ခရမ်း ပျူစောထီးဥက္ကဌဆိုသူ သေနတ်ဖြင့်ပစ်ခံရ

ခရမ်း ပျူစောထီးဥက္ကဌဆိုသူ သေနတ်ဖြင့်ပစ်ခံရ

ခရမ်းမြို့တွင် ပျူစောထီးဥက္ကဌဟု ကျော်စောသူတစ်ဦး ယနေ့မွန်းလွဲပိုင်းတွင် နောက်ကျောဘက်မှသေနတ်ဖြင့် ပစ်ခံရသည်။

ရန်ကုန်တိုင်းဒေသကြီး ခရမ်းမြို့ရှိ ဗိုလ်တဲလမ်းမတွင် မွန်းတည့်အချိန်က ဦးမျိုးနိုင်ဆိုသူ သေနတ်ဖြင့်ပစ်ခံရသည့်အမှုနှင့်ပတ်သက်၍ "မျိုးနိုင်ဆိုတာပျူစောထီးဥက္ကဌ လို့တော့ ပြောတယ်ဗျ။ သူ့ကို ဆောက်လုပ်ရေး ခေါင်းရင်း၊ဗိုလ်တဲလမ်းမပေါ်မှာ ပစ်သွားတာ။ နောက်ကျောဘက်ကို နှစ်ချက် ထိသွားတာ အခုလေးတင်ပဲဖြစ်တာ သေလောက်တယ်ဗျ" ဟု မျက်မြင်တွေ့ရှိသူတစ်ဦးက မဇ္ဇျိမကိုပြောပါတယ်။

ရပ်ကွက်အုပ်ချုပ်ရေးမှူး ၈၀ ရာခိုင်နှုန်းကျော် နှုတ်ထွက်ပြီး သို့မဟုတ် နှုတ်ထွက်စာတင်ထားသော ခရမ်းမြို့တွင် ကြားကာလပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့ (ယာယီ) ကို ဖွဲ့စည်းထားရာ ရန်ကုန်တိုင်းအတွင်း စစ်ကောင်စီတပ်အုပ်ချုပ်ရေး သိသိသာသာပျက်ယွင်းသည့် မြို့ဖြစ်လာသည်။

 
 

 

 

Most read this week

ဓာတ်ပုံ - (စစ်ကိုင်းတိုင်းရှိ တောင်သူတစ်ဦး လယ်ထွန်ယက်နေစဉ် / MDN.gov)
August 26, 2026
မန္တလေးတိုင်း၊ မြင်းခြံခရိုင်အတွင်းရှိ မြင်းခြံ၊ နွားထိုးကြီးနှင့် တောင်သာမြို့နယ်များတွင်...
ဓာတ်ပုံ – (တမူး - ကလေးလမ်းပိုင်းတိုက်ပွဲအတွင်း ပျက်စီးသွားသည့် နန်မွန်းတားတံတား ပြုပြင်နေစဉ်/ Crd)
August 26, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင်သည် အိန္ဒိယနိုင်ငံသို့ မေလ ၃၀ ရက်မှ ဇွန်လ ၃ ရက်အထိ သွား...
ဓာတ်ပုံ - Thingsai Tlaizawng / မီဇိုရမ်ပြည်နယ်အတွင်း ဖမ်းဆီးရမိသည့် လက်နက်ခဲယမ်းများ
August 25, 2026
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်တွင် ရက်ပိုင်းခြား၍ မြန်မာနိုင်ငံမှ သယ်ဆောင်လာသည်ဟု ယူဆရသော သေနတ်...
August 24, 2026
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် မုံရွာခရိုင် ၅+၁ တပ်ဖွဲ့ဝင် နှစ်ဦးနှင့်...