မင်းပြားမြို့နယ်တွင် ကျေးရွာ ၁၀ ကျော် အသုံးပြုသွားလာနေသည့် တံတားပျက်စီးနေ၍ ဒေသခံများ အခက်တွေ့

မင်းပြားမြို့နယ်တွင် ကျေးရွာ ၁၀ ကျော် အသုံးပြုသွားလာနေသည့် တံတားပျက်စီးနေ၍ ဒေသခံများ အခက်တွေ့

မင်းပြားမြို့နယ်တွင် ကျေးရွာ ၁၀ ကျော် အသုံးပြုသွားလာနေသည့် တံတားပျက်စီးနေ၍ ဒေသခံများ အခက်တွေ့နေရကြောင်း သတင်းရရှိသည်။

မင်းပြားမြို့နယ်၊ ကုတိုးဆိပ်၊ ပွင့်ထီး၊ ဝင့်ဇားနှင့် ခြိတ်တောင်ကျေးရွာအုပ်စုတို့ရှိ ကျေးရွာ ၁၄ ရွာမှ ဒေသခံများမှာ မင်းပြားမြို့ပေါ်နှင့် ရန်ကုန်-စစ်တွေ အဝေးပြေးလမ်းသို့သွားရန် ဖောက်လုပ်ထားသည့် တံတား ပျက်စီးနေသည့်အတွက် အခက်တွေ့နေရခြင်းဖြစ်ကြောင်း ကုန်ရောင်းကုန်ဝယ်လုပ်သည့် ကုတိုးဆိပ်ကျေးရွာအုပ်စုမှ မကြည်ကြည်သန်းက ပြောသည်။

“အဲဒီလမ်းပျက်နေတော့ စက်လှေနဲ့ အကြာကြီးပတ်ပြီးသွားရပါတယ်။ အခု ဆီစျေးတက်တော့ ကူတို့ဖိုးလည်း စျေးတက်တာပေါ့။ အဲဒီလမ်းသာကောင်းရင် အရမ်းအဆင်ပြေမှာပဲ။ ဒီတံတားလမ်းပျက်နေတဲ့အတွက် ကျွန်မတို့ တကယ်ကို အခက်ခဲတွေ့နေရပါတယ်။ ဒါကို အစိုးရက လုပ်ပေးစေချင်ပါတယ်။” ဟု သူမက DMG သို့ ပြောသည်။

အဆိုပါတံတားမှာ ဝင့်ဇားအုပ်စု၊ င/ရမကျေးရွာမှ ဦးချောင်းသာအောင်က လွန်ခဲ့သည့် ၁၀ နှစ်ခန့်က လှူဒါန်းထားသော ပုဂ္ဂလိကတံတားဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

ယင်းတံတားပျက်စီးနေ၍ ဒေသခံများ၏ အရေးပေါ် ကျန်းမာရေးပေါ်ပေါက်လာလျှင် မင်းပြားမြို့ပေါ်သို့ စက်လှေဖြင့် ၂ နာရီကြာ မောင်းနှင်ရသည့်အတွက် ကျန်းမာရေးမကောင်းသူများအနေဖြင့် စိုးရိမ်ရကြောင်း ကုတိုးဆိပ်ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ဦးလှကျော်မောင်က ပြောသည်။

“ကျွန်တော်တို့က အဝေးပြေးလမ်းကို ဝင့်ဇားအုပ်စုဘက်က ပတ်ပြီးသွားလို့တော့ရတယ်။ ဒါပေမဲ့ အဲဒီဘက်ကို ပတ်နေရတော့ အချိန်ကြာတယ်ပေါ့။ ဗိုက်ကြီးသည်တွေနဲ့ တခြားအရေးပေါ်လူနာတွေပေါ်လာရင် မြို့ပေါ်ကိုသွားရမှာ အရမ်းအချိန်ကြာတော့ စိုးရိမ်ရပါတယ်။ ပြီးရင် ဒီဘက်က စက်လှေနဲ့ပတ်သွားရင်လည်း အရမ်းကြာတယ်။ ဒီတံတားသာ မပျက်စီးဘူးဆိုရင် ကျွန်တော်တို့ အဝေးပြေးလမ်းကို ဆိုင်ကယ်နဲ့ မိနစ်ပိုင်းပဲ သွားရပါတယ်။” ဟု သူက ပြောသည်။

ယခုပျက်စီးနေသည့် တံတားမှာ အလျား ၂၀ ပေခန့်နှင့် အနံ ၁၈ ပေရှိကြောင်း၊ လက်ရှိတွင် ဒေသခံများအနေဖြင့် မင်းပြားမြို့ပေါ်သို့ သွားလိုလျှင် သဲတန်းချောင်းမှ စက်လှေဖြင့် ၂ နာရီကြာ ဖြတ်သန်းမောင်းနှင်ကာ သွားလာရကြောင်း ၄င်းက ပြောသည်။

ယင်းတံတားအား အသုံးပြုပြီး ဖြတ်သန်းသွားလာနေရသည့် ကျေးရွာပေါင်း ၁၄ ရွာမှာ ကုတိုးဆိပ်၊ နားပဲ့ချောင်း၊ ခါသာ၊ ပွင့်ထီး၊ ကျိန်းထောင့်ချေ၊ ဝင့်ဇား၊ ငပုကွ၊ င/မရ၊ လောင်မီး၊ ခြိတ်တောင်၊ ရွှေဇင်းခေါင်၊ ကံချောင်းဝ၊ ဆန်ထိုးတန်း (မွတ်ဆလင်) နှင့် သာစည်(မွတ်ဆလင်) ကျေးရွာတို့ဖြစ်သည်။

APM (ဩဂုတ်လ ၁၅ ရက်က ဘူးသီးတောင်မြို့နယ်၊ ဂေါင်နီကျေးရွာရှိ သောက်ရေကန်ကို ရခိုင်၊ ဟိန္ဒူ၊ မွတ်ဆလင်များနှင့် ULA/AA တို့ သန့်ရှင်းရေး ပူးပေါင်းပြုလုပ်စဉ်။)
August 21, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ ရခိုင်ပြည်အတွင်း ဘူးသီးတောင်နှင့် မောင်တောမြို့နယ်တို့တွင် လူမှုသဟဇာတ...
(ဓာတ်ပုံ - Crd)  (ပုံစာ - သရုပ်ပြ ဓာတ်ပုံ။)
August 20, 2026
ရခိုင်ပြည်၊ မြောက်ဦးမြို့နယ်၊ ပေါက်ပင်ကွင်းကျေးရွာတွင် ၉ လအရွယ် ကိုယ်ဝန်ဆောင်အမျိုးသမီး တစ်ဦးအား...
ဓာတ်ပုံ - (မောင်တော၊ ကြိမ်ချောင်းရွာ ကမ်းပါးပြိုကျမှုကြောင့် ပျက်စီးနေသည့် မြင်ကွင်း / ပေးပို့)
August 19, 2026
ရခိုင်ပြည်၊ မောင်တောမြို့နယ်၊ ကြိမ်ချောင်းကျေးရွာတွင် မိုးအဆက်မပြတ် ရွာသွန်းမှုနှင့်အတူ...
ဓာတ်ပုံ - (DMG / ပန်းမြောင်းကြီးချောင်းဒေသရှိ ဒေသခံအချို့အား ဇူလိုင်လအတွင်း တွေ့ရစဉ်။)
August 19, 2026
ရခိုင်ပြည်၊ အဉ္ဇနပူရ (မင်းပြား) မြို့နယ်၊ ပန်းမြောင်းကြီးချောင်းဒေသရှိ ကျေးရွာအများအပြားတွင်...