ရေးမြို့နယ်က NLD ပါတီထောက်ခံသူနေအိမ် ချိတ်ပိတ်ခံရ

ရေးမြို့နယ်က NLD ပါတီထောက်ခံသူနေအိမ် ချိတ်ပိတ်ခံရ

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အစင်ကျေးရွာက NLD ပါတီထောက်ခံသူတစ်ဦး နေအိမ်ဟာ ဒီကနေ့ အောက်တိုဘာ ၁၂ ရက်နေ့မှာ ချိတ်ပိတ်ခံခဲ့ရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

NLD ပါတီရဲ့ အမာခံထောက်ခံဝန်းရံသူတစ်ဦးအဖြစ် လူသိများတဲ့ အစင်စံပြကျေးရွာနေ ဦးစိုးမိုးအောင်နေအိမ်ကို စစ်ကောင်စီတပ်တွေက လာရောက်ရှာဖွေပြီးနောက် တူနှစ်ယောက်ကို ဖမ်းဆီးပြီး နေအိမ်ကို ချိတ်ပိတ်သွားခဲ့တာ ဖြစ်ပါတယ်။

"မနေ့ညနေပိုင်းက ကိုစိုးမိုးကိုလာဖမ်းတာ၊ သူက Nld ပါတီရဲ့အမာခံဝန်းရံသူပါ။ သူက အေးဆေးသမားပဲ၊  ဟိုကောင် သတင်းပေးဒလံတွေကြောင့် သူ့ကို လာဖမ်းတယ်ပြောတယ်။သူက အိမ်မှာမရှိဘူး၊ ပင်လယ်ထဲကို ငါးဖမ်းလှေတက်သွားတာကြာပြီး၊ သူ့ကိုမတွေ့လို့ဆိုပြီး သူ့ရဲ့အိမ်မှာရှိတဲ့ တူနှစ်ဦးကို ဖမ်းသွားတယ်" လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

နေအိမ်ကို ချိတ်ပိတ်ပြီး လူငယ် ၂ ဦးကို အကြောင်းပြချက်မရှိဘဲ ဖမ်းဆီးခေါ်ဆောင်သွားခဲ့တဲ့အတွက်ကြောင့် စစ်ကောင်စီအဖွဲ့တွေရဲ့ မတရားညှင်းပန်းနှိပ်စက်ခံရမှာကို မိသားစုဝင်တွေက စိုးရိမ်နေကြတယ်လို့ ဆိုပါတယ်။

ရေးမြို့ အစင်စံပြကျေးရွာမှာ အောက်တိုဘာအစောပိုင်းမှစတင်ပြီး စစ်အုပ်စုထောက်ခံသူဒလံတွေရဲ့ သတင်းပေးတာကြောင့် ဒေသခံပြည်သူ‌တွေ မကြာခဏမတရားဖမ်းဆီးခံနေရပြီး ယနေ့အထိ ပြည်သူ ၂၅ ဦးနီးပါးကို စစ်ကောင်စီက ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေထံမှ သိရသည်။

 
 

 

 

August 3, 2026
စစ်အုပ်စု အနေဖြင့် နိုင်ငံတော်သစ်တည်ဆောက်ရေးကို အရှိန်ရအောင် နှစ်နှစ် အချိန်ယူမည်ဖြစ်ပြီး...
July 31, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင် ဦးဆောင်သည့် စစ်တပ်အသွင်းပြောင်း အစိုးရ၏ ရက် ၁၀၀ စီမံချက်...
July 30, 2026
ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) သည် အာရက္ခတပ်တော် (AA) အပါအဝင်...
July 25, 2026
ကရင်ပြည်၊ ဖာပွန်ခရိုင်တွင် အင်အားထောင်ချီဖြင့် စစ်ကြောင်းထိုးနေသည့် စစ်တပ်စစ်ကြောင်းမှာ အထိနာကာ...