CDM ပြုလုပ်လိုတဲ့ ရဲနဲ့စစ်သားတွေကို လုံခြုံရေး တာဝန်ယူပေးမည်ဖြစ်ကြောင်း ကရင်နီပြည်သူ့ရင်ခွင်အဖွဲ့ ပြော

CDM ပြုလုပ်လိုတဲ့ ရဲနဲ့စစ်သားတွေကို လုံခြုံရေး တာဝန်ယူပေးမည်ဖြစ်ကြောင်း ကရင်နီပြည်သူ့ရင်ခွင်အဖွဲ့ ပြော

ကရင်နီပြည်သူ့ရင်ခွင်ဆီ ခိုလှုံလာတဲ့သူတွေကို လုံခြုံရေးတာဝန်ယူပေးတာတွေ၊ ကူညီဆောင်ရွက်မှုတွေ ပြုလုပ်ပေးနေတယ်လို့ ကရင်နီပြည်သူ့ရင်ခွင်အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

“စစ်ဆိုတဲ့ဟာကြီးကို ကိုယ့်ရဲဘော်တွေ မသေမကြေဘဲနဲ့ ဒီတော်လှန်ရေးက အောင်မြင်နိုင်မယ်ဆိုတဲ့ ဟာမျိုး ရည်ရွယ်ချက် စဉ်းစားချက်ရှိတော့ အဲ့တာနဲ့ ကျနော်တို့က အခု ဒီကရင်နီအတိုင်းအတာပေါ့လေနော။ ကရင်နီ ထဲမှာရှိတဲ့ ရဲတွေ၊ စစ်သားတွေ CDMလုပ်ချင်တယ်ဆိုရင် ကျနော်တို့က သူတို့ကို ခေါ်ထုတ်ပေးတယ်။ သူတို့ကို လုံခြုံတဲ့နေရာမှာ အချိန်အတိုင်းအတာတစ်ခုထိ ထားပေးတယ်။ သူတို့မိသားစုတွေလည်း အန္တာရယ်ကြားထဲမှာရှိတယ်။ ခေါ်ထွက်ချင်တယ်ဆိုရင်လည်း ခေါ်ထွက်ဖို့ရာအတွက် ကူညီပေးတယ်ပေါ့လေ။ ဒီလိုမျိုး ကျနော်တို့ စတင်ပြီးတော့ လုပ်တယ်ပေါ့နော။” လို့ တာဝန်ရှိသူက ပြောပါတယ်။

ကရင်နီပြည်နယ်ထဲက စစ်အာဏာရှင်ဆန့်ကျင်ပြီး (CDM) လုပ်လိုတဲ့ ရဲဌာနက ရဲတွေ၊ အရာရှိတွေ၊ တပ်တွင်းမှာရှိတဲ့ တပ်သားတွေကို ဖိတ်ခေါ်တယ်လို့ တာဝန်ရှိသူက ဆက်ပြောပါတယ်။

“ယုံယုံကြည်ကြည်ချိတ်ဆက်ပါ ဆက်သွယ်ပါ ကျနော်တို့ အတတ်နိုင်ဆုံး အကောင်းဆုံး သူတို့အတွက်ကို ကျနော်တို့ အကုန်လုပ်ပေးပါမယ်ဆိုတဲ့ သတင်းစကားပေါ့လေ။ ရဲတပ်ဖွဲ့တွေ ပြည်သူ့ထံလာချင်တဲ့ စစ်သားတွေ အရာရှိတွေ ကျနော်တို့ ဖိတ်ခေါ်ပါတယ်။" လို့ ဆက်ပြောပါတယ်။

လက်ရှိအချိန်ထိ ကရင်နီပြည်သူ့ရင်ခွင်ဆီ လာရောက်ခိုလှုံသူ ရဲနှစ်ဦးနဲ့ တပ်ကြပ်တစ်ဦး စုစုပေါင်း သုံးဦးရှိနေပြီး ရဲတစ်ဦးကိုတော့ စစ်ဆေးတာတွေ ပြုလုပ်နေဆဲဖြစ်တယ်လို့ သိရပါတယ်။

ပြည်သူ့ရင်ခွင်ဆီ ပါဝင်လာတဲ့သူတွေကို သေချာစီစစ်ပြီးတော့ အချိန်အတိုင်းအတာတစ်ခုအထိထားပြီး သူတို့တတ်ကျွမ်းမှုအရသော်လည်းကောင်း၊ သူတို့ရဲ့ စိတ်ဆန္ဒအပေါ် မူတည်ပြီးတော့ တာဝန်ပေးအပ်တာတွေနဲ့ သူတို့ရဲ့မိသားစုနဲ့ ပြန်လည်နေထိုင်ချင်ရင်လည်း သဘောဆန္ဒအလျောက် နားခိုင်းတာတွေ လုပ်ဆောင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

CDM ပြုလုပ်ပြီး ကရင်နီပြည်သူ့ရင်ခွင်ဆီကို လာရောက်ခိုလှုံဖို့ ဆန္ဒရှိသူများ အောက်ပါလင့်ကနေတဆင့် ဆက်သွယ်နိုင်ပါတယ်။

 
 

 

 

August 20, 2026
ဂျန်ဒါအခြေပြု အကြမ်းဖက်မှုများ လျှော့ချနိုင်ရေးအတွက် အမျိုးသမီးများအတွက် လိုအပ်သည့် အကူအညီများ...
(ဓာတ်ပုံ - Crd)
August 19, 2026
ကရင်နီပြည်တွင် သစ်တောပြုန်းတီးမှု ကာကွယ်လျှော့ချနိုင်ရန်အတွက် ထင်းမီးအစားထိုး လောင်စာတောင့်...
ဓာတ်ပုံ - Crd
August 19, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းတွင် Starlink ကုမ္ပဏီ၏ မူဝါဒပြောင်းလဲမှုများကြောင့်...
ဓာတ်ပုံ - Crd
August 19, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းတွင် Starlink ကုမ္ပဏီ၏ မူဝါဒပြောင်းလဲမှုများကြောင့်...