သျှမ်းပြည်ကျေးရွာဘက် ကိုဗစ်-၁၉ ပိုးတွေ့လူနာ ဆက်မြင့်နေဆဲ

သျှမ်းပြည်ကျေးရွာဘက် ကိုဗစ်-၁၉ ပိုးတွေ့လူနာ ဆက်မြင့်နေဆဲ

သျှမ်းပြည်အတွင်းတွင် မြို့ပြဒေသတွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာ ကျဆင်းလာသော်လည်း ကျေးရွာဖက်တွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာများ မြင့်တက်လာနေလျက်ရှိကြောင်း စုံစမ်းသိရှိရသည်။

သျှမ်းပြည်မြောက်ပိုင်း လာရှိုးမြို့၊ သီန္ဒီမြို့တို့တွင် မြို့ပေါ်က ကိုဗစ်-၁၉ ကူးစက်မှု အနည်းငယ်လျော့ကျလာပြီး ကျေးလက်ဒေသဘက်တွင် ဆက်လက်မြင့်တက်နေလျက်ရှိကြောင်း သိရသည်။

“မြို့ပေါ်တော့ ကူးစက်မှုက နည်းနည်းကျလာပြီ။ ဒါပေမယ့် ကျေးရွာဘက်ကတော့ ကူးစက်တာတွေရှိနေတယ်။ ခုလောလောဆယ်က ကျေးရွာဘက်က ကူးစက်မှုမြင့်တက်နေသေးတယ်။ မြို့ပေါ်ကတော့ သေဆုံးမှုတွေလည်း မြင့်တက်လာတာရှိတယ်” ဟု လာရှိုးမြို့ ဒေသခံတဦးကပြောသည်။

အလားတူ သျှမ်းပြည်မြောက်ပိုင်း သီန္ဒီမြို့တွင်လည်း ကျေးရွာဖက်တွင် မြင့်တက်လာပြီး မြို့ပြတွင် ကူးစက်မှုအနည်းငယ် ကျဆင်းလာကြောင်းသိရသည်။

“အခုက ကျေးရွာဖက်မှာ ပိုတွေ့တာတော့ရှိတယ်။ မြို့မှာလည်း အရမ်းကြီးကျသွားတယ်ဆိုတာတော့ မဟုတ်ဘူး။ ရှိတော့ရှိနေသေးတယ်။ အကုန်ကြီးပျောက်သွားတာတော့ မဟုတ်ဘူး။ သီန္ဒီမှာ အခု ကိုဗစ်လူနာ ဆေးရုံမှာ ၂၈ ယောက်လောက်ရှိနေသေးတယ်။” ဟု သီန္ဒီမြို့ ပရဟိတ အဖွဲ့က ပြောသည်။

ထိုအပြင် နောင်ချိုမြို့တွင်လည်း ကိုဗစ်-၁၉ ဆက်လက်မြင့်တက်နေပြီး lockdown ဆက်လက်ချထားရကြောင်းသိရသည်။

“အခုက မြို့မှာ သိပ်တော့မတိုးတော့ဘူး။ အရင်က တစ်ရက်ကို ၅၀ ဆို အခုက ၂၀ လောက်ဘဲတွေ့တော့တယ်။ ကျေးရွာဖက်ကဘဲ အများဆုံးတွေ့နေတာ။ မြို့ပေါ်က ကျလာတယ်ဆိုပေ့မဲ့ အများကြီးမဟုတ်သေးဘူး။ စိုးရိမ်နေရသေးတယ်။” ဟု နောင်ချိုမြို့နယ် ပရဟိတအဖွဲ့ဝင်ကပြောသည်။

အလားတူ သျှမ်းပြည်တောင်ပိုင်းတွင်လည်း ပင်လောင်းမြို့နယ်၊ ဟိုပုံးမြို့နယ်၊ လွိုင်လင်မြို့နယ် စသည့်ဒေသများသည် ဟိုပုံးကိုရင်လေး ဈာပနာသွားပြီးနောက်ပိုင်း ကိုဗစ်-၁၉ ပိုးတွေ့လူနာ များလာကြောင်း သိရသည်။

“ကျမတို့ဒေသမှာက ခုတလော အရမ်းမြင့်တက်လာတယ်။ ကျေးရွာဖက်ကော မြို့မှာကော အများမြင့်တက်လာတယ်။ ကိုရင်လေးဈာပနာကို သွားပြီးနောက်ပိုင်းမှာ များလာတာများတယ်။” ဟု ပင်လောင်းမြို့ ဒေသခံတဦးက ပြောသည်။

အလားတူ ဟိုပုံးမြို့နယ်နှင့် လွိုင်လင်မြို့နယ်ရှိ ဒေသတချို့များသည်လည်း ကျေးလက်ဒေသနှင့် မြို့ပြများတွင် ပိုးတွေ့လူနာ ပြန်မြင့်တက်လာလျက်ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် တရုတ်နိုင်ငံထုတ် ကိုဗစ်-၁၉ ကာကွယ်ဆေး ဆီနိုဖမ်းကို ထိုးပြီးသော်လည်း ကိုဗစ်-၁၉ ကူးစက်သူ များနေလျက်ရှိကြောင်း သိရသည်။

May 13, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည်တဝှမ်းရှိ အသက်မပြည့်သေးသည့် လူငယ်များအကြား ဘိန်းစာရွက်ရည်...
May 12, 2026
စိုင်းဟန်လင်း — ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာရေးနှစ်မှစတင်၍ စပါးနှင့် အခြားသီးနှံများအတွက်...
May 9, 2026
စစ်အစိုးရ ၏ ရက် ၁၀၀ စီမံချက်ကြောင့် သျှမ်းပြည်အတွင်းသို့ တင်သွင်းကုန်များ ရပ်တန့်နေပြီး...
May 8, 2026
သျှမ်းပြည်တောင်ပိုင်း ၊ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းကြေးကို ယခင်ကထက်...