အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့မှ ခွင့်ပြုချက်ရပါက ရခိုင်က အကြမ်းဖက်မှုဖြင့်တရားစွဲဆိုခံထားရသူ ၃၆ ဦးကို ထပ်မံလွှတ်ပေးသွားမည်

အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့မှ ခွင့်ပြုချက်ရပါက ရခိုင်က အကြမ်းဖက်မှုဖြင့်တရားစွဲဆိုခံထားရသူ ၃၆ ဦးကို ထပ်မံလွှတ်ပေးသွားမည်

အကြမ်းဖက်တိုက်ဖျက်ရေးဗဟိုအဖွဲ့မှ ခွင့်ပြုချက်ညွှန်ကြားစာရောက်ရှိပါက ရခိုင်ပြည်အတွင်းက အကြမ်းဖက်မှုပုဒ်မဖြင့် တရားစွဲခံထားရသူ ၃၆ ဦးထပ်မံလွှတ်ပေးသွားမည်ဖြစ်ကြောင်း ပြည်နယ်စစ်ကောင်စီက ပြောသည်။

ယခုလွှတ်ပေးမည့် ၃၆ ဦး၏စာရင်းမှာ ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းက ပြည်နယ်စစ်ကောင်စီထံသို့ ရောက်ရှိနေပြီဖြစ်ပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့မှ ညွှန့်ကြားစာမရရှိသေးသည့်အတွက် မလွှတ်ပေးရသေးကြောင်း ပြည်နယ်စစ်ကောင်စီအဖွဲ့မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဦးလှသိန်းက ပြောသည်။

“လောလောဆယ်တော့ အကြမ်းဖက်ဗဟိုက ပြန်ကြားစာမရောက်သေးလို့ မလွှတ်ရသေးဘူး။အဲဒီစာရောက်တာနဲ့ နောက်တစ်နေ့ဆိုရင် ရုပ်သိမ်းပေးရပါတယ်” ဟု ဦးလှသိန်းက ယနေ့ အောက်တိုဘာလ ၈ ရက်နေ့တွင် စစ်တွေမြို့၌ သတင်းထောက်များနှင့်တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

ရခိုင်ပြည်တွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲဖြစ်ပွားခဲ့သည့် (၂) နှစ်တာကာလအတွင်းမှာ AA နှင့် ဆက်စပ်သည်ဆိုသည့် သံသယဖြင့် ဖမ်းဆီးခံရပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥ ပဒေပုဒ်မများနှင့် တရားစွဲခံရသူ ၂၀၀ ကျော်အထိရှိခဲ့ကြောင်း ဖမ်းဆီးခံရသူများစာရင်းများကို ကောက်ယူနေသည့်အဖွဲ့အစည်းများ၏ စာရင်းအရ သိရသည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် မတ်လ ၁၁ ရက်နေ့တွင် ရက္ခိုင့်တပ်တော် ULA/AA ကို အကြမ်းဖက်အဖွဲ့အဖြစ် ကြေငြာထားခြင်းကို ပြန်လည်ရုပ်သိမ်းလိုက်ပြီဖြစ်ကြောင်း စစ်ကောင်စီမှ ထုတ်ပြန်ခဲ့သည်။

ယင်းနောက်ပိုင်းမှစ၍ ရခိုင်ပြည်အတွင်းက အကြမ်းဖက်မှုဥပဒေဖြင့် တရားစွဲခံထားရသူများ၏အမှုအချို့ကို စစ်ကောင်စီမှ ပြန်လည်ရုပ်သိမ်းပေးမှုများရှိလာခဲ့သည်။

ရခိုင်ပြည်အတွင်း အကြမ်းဖက်မှုဖြင့် တရားစွဲဆိုခံထားရသည့် အမှုများထဲမှ အမှုပေါင်း ၂၃ မှုနှင့် လူဦးရေ ၄၄ ဦးကို လက်ရှိတွင် ရုပ်သိမ်းပေးခဲ့ပြီဖြစ်ကြောင်း ပြည်နယ်စစ်ကောင်စီ၏ စာရင်းများအရ သိရသည်။

သို့သော် ရခိုင်ပြည်အတွင်းက အကြမ်းဖက်မှုဖြင့် တရားစွဲဆိုခံထားရသည် ဒေသခံပြည်သူအများအပြား ကျန်ရှိနေသေးသည်။

