ဝန်ကြီးချုပ်ဟောင်း ဦးညီပုကိုစွဲဆိုထားသည့် အမှုများထဲမှ နိုင်ငံတော်အကြည်ညိုပျက်စေမှုကို လာမည့်ရုံးချိန်းတွင် အပြီးသတ်အမိန့်ချရန်ရှိ

ဝန်ကြီးချုပ်ဟောင်း ဦးညီပုကိုစွဲဆိုထားသည့် အမှုများထဲမှ နိုင်ငံတော်အကြည်ညိုပျက်စေမှုကို လာမည့်ရုံးချိန်းတွင် အပြီးသတ်အမိန့်ချရန်ရှိ

ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးညီပုကို စွဲဆိုထားသည့် အမှုများထဲမှ နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ-၅၀၅ (ခ) အမှုကို လာမည့်ရုံးချိန်းတွင် အပြီးသတ်အမိန့်ချမှတ်ရန်ရှိကြောင်း ၎င်း၏ရှေ့နေထံမှ သိရသည်။

ယနေ့ (အောက်တိုဘာလ ၅ ရက်) နေ့တွင် အဆိုပါအမှုကို စစ်တွေမြို့နယ်တရားရုံး၌ ဗွီဒီယိုအွန်လိုင်းစနစ် (Video Conferencing) ဖြင့် စစ်ဆေးခဲ့ရာ အမှုကို အပြီးသတ်လျှောက်လဲချက်ပေးခဲ့ကြောင်း သိရသည်။

လာမည့်အောက်တိုဘာလ ၈ ရက်နေ့တွင် ဦးညီပုအားစွဲဆိုထားသည့် ၅၀၅ (ခ) အမှုကို အပြီးသတ်အမိန့်ချမှတ်သွားရန်ရှိကြောင်း အမှုကိုလိုက်ပါဆောင်ရွက်နေသည့် တရားလွှတ်တော်ရှေ့နေ ဦးငြိမ်းချမ်းက ပြောသည်။

“ဒီနေ့မှာ အပြီးသတ်လျှောက်လဲချက်ပေးတယ်။ အမိန့်ချဖို့အတွက် အောက်တိုဘာ ၈ ရက်နေ့ကို ရွှေ့ဆိုင်းချိန်းဆိုတယ်။ အဲဒီနေ့မှာ အမိန့်ချသွားမယ်” ဟု ၎င်းကပြောသည်။

နိုင်ငံတော်အာဏာကို စစ်တပ်ကသိမ်းယူခဲ့သည့် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုကို ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ၂ ရက်အကြာတွင် ပြန်လွှတ်ပေးကာ နေအိမ်အကျယ်ချုပ်ဖြင့် ထားရှိခဲ့သည်။

ယင်းနောက် ဖေဖေါ်ဝါရီလ ၉ ရက်နေ့တွင် ပြည်သူသို့ပြန်ကြားချက်ဗွီဒီယိုဖိုင်တစ်ခုကို လူမှုကွန်ယက်စာမျက်နှာမှတစ်ဆင့်ဖော်ပြခဲ့သဖြင့် ဖေဖော်ဝါရီလ ၁၀ ရက်နေ့ ည ၁၀ နာရီကျော်အချိန်တွင် စစ်တပ်မှ ဦးညီပုကို ထပ်မံဖမ်းဆီးခဲ့သည်။

စစ်တွေမြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သိန်းက တရားလိုပြုလုပ်ကာ နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ-၅၀၅ (ခ) ဖြင့် ဦးညီပုကို ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် စစ်တွေမြို့နယ်တရားရုံး၌ တရားစွဲဆိုခဲ့သည်။

ယင်းသို့ဖမ်းဆီးခံရချိန်မှ ယနေ့ထိတိုင် ရှေ့နေများနှင့် လူချင်းတွေ့ခွင့်မရသေးသသို မိသားစုဝင်များနှင့်ပါ တွေ့ခွင့်မရသေးဘဲ (၈) လခန့် ကြာမြင့်ခဲ့ပြီဖြစ်သည်။

ဦးညီပုကိုစွဲဆိုထားသည့် နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ-၅၀၅ (ခ) သည် အမြင့်ဆုံးထောင်ဒဏ် ၂ နှစ်အထိ ချမှတ်ခံရနိုင်ကြောင်း ဥပဒေတွင်ပြဋ္ဌာန်းထားသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးညီပုမှာ နိုင်ငံတော်အကြည်ညိုပျက်စေမှုအပြင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၃ ခုနှင့်လည်း တရားစွဲဆိုခံထားရသေးသည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေဖြင့် တရားစွဲဆိုထားသည့်အထဲတွင် စီမံ/ဘဏ္ဍာဝန်ကြီးဟောင်း ဦးကျော်အေးသိန်း၊ လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဟောင်း ဦးအောင်ကျော်ဇံ၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့်သတ္တုတွင်းဝန်ကြီးဟောင်း ဦးကျော်လွင်၊ စည်ပင်သာယာရေးဝန်ကြီးဟောင်း ဦးမင်းအောင်တို့လည်း ပါဝင်သည်။

APM (ဩဂုတ်လ ၁၅ ရက်က ဘူးသီးတောင်မြို့နယ်၊ ဂေါင်နီကျေးရွာရှိ သောက်ရေကန်ကို ရခိုင်၊ ဟိန္ဒူ၊ မွတ်ဆလင်များနှင့် ULA/AA တို့ သန့်ရှင်းရေး ပူးပေါင်းပြုလုပ်စဉ်။)
August 21, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ ရခိုင်ပြည်အတွင်း ဘူးသီးတောင်နှင့် မောင်တောမြို့နယ်တို့တွင် လူမှုသဟဇာတ...
(ဓာတ်ပုံ - Crd)  (ပုံစာ - သရုပ်ပြ ဓာတ်ပုံ။)
August 20, 2026
ရခိုင်ပြည်၊ မြောက်ဦးမြို့နယ်၊ ပေါက်ပင်ကွင်းကျေးရွာတွင် ၉ လအရွယ် ကိုယ်ဝန်ဆောင်အမျိုးသမီး တစ်ဦးအား...
ဓာတ်ပုံ - (မောင်တော၊ ကြိမ်ချောင်းရွာ ကမ်းပါးပြိုကျမှုကြောင့် ပျက်စီးနေသည့် မြင်ကွင်း / ပေးပို့)
August 19, 2026
ရခိုင်ပြည်၊ မောင်တောမြို့နယ်၊ ကြိမ်ချောင်းကျေးရွာတွင် မိုးအဆက်မပြတ် ရွာသွန်းမှုနှင့်အတူ...
ဓာတ်ပုံ - (DMG / ပန်းမြောင်းကြီးချောင်းဒေသရှိ ဒေသခံအချို့အား ဇူလိုင်လအတွင်း တွေ့ရစဉ်။)
August 19, 2026
ရခိုင်ပြည်၊ အဉ္ဇနပူရ (မင်းပြား) မြို့နယ်၊ ပန်းမြောင်းကြီးချောင်းဒေသရှိ ကျေးရွာအများအပြားတွင်...