အကြမ်းဖက်စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်မှုကြောင့် ပြည်သူတစ်ဦး ထိခိုက်ဒါဏ်ရာရ၊ နေအိမ်နှစ်လုံးပျက်စီး

အကြမ်းဖက်စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်မှုကြောင့် ပြည်သူတစ်ဦး ထိခိုက်ဒါဏ်ရာရ၊ နေအိမ်နှစ်လုံးပျက်စီး

ဒီကနေ့ (အောက်တိုဘာ ၅ ရက်)  ဒီးမော့ဆိုမြို့နယ်မှာ အကြမ်းဖက်စစ်ကောင်စီကနေပြီး လက်နက်ကြီး ရမ်းသန်းပစ်ခတ်မှုကြောင့် အမျိုးသားတစ်ဦး ခြေထောက်မှာ ထိခိုက်ဒဏ်ရာရခဲ့ပြီး၊ နေအိမ်နှစ်လုံး ပျက်စီးသွားတယ်လို့ ဒီးမော့ဆို ပြည်သူ့ကာကွယ်ရေးတပ် ပြန်ကြားရေးတာဝန်ခံ တစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကို ပြောပါတယ်။

“နေအိမ်ကတော့ လက်ရှိ နှစ်လုံးပျက်သွားတယ်။ အဲ့မှာနေတဲ့ ပြည်သူတစ်ဦးကတော့ ဒဏ်ရာရသွားတာပေါ့နော။ ခြေထောက်မှာ ဒဏ်ရာရသွားတယ်။ အိမ်ပျက်သွားတာကတော့ ဒီးမော့ဆိုမြို့ ခေါက်ပလော့ကျေးရွာပေါ့“ လို့ တာဝန်ခံက ပြောပါတယ်။

လက်နက်ကြီးကြောင့် ခြေထောက်မှာ ထိခိုက်ဒဏ်ရာတွေရရှိခဲ့တာဖြစ်ပြီး ဒါဏ်ရာရတဲ့သူကိုတော့ ဆေးကုသပေးနေပြီး စိုးရိမ်ရတဲ့အနေအထားတော့ မရှိဘူးလို့ ဆိုပါတယ်။

အောက်တိုဘာ ၄ ရက်နေ့မှာ အကြမ်းဖက်စစ်ကောင်စီကနေပြီး အင်အားဖြည့်တင်းတာတွေရှိနေပြီး ဒီကနေ့မှာ ဒီးမော့ဆိုမြို့နယ်အတွင်းကို လက်နက်ကြီးတွေနဲ့ တစ်ဖက်သတ် ရမ်းသန်းပစ်ခတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

တာဝေးလက်နက်ကြီးတွေနဲ့ ဒီးမော့ဆိုမြို့နယ်က ဒေါငံခါး၊ ခေါက်ပလော့၊ ဥခူရီ၊ ထူလွီးဘီလာတို့မှာရှိတဲ့ ပြည်သူတွေရဲ့အိမ်ကို ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

May 5, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်ထဲက စစ်ဘေးရှောင်တချို့ဟာ ဆေးဝါးမလုံလောက်မှု၊...
May 4, 2026
ထိုင်း-ကရင်နီနယ်စပ်က ကရင်နီဒုက္ခသည်စခန်းအမှတ်(၁)မှာ ဧပြီလ ဒုတိယပတ်ကစပြီး ဝက်နာမကျန်းမှု...
May 2, 2026
ကရင်နီပြည်မှာ စစ်အုပ်စုရဲ့ တိုက်ခိုက်မှုတွေကြောင့် ဧပြီလအတွင်း ပြည်သူ ၅ ဦးသေဆုံးခဲ့တယ်လို့...
May 1, 2026
ကရင်နီပြည်၊ ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသမှာ ယခုရက်ပိုင်းအတွင်း ခဲစျေး ထပ်မံကျဆင်းနေတာကြောင့်...