မွန်ပြည်နယ် ရဲတပ်ဖွဲ့အကူရုံး ဗုံးပေါက်

မွန်ပြည်နယ် ရဲတပ်ဖွဲ့အကူရုံး ဗုံးပေါက်

မော်လမြိုင်မြို့၊ မြိုင်သာယာရပ်ကွက် (ဟင်္သာအဝိုင်းအနီး) ရှိ ပြည်နယ်ရဲတပ်ဖွဲ့အကူတပ်ခွဲရုဲးမှာ အောက်တိုဘာလ ၁၁ ရက် ညနေ ၆ နာရီအချိန်ခန့်ကဗုံးပေါက်ကွဲမှု ဖြစ်ပေါ်ခဲ့ပါတယ်။

အဲဒီဗုံးပေါက်ကွဲမှုကို မွန်ပြည်နယ် နွေဦးတော်လှန်ရေးတပ်ဦး (MPDF-V) က PDO-MLM နဲ့ ပူးပေါင်းလုပ်ဆောင်တာဖြစ်တယ်လို့ ထုတ်ပြန်ပါတယ်။

ဗုံးဖောက်ခွဲမှုဟာ ရဲဝန်ထမ်းတွေ CDM လုပ်ဆောင်ဖို့  ပြည်သူ့ဘက်က ရပ်တည်လိုသူ‌တွေကို ဖိတ်ခေါ်ခြင်းဖြစ်ပြီး၊ စစ်ကောင်စီအလိုကျ ကြိုးဆွဲရာကနေတဲ့ အာဏာရှင်တစ်စုအား အချိန်မရွေးအသက်အန္တရာယ်ထိခိုက်နိုင်ကြောင်း သတိပေးခြင်းဖြစ်တယ်လို့ သတိပေးထားပါတယ်။

“ညနေ (၆) နာရီဝန်းကျင်လောက်မှာ ပြည်နယ်ရဲအကူတပ်ခွဲဘက်ကနေ ပေါက်ကွဲသံကြားရတယ်။ ထိခိုက်ပျက်ဆီးတွေတော့မသိရဘူး” လို့ မြိုင်သာယာရပ်ကွက်နေ ပြည်သူတစ်ဦးက ပြောပါတယ်။

ပေါက်ကွဲမှုဖြစ်ပွားပြီးတဲ့နောက်မှာတော့ စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင်များရောက်ရှိလာပြီး ရှာဖွေစစ်ဆေးခြင်းတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

Most read this week

December 23, 2025
လူထုရဲ့ အခက်အခဲအကျပ်အတည်းတွေကို လွှတ်တော်ထဲ တင်ပြပေးမယ့် ကိုယ်စားလှယ်တွေဟာ...
Photo credit - social media
December 22, 2025
ရွှေ့ပြောင်းမြန်မာပြည်သူတွေဟာ အနာဂတ်အခြေအနေဆိုင်ရာ စိုးရိမ်မှုနဲ့ မျှော်လင့်မှုတွေမှာ...
Photo credit - CJ
December 20, 2025
မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကော်မရှင် ပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲ နီးလာတာနဲ့အမျှ ဒေသတွင်းမှာ...
December 19, 2025
မွန်ပြည်နယ်တောင်ပိုင်းက စစ်ရေးလှုပ်ရှားမှု အများဆုံးဒေသဖြစ်တဲ့ ရေးမြို့နယ်မှာ စစ်ကော်မရှင်က...