တာချီလိတ်မြို့တွင်း လုယက်ခိုးယူမှု ပိုမိုများပြားလာ

တာချီလိတ်မြို့တွင်း လုယက်ခိုးယူမှု ပိုမိုများပြားလာ

သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့တွင်းတွင် စစ်ကောင်စီလုံခြုံရေး တိုးမြှင့်ချထားသော်လည်း လုယက်ခိုးယူမှု တစ်နေ့ထက်တစ်နေ့ ပိုမိုများပြားလာကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

နယ်စပ်မြို့ဖြစ်သည့် တာချီလိတ်တွင် ဆိုင်ကယ်ခိုးယူခံရမှုဖြစ်ပွားလေ့ရှိပြီး လက်ရှိတွင် ဓါးဖြင့်ထောက်ပြီး ပိုက်ဆံနှင့် ဆိုင်ကယ် လုယုများသည်လည်း ပြည်သူများ မကြာခဏ ဖြစ်ပွားကြောင်း တာချီလိတ် မယ်ခေါင်ရပ်ကွက် ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အခုဆို သူခိုးတွေက ပစ္စည်းတွေကိုခိုးတာပဲမဟုတ်ဘူး၊ လုပါလုလာတယ်၊ ခြောက်လက်မဓါးနဲ့ ဈေးထဲရပ်ကွက်ထဲပါလာလုတယ်၊ ဟိုမနေ့ကဆို ဆိုင်မှာခေါက်ဆွဲစားနေတဲ့ အမျိုးသမီး လည်မြိုကို ဓါးထောက်ပြီးတော့ ပိုက်ဆံအိတ်လုယူသွားတယ်၊ ဒါက နေ့ခင်းကြီးပဲနော်၊ သူခိုးတွေက ဓါးပြလိုဖြစ်လာပြီ၊ ဘာအကြောက်အရွံ့မှမရှိတော့ဘူး” ဟု မယ်ခေါင်ရပ်ကွက် အမျိုးသားတစ်ဦးက ပြောသည်။

စစ်တပ်မှ နိုင်ငံတော်အာဏာသိမ်းပြီးနောက်ပိုင်း တာချီလိတ်မြို့တွင်းတွင် လုံခြုံရေး အများအပြားချထားသော်လည်း ဆိုင်ကယ်ခိုးယူမှုကို ဖမ်းဆီးရမိသည့် သတင်းများလည်း မကြားရသည့်အပြင် နေ့ခင်းပိုင်းအချိန်များတွင်ပါ ခိုးမှုများ ရှိလာသည့်အတွက် ဒေသခံပြည်သူများ၏ အသက်အန္တရာယ်အတွက်ပါ စိုးရိမ်ရသည့်အဆင့်ထိ ရောက်ရှိနေကြောင်း ဒေသခံများက ပြောဆိုကြသည်။

“ရဲတွေ၊ စစ်သားတွေက မြို့ထဲရပ်ကွက်ထဲမှာ လုံခြုံရေးချထားတာပဲ၊ ဒါပေမဲ့ သူတို့က သူတို့ဖမ်းချင်တဲ့သူကိုပဲ သူတို့ဖမ်းတာ၊ သူခိုး ဓါးပြတွေ ဒီလောက်သောင်းကျန်းနေတာ သူတို့က ဘာမှမလုပ်ပေးဘူး၊ လူငယ်တွေကိုကျတော့ ဖမ်းကြတယ်၊ ရပ်ကွက်လုံခြုံရေး မြို့ရွာလုံခြုံရေးအတွက်လုပ်ဆောင်ပေးမယ်ဆိုတာ မရှိဘူး” ဟု ပါဆတ်ရပ်ကွက်နေ အမျိုးသားတစ်ဦးက ဆိုသည်။

တာချီလိတ်မြို့တွင်းရှိ စစ်သားနှင့် ရဲသားတို့သည် လုံခြုံရေးများနေသော်လည်း ဆိုင်ကယ်ခိုးမှုများနှင့် ပြည်သူ့အသက်အန္တရာယ်ပြုသည်အထိ လုပ်ဆောင်နေကြသော တရားခံများကို စုံစမ်းဖမ်းဆီးခြင်းများ မရှိသော်လည်း အာဏာသိမ်းမှုကိုဆန့်ကျင်သူဟု သံသယရှိသူများအား ရှာဖွေဖမ်းဆီးခြင်းကိုမူ တစိုက်မတ်မတ် ဆောင်ရွက်နေကြသည်။

 
 

 

 

May 13, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည်တဝှမ်းရှိ အသက်မပြည့်သေးသည့် လူငယ်များအကြား ဘိန်းစာရွက်ရည်...
May 12, 2026
စိုင်းဟန်လင်း — ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာရေးနှစ်မှစတင်၍ စပါးနှင့် အခြားသီးနှံများအတွက်...
May 9, 2026
စစ်အစိုးရ ၏ ရက် ၁၀၀ စီမံချက်ကြောင့် သျှမ်းပြည်အတွင်းသို့ တင်သွင်းကုန်များ ရပ်တန့်နေပြီး...
May 8, 2026
သျှမ်းပြည်တောင်ပိုင်း ၊ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းကြေးကို ယခင်ကထက်...