မြန်မာ-တရုတ်နယ်စပ် ကျယ်ဂေါင် ကုန်သွယ်ရေးဂိတ် ပြန်ဖွင့်

မြန်မာ-တရုတ်နယ်စပ် ကျယ်ဂေါင် ကုန်သွယ်ရေးဂိတ် ပြန်ဖွင့်

မြန်မာ- တရုတ်နယ်စပ် မူဆယ်မြို့ရှိ ကျယ်ဂေါင် ကုန်သွယ်ရေးဂိတ်ကို ပြန်လှည်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း အောက်တိုဘာ ၃ ရက်နေ့က မူဆယ်-နမ့်ခမ်းနယ်စပ်ကုန်သွယ်ရေး ကုန်သည်များအသင်း ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

ထိုကုန်သွယ်ရေးဂိတ်ကို ပြန်လှည်ဖွင့်ပေးသော်လည်း တရုတ်နိုင်ငံတွင်းတွင် ကျန်ရှိနေသည့် ကုန်ပစ္စည်းများကိုသာ တင်းထုတ်ခွင့်ပြုသွားမည်ဖြစ်ကြောင်း သိရသည်။

“တရုတ်ဘက်က ကျန်နေသေးတဲ့ ပစ္စည်းတွေကိုပဲ မြန်မာဘက်ကိုတင်သွင်းလာခိုင်းတာ။ မြန်မာဘက်ကနေ တင်သွင်းဖို့မရဘူးလို့ ပြောတယ်” ဟု မူဆယ်မြို့ကျယ်ဂေါင်တွင် နေထိုင်သည့်သူက ပြောသည်။

မြန်မာနိုင်ငံဘက်မှ ကုန်ပစ္စည်းများကို တင်သွင်းခွင့်မရရှိဘဲ တရုတ်နိုင်ငံဘက်မှ ကုန်များကို ဝယ်ယူရမည်ဆိုပါက ပြည်သူများ စားဝတ်နေရေးအတွက် ခက်ခဲမှုများစွာရှိလာနိုင်ကြောင်း သိရသည်။

ထိုအပြင် တရုတ်ငွေဈေးနှုန်း (ယွမ်) လည်း ဈေးထက်မြင့်တက်လာမှာကို ပြည်သူများက စိုးရိမ်နေကြသည်။

“ကျမတို့လည်း တရုတ်ပြည်ဖက်ကကျန်နေတဲ့ ကုန်ပစ္စည်းတွေကိုဘဲ ယူဆောင်လာရမယ်လို့ကြားတယ်။ ဒီဘက်က တင်သွင်းလို့မရဘူးဆိုတော့ ခက်တာပေါ့။ စားဝတ်နေရေးအတွက်လည်း ပိုခက်လာတယ်။ သူတို့ဘက်ပစ္စည်းကိုပဲ တင်သွင်းလာရင်လည်း ကျမတို့ဘက်ကတော့ အဆင်မပြေဘူး။ အဲလိုလုပ်ရင် သူတို့တရုတ်ငွေဈေးလည်း ပိုပြီးဈေးတက်လာမှာကို စိုးရိမ်ရတယ်” ဟု မူဆယ်မြို့ ကုန်စုံဆိုင် အမျိုးသမီးတဦးက ပြောသည်။

ထိုသို့ တရုတ်နိုင်ငံတွင်ရှိသည့် ကုန်ပစ္စည်းများကိုသာ တင်သွင်းသွားမည်ကို အသေးစိတ် မသိရှိရသေးကြောင်း မူဆယ်-နမ့်ခမ်း ကုန်သည်ရေးကုန်သည်အသင်းက ပြောသည်။

“ကျမတို့လည်း ဒီကိစ္စနဲ့ပတ်သတ်ပြီးတော့ အသေးစိတ်မသိရသေးဘူး။ ကျမတို့လည်း ထုတ်ပြန်စာထဲကအတိုင်းဘဲ သိရတယ်။ ဘယ်နေ့ဘယ်ချိန်ဖွင့်မလဲဆိုတာမသိရသေးဘူး” ဟု မူဆယ်-နမ့်ခမ်း နယ်စပ်ကုန်သည်ရေးကုန်သည်အသင်းက ပြောသည်။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းယူပြီးနောက်ပိုင်း ကိုဗစ်-၁၉ တတိယလှိုင်းနှင့်အတူ မြန်မာ-တရုတ်နယ်စပ် ကုန်သွယ်ရေးလမ်းနယ်စပ်ဂိတ်ကို ပိတ်ထားခဲ့ကြောင်း သိရသည်။

အလားတူ မြန်မာ-တရုတ်နယ်စပ် ကုန်သွယ်ရေးဂိတ် ချင်းရွှေဟော်ဂိတ်ကိုလည်း လာမည့် အောက်တိုဘာ ၆ ရက်နေ့မှစတင်ပြီး ပိတ်သွားမည်ဖြစ်ကြောင်း သိရသည်။

Most read this week

December 17, 2025
နေ့စဉ်နှင့်အမျှ ကြီးထွားလာနေသည့် ကျားဖြန့်အွန်လိုင်း ငွေလိမ်လည်မှု ကိစ္စများကြောင့်...
December 16, 2025
သျှမ်းပြည် လားရှိုးမြို့နယ်ရှိ ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် ကျေးရွာအုပ်စုအချို့တွင်...
December 16, 2025
NUG ကသူတွေကို PDF က သတ်မယ်လို့ ခြိမ်းခြောက်တဲ့အတွက် NUG က ဆက်ကြေးကောက်နေတဲ့သူတွေ...
December 15, 2025
ကရင်နီ(ကယား)ပြည်နယ်၊ လွိုင်ကော်မြို့တွင် စစ်ကော်မရှင်လက်အောက်ခံများမှ ကြိုတင်မဲများ...