မော်လမြိုင်ကျွန်းမြို့က ပြည်သူ့စစ်အဖွဲ့ဝင် ဓားထိုးခံရပြီး သေဆုံး

မော်လမြိုင်ကျွန်းမြို့က ပြည်သူ့စစ်အဖွဲ့ဝင် ဓားထိုးခံရပြီး သေဆုံး

ဧရာ၀တီတိုင်း၊ မော်လမြိုင်ကျွန်းမြို့၊ အမှတ် (၁၀) ရပ်ကွက်တွင် နေထိုင်သူ ပြည်သူ့စစ်အဖွဲ့ဝင်တစ်ဦးသည် အောက်တိုဘာလ ၆ ရက် ည ၉ နာရီအချိန်ခန့်က ဓားထိုးခံရပြီး သေဆုံးသွား‌ကြောင်း ဒေသခံများထံက သိရသည်။

သေဆုံးသူသည် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ဝင် ကိုမင်းမင်းဦးဆိုသူ ဖြစ်ပြီး ဓားနှင့် အထိုးခံရပြီးနောက် မော်လမြိုင်ကျွန်းဆေးရုံသို့ ၎င်းအား ခေါ်ဆောင်သွားခဲ့ရာက ဆေးရုံမှာပင် သေဆုံးသွားသည်ဟု ဒေသခံတစ်ဦးကပြောသည်။

“မော်ကျွန်း အမှတ် (၁၂) ရပ်ကွက်ရုံးမှာ ဌာနေပြည်သူ့စစ်တပ်ခွဲရုံးရှိတယ်။ ဓားထိုးခံရပြီးသေတဲ့ကောင်က အဲဒီရုံးကပါ။ ဓားနဲ့ထိုးလို့ သေသွားတယ်ဆိုတာပဲ သိရသေးတယ်။ ဘယ်သူထိုးသွားတယ်ဆိုတာ အခုထိ တိတိကျကျမသိရသေးဘူး။ ဓားနဲ့ထိုးတဲ့သူကိုလည်း မိသွားလား မမိသွားဘူးလားဆိုတာ ဘယ်သူမှ မသိရသေးဘူး" ဟု ၎င်းက ဆက်လက်ပြောသည်။

ပြည်သူ့စစ်အဖွဲ့ဝင် ကိုမင်းမင်းဦး ဓားဖြင့်ထိုးခံရသည့်ဖြစ်စဉ်အပြီး မိနစ်အနည်းငယ်အကြာတွင် အကြမ်းဖက်စစ်အုပ်စုနှင့် ရဲများက အမှတ် (၁၀) ရပ်ကွက်အတွင်း ပိတ်ဆို့စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်ဟုလည်းသိရသည်။

Most read this week

ဓာတ်ပုံ - (စစ်ကိုင်းတိုင်းရှိ တောင်သူတစ်ဦး လယ်ထွန်ယက်နေစဉ် / MDN.gov)
August 26, 2026
မန္တလေးတိုင်း၊ မြင်းခြံခရိုင်အတွင်းရှိ မြင်းခြံ၊ နွားထိုးကြီးနှင့် တောင်သာမြို့နယ်များတွင်...
ဓာတ်ပုံ – (တမူး - ကလေးလမ်းပိုင်းတိုက်ပွဲအတွင်း ပျက်စီးသွားသည့် နန်မွန်းတားတံတား ပြုပြင်နေစဉ်/ Crd)
August 26, 2026
စစ်အုပ်စုခေါင်းဆောင် ဦးမင်းအောင်လှိုင်သည် အိန္ဒိယနိုင်ငံသို့ မေလ ၃၀ ရက်မှ ဇွန်လ ၃ ရက်အထိ သွား...
ဓာတ်ပုံ - Thingsai Tlaizawng / မီဇိုရမ်ပြည်နယ်အတွင်း ဖမ်းဆီးရမိသည့် လက်နက်ခဲယမ်းများ
August 25, 2026
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်တွင် ရက်ပိုင်းခြား၍ မြန်မာနိုင်ငံမှ သယ်ဆောင်လာသည်ဟု ယူဆရသော သေနတ်...
August 24, 2026
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် မုံရွာခရိုင် ၅+၁ တပ်ဖွဲ့ဝင် နှစ်ဦးနှင့်...