မြောက်ဦးမြို့နယ်၊ လက္ကာကျေးရွာသား ၂၀ ကျော်မှာလည်း တရားရင်ဆိုင်နေကြရသည်မှာ လက်ရှိတွင် (၃) နှစ်နီးပါး ကြာမြင့်လာခဲ့ပြီဖြစ်သော်လည်း ဆက်လက်တရားရင်ဆိုင်နေကြရဆဲဖြစ်သည်။

လက္ကာကျေးရွာသားများနှင့်ပတ်သက်၍ မြန်မြန်ဆန်ဆန်နှင့်ပြီးမြောက်စစ်ဆေးဆောင်ရွက်မှုအတွက်လည်း ဖမ်းဆီးခံရသူများ၏မိသားစုဝင်များက တောင်းဆိုထားကြသည်။

“အမှုတွေကို အမြန်ဆုံးစစ်ဆေးပြီး လွတ်ပေးစေချင်ပါတယ်။ အထက်လူကြီးတွေကိုလည်း တောင်းဆိုပါတယ်။ ကျွန်မတို့မှာ လင်ယောင်္ကျားမရှိတဲ့အတွက် မိသားစုစားဝတ်နေရေးကအစ အကုန်လုံးအခက်အခဲမျိုးစုံနဲ့ရုန်းကန်နေကြရတယ်” ဟု ဖမ်းဆီးခံထားရသည် ဦးစံမောင်၏ဇနီးဒေါ်စိုးမိုးက ပြောသည်။

ရခိုင်ပြည်အတွင်း AA နှင့်ဆက်စပ်သည့်ဆိုသည့် သံသယဖြင့် ဖမ်းဆီးတရားစွဲဆိုခံထားရသူများထဲမှ မလွတ်မြောက်သေးသူ လက်ရှိတွင် ၁၆၀ ကျော်အထိကျန်ရှိနေသေးကြောင်း ဖမ်းဆီးခံရသူများစာရင်းများကို ကောက်ယူနေသည့်အဖွဲ့အစည်းများ၏စာရင်းအရ သိရသည်။

APM (ဩဂုတ်လ ၁၅ ရက်က ဘူးသီးတောင်မြို့နယ်၊ ဂေါင်နီကျေးရွာရှိ သောက်ရေကန်ကို ရခိုင်၊ ဟိန္ဒူ၊ မွတ်ဆလင်များနှင့် ULA/AA တို့ သန့်ရှင်းရေး ပူးပေါင်းပြုလုပ်စဉ်။)
August 21, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ ရခိုင်ပြည်အတွင်း ဘူးသီးတောင်နှင့် မောင်တောမြို့နယ်တို့တွင် လူမှုသဟဇာတ...
(ဓာတ်ပုံ - Crd)  (ပုံစာ - သရုပ်ပြ ဓာတ်ပုံ။)
August 20, 2026
ရခိုင်ပြည်၊ မြောက်ဦးမြို့နယ်၊ ပေါက်ပင်ကွင်းကျေးရွာတွင် ၉ လအရွယ် ကိုယ်ဝန်ဆောင်အမျိုးသမီး တစ်ဦးအား...
ဓာတ်ပုံ - (မောင်တော၊ ကြိမ်ချောင်းရွာ ကမ်းပါးပြိုကျမှုကြောင့် ပျက်စီးနေသည့် မြင်ကွင်း / ပေးပို့)
August 19, 2026
ရခိုင်ပြည်၊ မောင်တောမြို့နယ်၊ ကြိမ်ချောင်းကျေးရွာတွင် မိုးအဆက်မပြတ် ရွာသွန်းမှုနှင့်အတူ...
ဓာတ်ပုံ - (DMG / ပန်းမြောင်းကြီးချောင်းဒေသရှိ ဒေသခံအချို့အား ဇူလိုင်လအတွင်း တွေ့ရစဉ်။)
August 19, 2026
ရခိုင်ပြည်၊ အဉ္ဇနပူရ (မင်းပြား) မြို့နယ်၊ ပန်းမြောင်းကြီးချောင်းဒေသရှိ ကျေးရွာအများအပြားတွင်...