ရခိုင်နယ်စပ်ကုန်သွယ်ရေးကို ပြန်ဖွင့်နိုင်ပြီဖြစ်သော်လည်း နစကကောင်စီက အကြောင်းမပြန်သေး

ရခိုင်နယ်စပ်ကုန်သွယ်ရေးကို ပြန်ဖွင့်နိုင်ပြီဖြစ်သော်လည်း နစကကောင်စီက အကြောင်းမပြန်သေး

ရခိုင်နယ်စပ်ကုန်သွယ်ရေးကို လက်ရှိတွင် ပြန်ဖွင့်နိုင်ပြီဖြစ်သော်လည်း နစကကောင်စီက တစ်စုံတစ်ရာ အကြောင်းမပြန်သေးဟု ပြည်နယ်ကောင်စီပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက ထုတ်ဖော်ပြောကြားလိုက်သည်။

ယနေ့ အောက်တိုဘာ ၈ ရက် ညနေ ၃ နာရီခွဲခန့်က ရခိုင်ပြည်နယ်ဥပဒေချုပ်ရုံး အစည်းအဝေးခန်းမတွင် စစ်တွေရှိ သတင်းထောက်များနှင့်တွေ့ဆုံစဉ် ယခုကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်သည်။

“ကျနော်တို့ နယ်စပ်ကုန်သွယ်ရေးစခန်းတွေကို ပြန်ဖွင့်ဖို့လုပ်နေပါပြီ။ နိုင်ငံတော်အစိုးရကိုလည်း စက်တင်ဘာလဒုတိယအပတ်က တင်ပြထားပါတယ်။ ဒါပေမဲ့ ခုထိအကြောင်းမပြန်သေးပါဘူး” ဟု ပြောသည်။

ယခုအခါ ရခိုင်တွင် ကိုဗစ်ဖြစ်ပွားမှုနှုန်း ၅ ရာခိုင်နှုန်းအောက်ကျဆင်းလာနေပြီ၍ ပြန်ဖွင့်နိုင်သည့်အနေအထားသို့ရောက်နေပြီဟု ဆိုသည်။

ခွင့်ပြုချက်ရသည်နှင့် ကုန်သည်များကို ဆက်သွယ်ပြောကြားကာ ချက်ချင်းပြန်ဖွင့်သွားမည်ဟုလည်း ဦးလှသိန်းက ဆိုသည်။

ရခိုင်နယ်စပ်ကုန်သွယ်ရေးကို ကိုဗစ်ရောဂါဖြစ်ပွားမှုမြင့်တက်ခဲ့မှုကြောင့် ပြီးခဲ့သည့် ဇူလိုင်လ ၁၅ ရက်မှစတင်ကာ ပိတ်ထားခဲ့ရခြင်းဖြစ်သည်။

ရခိုင်တွင် တစ်ဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ကုန်သွယ်ရေးပြုလုပ်နေသော စခန်းများမှာ စစ်တွေမြို့ရှိ ရွှေမင်းဂံကုန်သွယ်ထားရေးစခန်း၊ ကညင်ချောင်းစီးပွားရေးဇုန်နှင့် မောင်တောနယ်စပ် ကုန်သွယ်ရေးစခန်းတို့ဖြစ်ကြောင်း သိရသည်။

 
 

 

 

August 1, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ရွှေလှေကျေးရွာကို စစ်တပ်က လေကြောင်းမှ...
July 31, 2026
အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင် တစ်ဦးတစ်ယောက်မျှ စစ်တပ်ထံ လက်နက်ချအလင်းဝင်သည့် ဖြစ်စဉ်မျိုး...
July 30, 2026
ရခိုင်-မကွေးရိုးပေါ်မှ တစ်ဆင့် နတ်ရေကန်စစ်မျက်နှာသို့ အင်အားဖြည့်တင်းရန် ရောက်ရှိလာခဲ့သော စစ်ကား...
July 27, 2026
ရခိုင်ပြည်၊ အမ်းမြို့နယ်နှင့် မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်အကြား ရိုးတောင်ကျော်လမ်းပေါ်တွင်...