မိုင်းကိုင်မြို့နယ်အတွင်း စစ်ရှောင် (၅၀၀၀) ကျော်ထိရှိလာ

မိုင်းကိုင်မြို့နယ်အတွင်း စစ်ရှောင် (၅၀၀၀) ကျော်ထိရှိလာ

သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ်အတွင်း စစ်ရှောင်များ (၅၀၀၀) ကျော်ရှိပြီး ကိုဗစ်-၁၉ ကာကွယ်ရေးသုံးပစ္စည်းနှင့် အသိပညာပေးများ အရေးပေါ်လိုအပ်နေကြောင်း စုံစမ်းသိရှိရသည်။

ထိုစစ်ရှောင်များသည် မိုင်းကိုင်မြို့နယ် ပန်ကေတုကျေးရွာအုပ်စုမှာ (၃၆၀၀) ကျော်ရှိပြီး၊ ဟမ်းငိုင်းကျေးရွာအုပ်စုမှာ (၁၂၀၀) ကျော်ရှိပြီး၊ ဝိန်းငင်းဘုန်းကြီးကျောင်း (၁၀၀) ကျော်၊ လမ်ဘေးတစ်ချို့မှာ တဲဖြင့် လာဆောက်ထားသည့် ဒေသခံ (၁၅၀) ကျော်နှင့် မိုင်းကိုင်မြို့တွင်းရှိ ဆွေမျိုး အသိမိတ်ဆွေအိမ်များဖြင့် သွားရောက်ခိုလှုံထားသည့်သူများလည်းရှိကြောင်း စုံစမ်းသိရှိရသည်။

“ခု စစ်ရှောင်တွေလာနေတဲ့ ပန်ကေတုကျေးရွာမှာ ကိုဗစ်-၁၉ အတည်ပြုလူနာ တစ်ဦးရှိသွားပြီ။ အဲ့ကြောင့် အရမ်းစိုးရိမ်ရတယ်။ ကိုဗစ်-၁၉ အသိပညာပေးလည်း အရမ်းလိုအပ်နေတယ်။ ပြီးတော့ ကာကွယ်ရေးသုံးပစည်းတွေလည်း လိုအပ်နေတယ်” ဟု စစ်ရှောင်ကူညီပေးနေသည့် ကော်မတီဝင်တစ်ဦးက ပြောသည်။

အောက်တိုဘာ (၄) ရက်နေ့က ပန်ကေတုကျေးရွာမှာ အမျိုးသမီးတစ်ဦး ကိုဗစ်-၁၉ အတည်ပြုလူနာတစ်ဦး တွေ့ရှိခဲ့ကြောင်း တာဝန်ရှိသူထံမှ သိရှိရသည်။

“သူက ဟိုခဲကျေးရွာက ဒေသခံဖြစ်တယ်။ သူနဲ့ထိတွေတဲ့သူတွေ စစ်ဆေးကြည့်တော့ ပိုးမတွေ့ရဘူး။ ခု မိုင်းကိုင် ပြည်သူ့ဆေးရုံမှာ ဆေးကုသမှု ခံယူနေတယ်” ဟု ပန်ကေတုစစ်ရှောင်စခန်း ကော်မတီတစ်ဦးက ပြောသည်။

လက်ရှိ မိုင်းကိုင်မြို့နယ်တွင်းရှိ စစ်ရှောင်စခန်းများသည် မီးဖိုချောင်သုံး အခြေခံစားနပ်ရိကာများလည်း လိုအပ်နေကြောင်း သိရှိရသည်။

စက်တင်ဘာ (၁၄) ရက်နေ့က စတင်ပြီး သျှမ်းတပ် (၂) တပ် တိုက်ပွဲကြောင့် မိုင်းကိုင်မြို့နယ်တွင်းရှိ ဒေသခံပြည်သူများ နေ့စဉ်နှင့်အမျှ စစ်ဘေးတိမ်းရှောင်နေရသည်။

တိုက်ပွဲကြောင့် ကုန်းပေါင်းကျေးရွာရှိ ဒေသခံ (၄) ဦး လက်နက်ကြီးထိမှန်ပြီး တစ်ဦးသေဆုံးသွားခဲ့သည်။

 
 

 

 

May 13, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည်တဝှမ်းရှိ အသက်မပြည့်သေးသည့် လူငယ်များအကြား ဘိန်းစာရွက်ရည်...
May 12, 2026
စိုင်းဟန်လင်း — ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာရေးနှစ်မှစတင်၍ စပါးနှင့် အခြားသီးနှံများအတွက်...
May 9, 2026
စစ်အစိုးရ ၏ ရက် ၁၀၀ စီမံချက်ကြောင့် သျှမ်းပြည်အတွင်းသို့ တင်သွင်းကုန်များ ရပ်တန့်နေပြီး...
May 8, 2026
သျှမ်းပြည်တောင်ပိုင်း ၊ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းကြေးကို ယခင်ကထက်...