မိုင်းကိုင်မြို့နယ် လိမ္မော်ခြံထဲ အရပ်သား (၂) ဦး မိုင်းနင်းမိ

မိုင်းကိုင်မြို့နယ် လိမ္မော်ခြံထဲ အရပ်သား (၂) ဦး မိုင်းနင်းမိ

သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ် ဟမ်းငိုင်းကျေးရွာအုပ်စုရှိ လိမ္မော်ခြံတွင် အရပ်သား (၂) ဦး မိုင်းနင်းမိကာ ဒဏ်ရာပြင်းထန်ကြောင်း စုံစမ်းသိရှိရသည်။

ဟမ်းငိုင်းကျေးရွာအုပ်စု နော်ဆိုင်ကျေးရွာရှိ လိမ္ပော်ခြံ အတွင်း အောက်တိုဘာ (၅) ရက် ည (၃) နာရီခွဲတွင် အသက် (၅၀) ကျော် အမျိုးသား (၂) ဦး မြေမြုပ်မိုင်းနင်းမိခဲ့ပြီး ဒဏ်ရာပြင်းထန်စွာရရှိကာ ယနေ့ (အောက်တိုဘာ ၆) ရက် မနက်ပိုင်း (၉) နာရီခန့်တွင် မိုင်းကိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း ဟမ်းငိုင်းကျေးရွာ အသက် (၄၀) ဝန်းကျင်ရှိ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“မနေ့ကမိုင်းထိတာ။ ဒီနေ့မနက်မှ ဆေးရုံပို့နိုင်ခဲ့တယ်။ အဲ့ ၂ ယောက်ထဲက တစ်ယောက်တော့ ဒဏ်ရာပြင်းထန်တယ်” ဟု အသက် (၄၀) ကျော် အမျိုးသားတစ်ဦးက ဆိုသည်။

မိုင်းနင်းမိသူ အသက် (၅၀) အရွယ် လုံးဆန်ဉာဏ်သည် ခြေထောက်တွင် ဒဏ်ရာပြင်းထန်စွာရရှိခဲ့ပြီး၊ အသက် (၅၂) နှစ်အရွယ်ရှိ လုံးအောင်သည် ခြေထောက်နှင့် ကျောကုန်းမှာ မိုင်းစထိမှန်ခဲ့ကြောင်း သိရသည်။

“သူတို့ မိုင်းနင်းမိတဲ့နေရာက တိုက်ပွဲဖြစ်တဲ့နေရာမဟုတ်ဘူး။ နော်ဆိုင်ကျေးရွာမှာရှိတဲ့ လိမ္မော်ခြံထဲက တဲအနီးနားမှာဖြစ်တာ။ မိုင်းကိုင်မြို့နယ်မှာ ဒီလို မိုင်းနင်းမိတာ တခါမှမကြားဖူးဘူး” ဟု ဟမ်းငိုင်းဒေသခံ စစ်ဘေးရှောင်ကူညီပေးသည့် အမျိုးသားတစ်ဦးကပြောသည်။

လက်ရှိ မိုင်းကိုင်မြို့နယ်အတွင်း ဟိုင်းငိုင်းကျေးရွာအုပ်စုနှင့် ပန်ကေတုကျေးရွာအုပ်စုအတွင်း တိုက်ပွဲများ ဆက်လက်ပြင်းထန်နေကြောင်း သတင်းရရှိသည်။

“မနေ့လည်း တစ်နေ့လုံးကြားနေရတယ်။ ပန်ကေတုကနေပြီး အသံတွေ ကြားနေရတယ်။ မနေ့ကလည်း (၃၀၀) ကျော် စစ်ရှောင်လာတယ်” ဟု ဟမ်းငိုင်းကျေးရွာရှိ စစ်ရှောင်တစ်ဦးကပြောသည်။

တိုက်ပွဲကြောင့် စက်တင်ဘာ (၁၄) ရက်နေ့ကစတင်ပြီး သျှမ်းတပ် (၂) တပ် တိုက်ပွဲကြောင့် ဒေသခံမိသားစု (၄) ဦး လက်နက်ကြီးထိမှန်ကာ တစ်ဦးသေဆုံးပြီး (၃) ဦး ဒဏ်ရာရရှိခဲ့ကာ ဒေသခံပြည်သူများ (၃၀၀၀) ကျော် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း သိရသည်။

 
 

 

 

Most read this week

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...