ပင်လောင်းမြို့နယ် ဖမ်းခံရ တောင်ရိုးအထောက်ကူပြုအဖွဲ့ဝင် အမှုမဖွင့်ရသေး

ပင်လောင်းမြို့နယ် ဖမ်းခံရ တောင်ရိုးအထောက်ကူပြုအဖွဲ့ဝင် အမှုမဖွင့်ရသေး

သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် ဆည်ခေါင်းကျေးရွာတွင် စစ်ကောင်စီမှ (၁၀) ရက်ကြာ ဖမ်းဆီးသွားသည့် တောင်ရိုးအထောက်ကူပြု ကိုအောင်ဆန်ကို ယနေ့ထိ အမှုဖွင့်ထားခြင်းမရှိသေးကြောင်း စုံစမ်းသိရသည်။

တောင်ရိုးအထောက်အကူပြု ကိုအောင်ဆန်းကို ဖမ်းဆီးသွားပြီးနောက် လက်ရှိတွင် ပင်လောင်းမြို့ ရဲစခန်းတွင်ရှိနေပြီး မည်သည်အမှုကြောင့် ဖမ်းဆီးထားသည်ကို မသိရှိရသေးကြောင်း ကိုအောင်ဆန်းနှင့် နီးစပ်သူက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အခုက ပင်လောင်းရဲစခန်းမှာ ရောက်သွားပြီ။ ဘာကြောင့်ဖမ်းတာလည်း မသိသေးဘူး။ ဘာအမှုနဲ့ဖမ်းတာလည်း မသိရသေးဘူး။ ကျနော်တို့လည်း ခုချိန်ထိ ဘာမှ အသေးစိတ်မသိရသေးဘူး” ဟု ကိုအောင်ဆန်းနှင့် နီးစပ်သူက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိတွင် ကိုအောင်ဆန်းကို ဖုန်းဖြင့် အဆက်သွယ်ရရှိပြီး အပြင်မှာ တွေ့ခွင့်မရသေးကြောင်း သိရသည်။

“ဖုန်းပြောရတယ်။ အဆက်သွယ်ရတာပေါ့။ ကျန်းကျန်းမာမာရှိနေပါတယ်။ အပြင်မှာတော့ မတွေ့ရသေးဘူး။ အခုက သူကို ဘာအမှုနဲ့ဖွင့်တာပဲ မသိရသေးတာ။ အဆက်သွယ်ရတော့ စိတ်နဲနဲအေးတာပေါ့” ဟု အထက်ပါနီးစပ်သူက ပြောသည်။

ကိုအောင်ဆန်းကို စက်တင်ဘာ ၂၄ ရက်နေ့က ဖမ်းဆီးသွားပြီး ၎င်းအိမ်တွင်းရှိသည့် ပစ္စည်းများကိုပါ စစ်ကောင်စီတပ်များက သိမ်းယူသွားကြောင်း သိရသည်။

ကိုအောင်ဆန်းကို လာရောက်ဖမ်းဆီးခြင်းသည် စက်တင်ဘာ (၂၄) ရက် မနက်ပိုင်းတွင် တောင်ရိုးပြည်သူကာကွယ်ရေးတပ်ဖွဲ့ PDF က အဖွဲ့ကို ဖွဲ့စည်းပြီးကြောင်းနှင့် စစ်ကောင်စီနှင့် အလုပ်တွဲလုပ်သူများကို တိုက်ခိုက်သွားမည်ဟု ထုတ်ပြန်ခဲ့သောကြောင့် လာရောက်ဖမ်းဆီးသွားကြောင်း သိရသည်။

Photo: တောင်ရိုးအထောက်အကူပြု ကိုအောင်ဆန်

 
 

 

 

May 13, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည်တဝှမ်းရှိ အသက်မပြည့်သေးသည့် လူငယ်များအကြား ဘိန်းစာရွက်ရည်...
May 12, 2026
စိုင်းဟန်လင်း — ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာရေးနှစ်မှစတင်၍ စပါးနှင့် အခြားသီးနှံများအတွက်...
May 9, 2026
စစ်အစိုးရ ၏ ရက် ၁၀၀ စီမံချက်ကြောင့် သျှမ်းပြည်အတွင်းသို့ တင်သွင်းကုန်များ ရပ်တန့်နေပြီး...
May 8, 2026
သျှမ်းပြည်တောင်ပိုင်း ၊ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းကြေးကို ယခင်ကထက်...