ရခိုင်ဝန်ကြီးချုပ်ဟောင်း ဦးညီပုအပါအဝင် ဝန်ကြီးဟောင်း ၃ ဦး၏ တရားလိုကို ရှေ့နေများက အပြန်အလှန်စစ်မေး

ရခိုင်ဝန်ကြီးချုပ်ဟောင်း ဦးညီပုအပါအဝင် ဝန်ကြီးဟောင်း ၃ ဦး၏ တရားလိုကို ရှေ့နေများက အပြန်အလှန်စစ်မေး

အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ (၅၅) ဖြင့် တရားစွဲခံထားရသူ ရခိုင်ဝန်ကြီးချုပ်ဟောင်း ဦးညီပုအပါအဝင် ဝန်ကြီးဟောင်း ၃ ဦး၏ တရားလိုကို ရှေ့နေများက ယနေ့ အပြန်အလှန်စစ်မေးခဲ့ကြောင်း သိရသည်။

အဆိုပါဝန်ကြီးဟောင်း ၃ ဦးအား ယနေ့ အောက်တိုဘာ ၄ ရက် နံနက်က စစ်တွေအကျဉ်းထောင်အထူးတရားရုံးတွင် ရုံးထုတ်စဉ် ၎င်းတို့၏ တရားလိုဖြစ်သူ အဂတိတိုက်ဖျက်ရေးကော်မရှင်စစ်ဆေးရေးမှူး ဦးကောင်းဇော်သန့်ကို ရှေ့နေများက အပြန်အလှန်စစ်မေးခဲ့ခြင်းဖြစ်သည်ဟု သဇင်ဥပဒေအထောက်အကူပြုအဖွဲ့မှ တရားလွှတ်တော်ရှေ့နေ ဦးမျိုးမြတ်ဟိန်းက နိရဥ္စရာအားပြောသည်။

“အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနဲ့စွဲထားတဲ့အမှုကျတော့ ကျွန်တော်တို့ ဒီနေ့တရားလိုကို စစ်ဆေးပါတယ်။ တရားလိုကတော့ ထွက်တယ်ပေါ့နော်။ ကိုယ့်အကြောင်းခြင်းအရာနဲ့ ပတ်သက်ပြီးတော့ပေါ့” ဟု ပြောသည်။

ယနေ့ ရုံးထုတ်ခဲ့သည့် ဝန်ကြီးဟောင်းများမှာ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဦးညီပု၊ ဘဏ္ဍာ/အခွန်/ စီမံကိန်းနှင့် စီးပွားရေး ဝန်ကြီးဟောင်း ဦးကျော်အေးသိန်းနှင့် လျှပ်စစ်/စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဟောင်း ဦးအောင်ကျော်ဇံတို့ဖြစ်သည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၂၉ ရက်ရုံးချိန်းတွင် ၎င်းတို့ ၃ ဦး၏တရားလိုကို စတင်စစ်ဆေးခဲ့ပြီး ယနေ့ရုံးချိန်းတွင် ရှေ့နေများက အဆိုပါတရားလိုကို အပြန်အလှန်စစ်မေးခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

အဆိုပါဝန်ကြီးဟောင်း ၃ ဦးကို လာမည့် အောက်တိုဘာ ၇ ရက်တွင် ထပ်မံရုံးချိန်းခဲ့သည်ဟုလည်း သိရသည်။

အဆိုပါဝန်ကြီးဟောင်း ၃ ဦးနှင့်အတူ စိုက်ပျိုးမွေးမြူရေး၊ သစ်တောနှင့်တ္ထုတွင်း ဝန်ကြီးဟောင်း ဦးကျော်လွင်နှင့် စည်ပင်ဝန်ကြီးဟောင်း ဦးမင်းအောင်တို့လည်း အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ (၅၅) ဖြင့် တရားစွဲခံနေရသည်။

အဆိုပါဝန်ကြီးဟောင်း ၅ ဦးကို နိုင်ငံတော်၏ ငွေကြေး၊ ပစ္စည်း၊ ပိုင်ဆိုင်မှုများကို ထိခိုက်နစ်နာစေသည်ဟုဆိုကာ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ (၅၅) ဖြင့် စက်တင်ဘာလ ၈ ရက်တွင် စတင်တရားစွဲဆိုခဲ့သည်။

ယင်းတို့အနက်မှ ဦးညီပုမှာ နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅ဝ၅(ခ) အမှုတစ်မှုကိုလည်း ရင်ဆိုင်နေရပြီး ဦးမင်းအောင်မှာ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး ဥပဒေပုဒ်မ (၂၅) နှင့် ငြိမ်းစုစီဥပဒေပုဒ်မ (၁၉) တို့ဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၂ နှစ်နှင့် ၂ ကိုလည်း တောင်ကုတ်မြို့နယ်တရားရုံးက စက်တင်ဘာလ ၁၇ ရက်တွင် ချမှတ်ခံထားရသည်။

 

 
 

 

 

Most read this week

April 11, 2026
ကျော်သီဟ — ဧပြီလ ၁ဝ ရက်တွင်ကျရောက်သည့် အာရက္ခတပ်တော် (AA) တည်ထောင်ခြင်း (၁၇) နှစ်မြောက်နေ့သို့...
April 10, 2026
နှင်းနွယ်နီ — ရခိုင်ပြည်၊ မြို့တော်စစ်တွေမြို့ရှိ ထောင်အနီးနှင့် သံတော်လီရွာဝင်ဝအနီးတို့တွင်...
April 9, 2026
ခိုင်လူလှ (ရိုးမမြေ) — ကျောက်ဖြူမြို့နယ်တိုက်ပွဲများတွင် ထိခိုက်သေဆုံးမှုများနေသဖြင့်...
April 8, 2026
မောင်စာဂ — အကြမ်းဖက်စစ်ကော်မရှင်ထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့နယ်ရှိ ပင်လယ်ပြင်တွင်...