံတား ပြုပြင်နေစဉ်/ Crd)
August 26, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင်သည် အိန္ဒိယနိုင်ငံသို့ မေလ ၃၀ ရက်မှ ဇွန်လ ၃ ရက်အထိ သွား...
ဓာတ်ပုံ - Thingsai Tlaizawng / မီဇိုရမ်ပြည်နယ်အတွင်း ဖမ်းဆီးရမိသည့် လက်နက်ခဲယမ်းများ
August 25, 2026
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်တွင် ရက်ပိုင်းခြား၍ မြန်မာနိုင်ငံမှ သယ်ဆောင်လာသည်ဟု ယူဆရသော သေနတ်...
August 24, 2026
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် မုံရွာခရိုင် ၅+၁ တပ်ဖွဲ့ဝင် နှစ်ဦးနှင့်...