လွိုင်လင်ခရိုင် ကိုဗစ်–၁၉ လူနာပြန်မြင့်တက် သွားလာကန့်သတ်

လွိုင်လင်ခရိုင် ကိုဗစ်–၁၉ လူနာပြန်မြင့်တက် သွားလာကန့်သတ်

သျှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင်အတွင်း ယခုရက်ပိုင်း ကိုဗစ်-၁၉ ပိုးတွေ့လူနာများ ပြန်လည်မြင့်တက်လာသည့်အတွက် အသွားအလာ ကန့်သတ်လိုက်ကြောင်း စုံစမ်းသိရသည်။

ဟိုပုံးကိုရင်လေး ပျံလွန်တော်မှုပြီး စက်တင်ဘာ (၂) ရက်တွင် ဈာပနာပွဲပြုလုပ်ပြီးနောက် ပင်လုံမြို့နှင့် လွိုင်လင်မြို့တို့မှ မြို့ပေါ်ရပ်ကွက်များတွင် နေထိုင်ကြသည့် ကားသမားများအပြင် ကျေးရွာဘက်မှလည်း ပိုးတွေ့လူနားများတွေ့ရှိမှု များပြားလာကြောင်း ဒေသခံပြည်သူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဒီဘက်က ပအိုဝ်းတွေကလည်း ဟိုပုံးကိုရင်လေး ဈာပနာပွဲကို သွားကြတာများတယ်လေ၊ အဲ့ပွဲကအပြီး ကျနော်တို့မြို့နဲ့ ပင်လုံက ပိုးတွေ့လူနာများလာတယ်၊ အစကလွိုင်လင်နဲ့ တောင်ကြီး၊ ပင်လုံနဲ့ တောင်ကြီးတို့ကို ကားမောင်းတဲ့ ကားသမားတွေကနေ ပိုးတွေ့များလာတာ၊ အခုဆို ရွာဘက်မှာလည်း ပိုးတွေ့တွေများလာတယ်” ဟု လွိုင်လင်မြို့ခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယမန်နေ့ အောက်တိုဘာလ ၆ ရက်နေ့ တစ်ရက်တည်းအတွင်းတွင် လွိုင်လင်မြို့နယ်အတွင်း ကိုဗစ်–၁၉ သံသယလူနာ ၁၀၀ ကျော်ကို စစ်ဆေးရာ ၄၂ ဦးတွင် ကိုဗစ်–၁၉ ပိုးတွေ့ရှိရပြီး ပင်လုံမြို့မှ အရှေ့တိုက် နောင်လိုက်ကျေးရွာတွင်လည်း ဘဏ်ဝန်ထမ်းအပါအဝင် ၄ ဦးကို ကိုဗစ်–၁၉ တွေ့ရှိရကြောင်း ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ပိုးတွေ့လူနာတွေ ပြန်များလာလို့ ဆိုင်တချို့လည်း ပိတ်ထားပြီ၊ ဒါက လာစစ်တဲ့သူတွေထဲက တွေ့ရတဲ့ ပိုးတွေ့ပမာဏပေါ့၊ တချို့တွေက ဖျားနာကြတယ်၊ အနံ့ပျောက်ကြတယ်၊ ဒါပေမဲ့ သူတို့ လာမစစ်ကြဘူး၊ ပြောရရင် တချို့က ဟိုပုံးကိုရင်လေးရဲ့ အပြောကို ယုံကြည်ကြတုန်းပဲ၊ ရွာဖက်မှာဆို အိမ်မှာပဲ ကြိတ်ကုကြတာများတယ်၊ အဲ့ကြောင့် အခုဆို သွားလာမှုတွေကိုလည်း တင်းကြပ်ထားတယ်” ဟု လွိုင်လင်မြို့နေ ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိတွင် လွိုင်လင်မြို့နှင့် ပင်လုံမြို့တွင်း ထပ်တိုးတွေ့ရှိလာသည့် ပိုးတွေ့လူနာများသည် ဟိုပုံးကိုရင်လေး ဈာပနာပွဲကို သွားရောက်ခဲ့သူများ ဖြစ်ကြကြောင်း သိရသည်။

တောင်ကြီးသို့ ကားမောင်းသည့် ကားသမားများနှင့် ၎င်းတို့ကို ထိတွေ့ပက်သက်မှုရှိခဲ့သည့်သူများက ပိုးတွေ့ခဲ့ခြင်းဖြစ်ရာ ဈေးဆိုင်တချို့တို့သည် တောင်ကြီးပြန်ကားသမားနှင့် ဟိုပုံးကိုရင်လေး ဈာပနာပွဲကို သွားခဲ့သူများကို လက်ခံရောင်းချပေးခြင်းများလည်း မပြုလုပ်တော့သည့်အတွက် ဒေသတွင်း စိတ်ဝမ်းကွဲမှုများ ဖြစ်ပေါ်လာနိုင်သည့်အတွက် စိုးရိမ်ရကြောင်းလည်း ဒေသခံများက ပြောသည်။

May 13, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည်တဝှမ်းရှိ အသက်မပြည့်သေးသည့် လူငယ်များအကြား ဘိန်းစာရွက်ရည်...
May 12, 2026
စိုင်းဟန်လင်း — ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာရေးနှစ်မှစတင်၍ စပါးနှင့် အခြားသီးနှံများအတွက်...
May 9, 2026
စစ်အစိုးရ ၏ ရက် ၁၀၀ စီမံချက်ကြောင့် သျှမ်းပြည်အတွင်းသို့ တင်သွင်းကုန်များ ရပ်တန့်နေပြီး...
May 8, 2026
သျှမ်းပြည်တောင်ပိုင်း ၊ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းကြေးကို ယခင်ကထက်...