သျှမ်းပြည် ကျောက်မီးသွေးထွက်ရှိမှု အသုံးပြုပြီး လျှပ်စစ်ဓာတ်အားထုတ်ရန် စစ်ကောင်စီခေါင်းဆောင်ပြော

သျှမ်းပြည် ကျောက်မီးသွေးထွက်ရှိမှု အသုံးပြုပြီး လျှပ်စစ်ဓာတ်အားထုတ်ရန် စစ်ကောင်စီခေါင်းဆောင်ပြော

သျှမ်းပြည်တွင် ကျောက်မီးသွေးများထွက်ရှိသဖြင့် ကျောက်မီးသွေးကိုအသုံးပြုပြီး ခေတ်မီနည်းပညာများဖြင့် စနစ်တကျထုတ်ပါက ပတ်ဝန်းကျင် ထိခိုက်မှုနည်းပါးစေပြီး လျှပ်စစ်ဓာတ်အားထုတ်ယူရမည်ဟု စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားလိုက်သည်။

ထိုပြောကြားမှုသည် ယမန်နေ့ (အောက်တိုဘာ ၁) ရက်တွင် သျှမ်းပြည်တောင်ကြီးမြို့ သို့ရောက်ရှိနေစဉ် စစ်ကောင်စီလက်အောက်ခံ သျှမ်းပြည်အစိုးရအဖွဲ့ဝင်များနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့ခြင်းဖြစ်သည်။

သျှမ်းပြည်အတွင်း ရေအားလျှပ်စစ်ထုတ်လုပ်နိုင်သည့် သံလွင်မြစ်နှင့် အခြားအရင်းအမြစ်များစွာရှိကြောင်း၊ အလားတူ ကျောက်မီးသွေးများ ထွက်ရှိသဖြင့် ကျောက်မီးသွေးအသုံးပြု၍ ခေတ်မီနည်းပညာများဖြင့် စနစ်တကျ ထုတ်လုပ်နိုင်ပါက ပတ်ဝန်းကျင်ထိခိုက်မှုကို နည်းပါးစေပြီး လျှပ်စစ်ဓာတ်အား ထုတ်ယူ၍ရကြောင်း စစ်ကောင်စီခေါင်းဆောင်က ပြောခဲ့သည်။

တောင်ပေါ်ဒေသဖြစ်သည့်အတွက်လည်း လေအားလျှပ်စစ်ဓာတ်အားများ ထုတ်ယူ၍ရကြောင်း၊ ထို့ကြောင့် လျှပ်စစ်ဓာတ်အားများ ထုတ်လုပ်နိုင်ရေးအတွက် ရှိပြီးသားအရင်းအမြစ်များကို အသုံးချနိုင်ခြင်းဖြင့် ပြည်နယ်အတွက် အကျိုးရှိမည်ဖြစ်ကြောင်း၊ လျှပ်စစ်ဓာတ်အားများ လုံလောက်စွာရရှိခြင်းဖြင့် ဖွံ့ဖြိုတိုးတက်မှုများအား များစွာ အထောက်အကူပြုစေမည်ဖြစ်ကြောင်း စစ်ကောင်စီဥက္ကဌက ဆိုသည်။

ထို့အပြင် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် လျှပ်စစ်ဓာတ်အား လုံလောက်စွာရရှိရေးအတွက် Bio Gas အသုံးပြု၍ လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်ရေးအတွက်လည်း နည်းလမ်းရှာဖွေဆောင်ရွက်ရန် လိုကြောင်း ထပ်လောင်းပြောဆိုခဲ့သည်။

သျှမ်းပြည်အတွင်း ကျောက်မီးသွေးထုတ်လုပ်မှု သံလွင်မြစ်နှင့် အခြားအရင်းအမြစ်ကို အခြေခံပြီး လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုကို သျှမ်းပြည်လူထုသာမက မြန်မာပြည်သူများက အစဉ်တစိုက် ကန့်ကွက်ခဲ့သည်။

May 13, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည်တဝှမ်းရှိ အသက်မပြည့်သေးသည့် လူငယ်များအကြား ဘိန်းစာရွက်ရည်...
May 12, 2026
စိုင်းဟန်လင်း — ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာရေးနှစ်မှစတင်၍ စပါးနှင့် အခြားသီးနှံများအတွက်...
May 9, 2026
စစ်အစိုးရ ၏ ရက် ၁၀၀ စီမံချက်ကြောင့် သျှမ်းပြည်အတွင်းသို့ တင်သွင်းကုန်များ ရပ်တန့်နေပြီး...
May 8, 2026
သျှမ်းပြည်တောင်ပိုင်း ၊ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းကြေးကို ယခင်ကထက်...