စားအုန်းဆီ တစ်ပိဿာ ၃,ရဝဝ ကျပ်ဖြင့်ရောင်းချရန်ထုတ်ပြန်ထားသော်လည်း စစ်တွေစျေးကွက်တွင် တစ်ပိဿာ ၅,၅ဝဝ ကျပ်အထိ စျေးမြင့်တက်နေ

စားအုန်းဆီ တစ်ပိဿာ ၃,ရဝဝ ကျပ်ဖြင့်ရောင်းချရန်ထုတ်ပြန်ထားသော်လည်း စစ်တွေစျေးကွက်တွင် တစ်ပိဿာ ၅,၅ဝဝ ကျပ်အထိ စျေးမြင့်တက်နေ

စားအုန်းဆီ တစ်ပိဿာကို ၃,ရဝဝ ဖြင့် ရောင်းချရန် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းတို့က ထုတ်ပြန်ထားသော်လည်း ရခိုင်ပြည်နယ် စစ်တွေမြို့စျေးကွက်တွင် တစ်ပိဿာလျှင် ၅,၅ဝဝ ကျပ်အထိ စျေးမြင့်တက်နေသည်ဟု သတင်းရရှိသည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းတို့က စားအုန်းဆီ တစ်ပိဿာကို ၃,ရဝဝ ဖြင့် ရောင်းချရန် ထုတ်ပြန်ထားမှုကို သိရှိခြင်းမရှိဟုလည်း စစ်တွေမြို့မစျေးကြီးမှ ကုန်စုံဆိုင်ရောင်းချသူအမျိုးသမီးတစ်ဦးက နိရဥ္စရာကိုပြောသည်။

“အခုလို သတ်မှတ်ထားတာကိုလည်း မသိဘူး။ ဆီစျေးတက်တာ တစ်ပတ်လောက်ရှိနေပြီ။ စျေးတက်တော့ အရောင်းအဝယ်တွေပါးတယ်” ဟု ပြောသည်။

ပြည်သူများ သက်သာသောစျေးနှုန်းများဖြင့် ဝယ်ယူရရှိနိုင်ရန်ရည်ရွယ်၍ စားအုန်းဆီများကို တစ်ပိဿာလျှင် လက်ကားစျေး ငွေကျပ် ၃,၇၀၀ နှုန်းဖြင့် စက်တင်ဘာလ ၂၀ ရက်မှစတင်ပြီး ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ရှှမ်းပြည်နယ်တို့တွင် ဖြန့်ဖြူးရောင်းချခဲ့ပြီးဖြစ်သည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းတို့က ဆိုထားသည်။

 

August 1, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ရွှေလှေကျေးရွာကို စစ်တပ်က လေကြောင်းမှ...
July 31, 2026
အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင် တစ်ဦးတစ်ယောက်မျှ စစ်တပ်ထံ လက်နက်ချအလင်းဝင်သည့် ဖြစ်စဉ်မျိုး...
July 30, 2026
ရခိုင်-မကွေးရိုးပေါ်မှ တစ်ဆင့် နတ်ရေကန်စစ်မျက်နှာသို့ အင်အားဖြည့်တင်းရန် ရောက်ရှိလာခဲ့သော စစ်ကား...
July 27, 2026
ရခိုင်ပြည်၊ အမ်းမြို့နယ်နှင့် မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်အကြား ရိုးတောင်ကျော်လမ်းပေါ်တွင်...