မူဆယ် ကုန်သွယ်ရေးဇုန်အတွင်းတွင် ဗုံးနှစ်ကြိမ် ပေါက်ကွဲ

မူဆယ် ကုန်သွယ်ရေးဇုန်အတွင်းတွင် ဗုံးနှစ်ကြိမ် ပေါက်ကွဲ

သျှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင် ကုန်သွယ်ရေးဇုန်အတွင်းတွင် ယနေ့ (အောက်တိုဘာ ၇) ရက် မနက်ပိုင်းအချိန်အတွင်းတွင် ဗုံးပေါက်ကွဲမှု နှစ်ကြိမ်ဖြစ်ပွားခဲ့ကြောင့် သတင်းသိရသည်။



ယနေ့ အောက်တိုဘာလ ၇ ရက် မနက်ပိုင်း ၇ နာရီ ဝန်းကျင်တွင် မူဆယ်မြို့အဝင် နယ်စပ်ကုန်သွယ်ရေးမှ ဝန်ထမ်းရိပ်သာအနီးတွင် ဗုံးပေါက်ကွဲမှု တစ်ကြိမ်ဖြစ်ပွားခဲ့ပြီး၊ မနက် ၁၀ နာရီဝန်းကျင်တွင်လည်း ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်မှ လားရှိုးအဝင်စစ်ဆေးရေးဂိတ် ဒေသအခေါ် လားရှိုးမောင်းတံအနီးတွင်လည်း ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများက ပြောသည်။



“ဒီနေ့ အစောပိုင်း ၇ နာရီဝန်းကျင်မှာ ကုန်သွယ်ရေး ဝန်ထမ်းရိပ်သာနားမှာ ဗုံးတစ်ခါကွဲတယ်၊ နောက်တော့ ၁၀၅ မိုင်အနီးက မူဆယ်ကနေ လားရှိုးအဝင် မောင်းတံနားမှာ ဗုံးနှစ်လုံးထပ်ပေါက်တယ်၊ ဒီနေ့ တစ်နေ့တည်းကို ဗုံးပေါက်ကွဲမှု နှစ်ကြိမ်ဖြစ်သွားတယ်” ဟု အမည်မဖော်လိုသည့် ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။



ယင်းကဲ့သို့ ဗုံးများပေါက်ကွဲမှု ဖြစ်ပွားခဲ့သော်လည်း လူထိခိုက်မှုများမရှိသော်လည်း ပစ္စည်းများ ထိခိုက်မှုရှိ/မရှိကိုတော့ မသိရသေးကြောင်းလည်း အထက်ပါပုဂ္ဂိုလ်က ပြောသည်။



“ဘယ်သူ့ကြောင့် ဗုံးပေါက်ကွဲတယ်ဆိုတာတော့ မသိရသေးဘူး၊ လူထိခိုက်မှုတော့မရှိဘူး၊ ကြည့်ရတာ ဆင်ထားပြီးမှ ချိန်ကိုက်ထားတဲ့ ဗုံး ပေါက်ကွဲတာ ဖြစ်နိုင်တယ်” ဟု ၎င်းကဆိုသည်။



မူဆယ်မြို့နယ်အတွင်းတွင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များဖြစ်ကြသည့် TNLA ၊ KIA နှင့် MNDAA တို့အပါအဝင် စစ်ကောင်စီလက်အောက်ခံ ဌာနေပြည်သူ့စစ်တပ်ဖွဲ့တွေ အဓိကစစ်ရေးလှုပ်ရှားနေပြီး ပြီးခဲ့သည့် ရက်ပိုင်းအတွင်းမှာလည်း မူဆယ်မြို့နှင့် ကျင်စန်းကျော့နယ်စပ် ဂိတ်နယ်မြေစခန်းအနီးတွင် ရဲအရာရှိတစ်ဦး ပစ်ခတ်ခံရကာ သေဆုံးရသည့်ဖြစ်စဉ်များလည်း ရှိခဲ့သည်။

 
 

 

 

May 13, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည်တဝှမ်းရှိ အသက်မပြည့်သေးသည့် လူငယ်များအကြား ဘိန်းစာရွက်ရည်...
May 12, 2026
စိုင်းဟန်လင်း — ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာရေးနှစ်မှစတင်၍ စပါးနှင့် အခြားသီးနှံများအတွက်...
May 9, 2026
စစ်အစိုးရ ၏ ရက် ၁၀၀ စီမံချက်ကြောင့် သျှမ်းပြည်အတွင်းသို့ တင်သွင်းကုန်များ ရပ်တန့်နေပြီး...
May 8, 2026
သျှမ်းပြည်တောင်ပိုင်း ၊ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းကြေးကို ယခင်ကထက်...