မွန်မှာ ကိုဗစ်ကာကွယ်ဆေးထိုးပြီးသူ ၅ သိန်းကျော်ရှိပြီလို့ စစ်ကောင်စီကျန်းမာရေးပြော

မွန်မှာ ကိုဗစ်ကာကွယ်ဆေးထိုးပြီးသူ ၅ သိန်းကျော်ရှိပြီလို့ စစ်ကောင်စီကျန်းမာရေးပြော

မွန်ပြည်နယ်မှာ ကိုဗစ်ကာကွယ်ဆေးထိုးထားတဲ့သူ ၅ သိန်းကျော်ထိ ရှိလာပြီလို့ စစ်ကောင်စီလက်အောက်ခံ ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ပြောပါတယ်။

ကိုဗစ်ကာကွယ်ဆေးထိုးပေးမှု အခြေအနေအရ ကာကွယ်ဆေး ၂ ကြိမ်ထိုးပြီးသူ ၁ သိန်းကျော်၊ ကာကွယ်ဆေး တစ်ကြိမ်ထိုးပြီးသူ ၄ သိန်းကျော်ရှိတယ်လို့ ဆိုပါတယ်။

ကိုဗစ်ကာကွယ်ဆေးထိုးပေးရာမှာ အုပ်စု ၂၃ အုပ်စုခွဲထားပြီး ပထမဦးစားပေးအနေနဲ့ သက်ကြီးရွယ်အိုတွေနဲ့ ပုဂ္ဂလိကဝန်ထမ်းတွေကို ထိုးနှံပေးခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် အောက်တိုဘာ ၈ ရက်နေ့ကစပြီး အသက် ၁၈ နှစ်နဲ့အထက် ပြည်သူတွေအနေနဲ့ ဆေးထိုးပေးနေတဲ့ သတ်မှတ်နေရာတွေမှာ ကာကွယ်ဆေးလာရောက် ထိုးနှံနိုင်တယ်လို့ စစ်ကောင်စီ ကျန်းမာရေးဘက်က ပြောပါတယ်။

မွန်ပြည်နယ်မှာတော့ ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးရမယ့် လူဦးရေ ၁၇ သိန်းကျော် ရှိနေတာဖြစ်ပြီး၊ အဲဒီထဲက ၅၀ ရာခိုင်နှုန်းကို အခုနှစ်မကုန်မီ အပြီးထိုးနှံပေးသွားမယ်လို့ စစ်ကောင်စီ ပြည်နယ်ကျန်းမာရေးဦးစီးဌာနက ဆိုထားပါတယ်။

 
 

 

 

May 9, 2026
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ စစ်အစိုးရဲ့ မွန်ပြည်နယ် အစိုးရအဖွဲ့က တရားဝင်သဖွယ် ခွင့်ပြုထားတဲ့...
May 8, 2026
တနင်္သာရီတိုင်း ထားဝယ်မြို့နယ် ထီးခီးဒေသတဝိုက်အခြေပြုတဲ့ လှုပ်ရှားနေတဲ့ KTLA တပ်ဖွဲ့ဝင် ၃၀...
May 7, 2026
မွန်ပြည်နယ်မှာ စစ်တပ်အာဏာသိမ်းပြီးနောက် ခန့်အပ်ထားတဲ့ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို...
May 6, 2026
မွန်ဒေသအတွင်းရှိ ပြည်သူလူထုတွေအနေနဲ့ ဒေသလိုအပ်ချက်တွေအပါအဝင် ရင်ဆိုင်နေရတဲ့ အခက်အခဲ ပြဿနာတွေကို...