စစ်ရှောင်ကူညီနေသည့် လဲချားလူငယ် ခြိမ်းခြောက်ခံနေရ

စစ်ရှောင်ကူညီနေသည့် လဲချားလူငယ် ခြိမ်းခြောက်ခံနေရ

သျှမ်းပြည်တောင်ပိုင်းရှိ စစ်ဘေးရှောင်များကို လိုက်လံကူညီပေးနေသည့် လဲချားလူငယ်များ ယခုရက်ပိုင်း ခြိမ်းခြောက်ခံနေကြောင်း စုံစမ်းသိရသည်။

ယခုရက်တပတ်အတွင်း စစ်ရှောင်များအတွက် လိုက်လံကူညီလုပ်ဆောင်ပေးနေသည့် လဲချားလူငယ်သည် လူမှုကွန်ရက် အင်တာနက်စာမျက်နှာ၊ ဖုန်းဆက်ပြီး ခြိမ်းခြောက်စကားများ ပြောဆိုခံရကြောင်း လဲချားလူငယ်တစ်ဦး စိုင်းဦး (အမည်လွှဲ) က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ပြီးခဲ့တဲ့တစ်ပတ်ကတော့ ဖုန်းဆက်ပြီး မင်းက ဘာကောင်မို့လို့ စေတနာရှင်လုပ်နေရတာလဲ၊ မင်းဆက်လုပ်နေရင် မင်းအသက်ရဲ့ လုံခြုံရေးအတွက် ငါတို့ အာမမခံပေးနိုင်ဘူး” ဆိုသည့် ခြိမ်းခြောက်ပြောဆိုခံရကြောင်း လဲချားလူငယ်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထိုနည်းတူ အောက်တိုဘာ ၁ ရက်တွင်လည်း စစ်ဘေးရှောင်များကို ကူညီပေးနေသည့် လဲချားလူငယ်များလည်း ဖေ့ဘွတ်မက်ဆင်ဂျာမှတဆင့် ခြိမ်းခြောက်ခြင်းခံရကြောင်း အမည်မဖော်လိုသည့် လဲချားလူငယ်က ပြောသည်။

“ဖေ့ဘွတ်စ်မက်ဆင်ဂျာမှာ စာအရင်ပို့လာတယ်။ သူငယ်ချင်းမဖြစ်ထားဘူးတော့ မသိဘူး။ ဝင်မကြည့်မိဘူးလေ၊ အဲ့နဲ့ မက်ဆင်ဂျာကနေပဲ Video Call ခေါ်ပြီးတော့ ပြောတယ်၊ မင်းက ဘာကောင်မို့လို့ ဒီလိုတွေ လုပ်နေတာလဲ၊ သတ္တိရှိရင် မင်းရဲ့နေရပ်လိပ်စာပို့ခဲ့လိုက်ဆိုပြီး ပြောလာတယ်တဲ့၊ အပြောခံရတဲ့သူကလည်း လန့်ပြီးတော့ ဖုန်းကို နိပ်ချလိုက်တာ” ဟု အမည်မဖော်လိုသည့် လူငယ်က ပြောသည်။

စစ်ဘေးရှောင်များကို ကူညီနေသည့် လူငယ်များ ခြိမ်းခြောက်သတိပေးခြင်း ခံနေရသည့်အတွက် လူငယ်များအနေဖြင့် စိုးရိမ်ှုမရှိကြောင်း၊ ထိုခြိမ်းခြောက်မှုနှင့်ပတ်သက်ပြီး နားမလည်ကြောင်း လဲချားလူငယ်များက ပြောသည်။

“ဒုက္ခရောက်နေကြတဲ့ စစ်ဘေးရှောင်တွေအတွက် ကူညီပေးနိုင်ဖို့အတွက်နဲ့ ပြည်သူကနေ ပြည်သူကို ကူညီပေးနေတာဖြစ်တဲ့အတွက် အားလုံးကိုနားလည်ပေးစေချင်တယ်၊ ပြည်သူတွေအချင်းချင်းလည်း ဟိုအဖွဲ့ဖြစ်တယ်၊ ဒီအဖွဲ့ဖြစ်တယ်ဆိုတဲ့ သဘောထားကွဲလွဲမှုတွေ မဖြစ်သင့်ဘူး၊ တကယ်လို့သာ စစ်ဘေးရှောင်တွေကို ကူညီသူတွေက စိတ်ပိုင်းဆိုင်ရာအရရော ရုပ်ပိုင်းဆိုင်ရာအရပါ ခြိမ်းခြောက်မှုရှိလာခဲ့ရင် မလုံခြုံတော့ဘူး” ဟု သျှမ်းလူငယ် စိုင်းလျန်းက ဆိုသည်။

မိုင်းကိုင်မြို့နယ် ဟိုခဲကျေးရွာအုပ်စုအတွင်း စက်တင်ဘာ (၁၄) ရက်မှစတင်ပြီး ဖြစ်ပွားသည့် သျှမ်းတပ် (၂) တပ် တိုက်ပွဲဖြစ်ပွားသောကြောင့် စစ်ရှောင် (၃၀၀၀) နီးပါးသည် နေရပ်ကိုစွန့်ခွာပြီး စစ်ဘေးဒဏ်ခံနေရကြောင်း သိရသည်။

 
 

 

 

May 13, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည်တဝှမ်းရှိ အသက်မပြည့်သေးသည့် လူငယ်များအကြား ဘိန်းစာရွက်ရည်...
May 12, 2026
စိုင်းဟန်လင်း — ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာရေးနှစ်မှစတင်၍ စပါးနှင့် အခြားသီးနှံများအတွက်...
May 9, 2026
စစ်အစိုးရ ၏ ရက် ၁၀၀ စီမံချက်ကြောင့် သျှမ်းပြည်အတွင်းသို့ တင်သွင်းကုန်များ ရပ်တန့်နေပြီး...
May 8, 2026
သျှမ်းပြည်တောင်ပိုင်း ၊ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းကြေးကို ယခင်ကထက်...