တနင်္သာရီတိုင်း စော်ဖျားကျေးရွာအနီး တောတောင်တွေမှာ PDF တွေကို စစ်တပ် တောနင်းရှာဖွေနေ

တနင်္သာရီတိုင်း စော်ဖျားကျေးရွာအနီး တောတောင်တွေမှာ PDF တွေကို စစ်တပ် တောနင်းရှာဖွေနေ

တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်၊ စော်ဖျားကျေးရွာအနီးရှိ တောတောင်တွေမှာအောက်တိုဘာလ ၁၁ ရက်နေ့က စစ်ကောင်စီတပ်အင်အား ၁၀၀ ကျော်က PDF တွေကို တောနင်းရှာဖွေနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မနက်ပိုင်းမှာ စစ်ကောင်စီအင်အား ၁၀၀ ကျော်ခန့်ဟာ စော်ဖျာကျေးရွာ ဌက်ပျောတောတောင်ဘက်ကို ဦးတည်ပြီး တောနင်းရှာဖွေနေတယ်လို့ သိရပါတယ်။

အောက်တိုဘာလ ၁၀ ရက်နေ့မှာလည်း စော်ဖျားကျေးရွာမှာ တောတောင်ထဲပုန်းရှောင်နေတဲ့ ဒေသခံတွေကို လိုက်လံရှာဖွေနေတဲ့ စစ်ကောင်စီအဖွဲ့ဘက်မှ တပ်ဖွဲ့ဝင် ၂ ဦး ထွက်ပြေးသွားတယ်လို့ သတင်းများထွက်ပေါ်ခဲ့ပါတယ်။

"မနေ့က စစ်သား ၂ ယောက်ထွက်ပြေးတယ်ဆိုပြီး သတင်းတွေ ထွက်လာတယ်။ ပြီးတော့ ညနေပိုင်းမှာ သူတို့ဘက်က အင်အားတွေ ထပ်ရောက်လာပြီး ရှာနေကြတယ်။ ဒီမနက်ပိုင်းမှလည်း ထပ်ရှာနေတယ်လို့ သိရတယ်။ အမှန်က သူတို့စစ်သားတွေကို ရှာတာထက် PDF တွေကို ရှာဖို့လာတာ ဖြစ်နိုင်တယ်" လို့ ဒေသခံတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အဆိုပါ သတင်းတွေ ထွက်ပေါ်ပြီးနောက်  စစ်ကောင်စီတပ်ဘက်မှ စော်ဖျားကျေးရွာဘက်ကို အင်အား ပြန်ဖြည့်ကာ အင်အားအများအပြားဖြင့် ထွက်ပြေးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးကို လိုက်လံ ရှာဖွေနေသလို PDF များကို လိုက်လံရှာဖွေနေတာဖြစ်ပါတယ်။

ယနေ့ မနက်ပိုင်းမှာလည်း ထားဝယ်ဘက်မှ စစ်ကား ၁၂ စီးဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ လိုက်ပါကာ စော်ဖျားကျေးရွာဘက်ကို ထပ်မံဆင်းသွားတယ်လို့ သိရပါတယ်။

အဲ့ဒီဒေသမှာတော့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေနဲ့ စစ်ကောင်စီတပ်ဖို့ တိုက်ပွဲဖြစ်ပွားနေပြီး ဒေသခံ ထောင်နဲ့ချီ စစ်ဘေးရှောင် ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

 
 

 

 

August 3, 2026
စစ်အုပ်စု အနေဖြင့် နိုင်ငံတော်သစ်တည်ဆောက်ရေးကို အရှိန်ရအောင် နှစ်နှစ် အချိန်ယူမည်ဖြစ်ပြီး...
July 31, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင် ဦးဆောင်သည့် စစ်တပ်အသွင်းပြောင်း အစိုးရ၏ ရက် ၁၀၀ စီမံချက်...
July 30, 2026
ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) သည် အာရက္ခတပ်တော် (AA) အပါအဝင်...
July 25, 2026
ကရင်ပြည်၊ ဖာပွန်ခရိုင်တွင် အင်အားထောင်ချီဖြင့် စစ်ကြောင်းထိုးနေသည့် စစ်တပ်စစ်ကြောင်းမှာ အထိနာကာ...