NCA နောက်ဆုံးမူကြမ်းရရှိပြီး၊ အစိုးရကမ်းလှမ်းမှုဖြင့်သာ NCA လက်မှတ်ထိုးမထိုး ဆုံးဖြတ်မည်ဟု RCSS/SSA ဆို

NCA နောက်ဆုံးမူကြမ်းရရှိပြီး၊ အစိုးရကမ်းလှမ်းမှုဖြင့်သာ NCA လက်မှတ်ထိုးမထိုး ဆုံးဖြတ်မည်ဟု RCSS/SSA ဆို
by -
မဇ္ဈိမ
ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ Sheik Istana ဟိုတယ်တွင် မေ ၂၉ရက်က တွေ့ဆုံမှုအပြီး ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း နှင့် RCSS ဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး ယွက်ဆစ်တို့ကို တွေ့ရစဉ်။ (ဓာတ်ပုံ-ဖနိဒါ)
ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ Sheik Istana ဟိုတယ်တွင် မေ ၂၉ရက်က တွေ့ဆုံမှုအပြီး ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း နှင့် RCSS ဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး ယွက်ဆစ်တို့ကို တွေ့ရစဉ်။ (ဓာတ်ပုံ-ဖနိဒါ)
တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး စာချုပ် (NCA) နောက်ဆုံးမူကြမ်း ရရှိပြီး အစိုးရ၏ ကမ်းလှမ်းမှုဖြင့်သာ NCA  လက်မှတ်ထိုးမထိုးကို ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS/SSA) အတွင်းရေးမှူး ၂ ဗိုလ်မှူးကြီး စိုင်းလှက ဇွန်လ ၁၂ရက်တွင် မဇ္ဈိမကိုပြောသည်။

"အခု လော်ခီးလာအပြီး မူကြမ်းက ဘာလဲ မသိရသေးဘူး၊ နောက်ဆုံးမူကြမ်းရပြီး အစိုးရက RCSS/SSA ကိုလည်း ထိုးဖို့ကမ်းလှမ်းတယ်ဆိုမှ ဗဟိုမှာ ဆုံးဖြတ်မယ်။ ကျွန်တော်တို့က ပြည်ထောင်စုနေ့က လက်မှတ်ထိုးထားတဲ့အတိုင်း ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးကို ပူးပေါင်းဆောင်ရွက်မှာပါ" ဟု ၎င်းက ဆိုသည်။

၂၀၁၅ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက် ၆၈ကြိမ်မြောက် ပြည်ထောင်စုနေ့တွင်၊ နေပြည်တော် အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း စင်တာ၌ အချက် ၅ချက်ပါ ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည် သင့့်မြတ်ရေးကို အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ပူးပေါင်းဆောင်ရွက်သွားမည့် ကတိကဝတ်ကို RCSS/SSA၊ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA)၊ ကရင်အမျိုးသား အစည်အရုံး(KNU)၊ ကရင်အမျိုးသားအစည်းအရုံး (ငြိမ်းချမ်းရေးကောင်စီ) (KNU(PC)) တို့က လက်မှတ်ရေးထိုးခဲ့သည်။

"NCA ကို ဘယ်အဖွဲ့တွေနဲ့ လက်မှတ်ထိုးမယ်၊ မထိုးဘူးဆိုတာက ဦးအောင်မင်းတို့ရဲ့ လုပ်ငန်းကော်မတီနဲ့ တိုင်းရင်းသား အဖွဲ့တွေ ညှိနှိုင်းလို့ရတဲ့အတိုင်း သွားမှာပဲ၊ အဓိကက တိုင်းရင်းသားတွေဖက်က တညီတည်းမထွက်ဘဲ ဖြစ်နေတာပါ" ဟု သမ္မတပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြောသည်။

ဇွန်လ ၂ ရက်မှ ၉ ရက်ထိ ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေ လော်ခီးလာဒေသတွင် ကျင်းပသည့် တတိယအကြိမ်မြောက် တိုင်းရင်းသားညီလာခံက NCA ပါ အချက် အချို့ကို ပြင်ဆင်ရန်နှင့် တိုင်းရင်းသားအဖွဲ့အားလုံး ပါ၀င်လက်မှတ်ရေးထိုးရန် ဆုံးဖြတ်ခဲ့သည်။

ယင်းကတိကဝတ်ကြောင့် RCSS/SSA က NCA လက်မှတ်ထိုး မထိုးကို အစိုးရ၏ ကမ်းလှမ်းမှုတွင်သာ မူတည်ကာ နောက်ဆုံး ထွက်ရှိလာမည့် NCA မူကြမ်းကို သုံးသပ်ကာ ဆုံးဖြတ်သွားရန် ပြင်ဆင်ထားခြင်းဖြစ်သည်။

RCSS/SSA သည် ၂၀၁၁ခုနှစ် ဒီဇင်ဘာလ ၂ရက်တွင် ပြည်နယ်အဆင့် အပစ်အခတ်ရပ်စဲရေး သဘောတူထားသည့် အဖွဲ့တစ်ခုလည်းဖြစ်သည်။

May 12, 2026
ယမင်းဖူးပွင့်အောင် — ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စစ်အုပ်စုက တရုတ်ကုန်ပစ္စည်းများ တင်သွင်းမှုကို...
May 11, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရေး ၎င်း၏ ရှေ့နေအဖွဲ့က...
May 9, 2026
ပေါ်ထွန်း — ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စု၏ ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ (၁၆)...
May 8, 2026
အာဏာသိမ်း စစ်အုပ်စု၏ “ညစ်ညမ်းတဲ့ ငွေများ”အား လော်ဘီလုပ်ငန်းဆီသို့ စီးဆင်းခွင့်ပြုမည့်အစား...