မူဆယ်မြို့နယ် ကျင်ဆန်ကျော့ တိုက်ပွဲဖြစ် ရဲတစ်ဦးသေဆုံး

မူဆယ်မြို့နယ် ကျင်ဆန်ကျော့ တိုက်ပွဲဖြစ် ရဲတစ်ဦးသေဆုံး

တရုတ်-မြန်မာနယ်စပ် မူဆယ်ခရိုင် ကျင်ဆန်ကျော့တွင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များက တိုက်ပွဲဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့တစ်ဦး သေဆုံးသွားကြောင်း သတင်းရရှိသည်။

ယမန့်နေ့ အောက်တိုဘာ (၃) ည (၇) နာရီဝန်ကျင်တွင် ကျင်ဆန်ကျော့ ဆဲဗင်းဟွာကျင်း ဓာတ်ဆီဆိုင်ပတ်ဝန်းကျင်တွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

“တအာင်း (ပလောင်း) နဲ့ ရဲတပ်ဖွဲ့ဝင်တွေ တိုက်ပွဲဖြစ်တာ။ ရဲဘက်က တစ်ဦးသေသွားတယ်လို့ပြောတယ်။ ဘာလို့ တိုက်ပွဲဖြစ်လဲတော့ မသိရဘူး။ မနေ့ကတော့ အဲဘက်မှာ သေနတ်သံတွေ ကြားနေရတယ်” ဟု ကျင်ဆန်ကျော့တွင်နေသည့် အမျိုးသားတဦးက ပြောသည်။

စစ်ကောင်စီတပ်သားများသည် စစ်ဝတ်စုံမဝတ်ဆင်ဘဲ ရဲဝတ်စုံလှဲဝတ်ကာ လက်နက်ကိုင်ပြီး လမ်းသွားလမ်းလာပြည်သူများကိုလည်း ပိုက်ဆံကောက်ယူနေလျက်ရှိကြောင်း ဒေသခံများက ပြောသည်။

“သူတို့က ပြည်သူတွေ အနိုင်ကျင့်တယ်။ လမ်းသွားလမ်းလာ အဲလိုသူတွေကို ပိုက်ဆံကောက်တာယူတာ၊ တောင်းတာရှိတယ်။ သူတို့တွေက စစ်သားတွေဘဲတဲ့။ ရဲဝတ်စုံကို လှဲဝတ်ထားတဲ့သူတွေဖြစ်တယ်” ဟု ကျင်းစန်းကျော့ ဒေသခံတဦးက ပြောသည်။

လက်ရှိကာလအတွင်း TNLA သည် ကျင်ဆန်ကျော့ဘက်တွင် တပ်စခန်းလာရောက်ချနေလျက်ရှိကြောင်း ဒေသခံများက ပြောသည်။

“သူတို့ (TNLA) ဒီဘက်ကိုရောက်နေတာ။ ဒီဘက်မှာ တပ်စခန်းကို လာချမယ်လို့ ပြောတာကြားတယ်” ဟု ထိုအနီးပတ်ဝန်ကျင်တွေ နေထိုင်သူက ပြောသည်။

ထိုကိစ္စနှင့်ပတ်သတ်ပြီး TNLA မှ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးမိုင်းအိုက်ကျော်ကို သျှမ်းသံတော်ဆင့်မှ အကြိမ်ကြိမ်ဆက်သွယ်ခဲ့သော်လည်း မရရှိခဲ့ပေ။

သျှမ်းမြောက် မူဆယ်ခရိုင်အတွင်း ကိုးကန့်တပ် (MNDAA)၊ သျှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA)၊ TNLA ၊ KIA နှင့် စစ်ကောင်စီတို့ လှုပ်ရှားသွားလာနေသည့် နေရာဖြစ်သည်။

 
 

 

 

May 13, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည်တဝှမ်းရှိ အသက်မပြည့်သေးသည့် လူငယ်များအကြား ဘိန်းစာရွက်ရည်...
May 12, 2026
စိုင်းဟန်လင်း — ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာရေးနှစ်မှစတင်၍ စပါးနှင့် အခြားသီးနှံများအတွက်...
May 9, 2026
စစ်အစိုးရ ၏ ရက် ၁၀၀ စီမံချက်ကြောင့် သျှမ်းပြည်အတွင်းသို့ တင်သွင်းကုန်များ ရပ်တန့်နေပြီး...
May 8, 2026
သျှမ်းပြည်တောင်ပိုင်း ၊ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းကြေးကို ယခင်ကထက်...