မူဆယ်မြို့တွင်း ပစ်ခတ်မှုဖြစ်ပွား၊ လူတစ်ဦးသေဆုံး

မူဆယ်မြို့တွင်း ပစ်ခတ်မှုဖြစ်ပွား၊ လူတစ်ဦးသေဆုံး

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ ကောင်းမူးတုံရပ်ကွက် နမ့်ခမ်းစက်မှုဇုန်တွင် ယမန်နေ့ (အောက်တိုဘာ ၁) ရက် ည ၇ နာရီတွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး လူတစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။

ယမန်နေ့ညတွင် ဓားပြတိုက်အုပ်စုကို စစ်ကောင်စီနှင့် ပြည်သူ့စစ်မှ လာရောက်ဖမ်းရာ ဓားပြအဖွဲ့ဟုဆိုသူများက နေအိမ်တံခါး မဖွင့်ပေးသဖြင့် ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

“သူတို့က ဓါးပြ သူခိုးဆိုပြီး လာဖမ်းတာထင်တယ်။ နေအိမ်ကို တံခါးဖွင့်ခိုင်းတာ မဖွင့်ပေးလို့ဆိုပြီးပစ်ကြတာ။ တယောက်သေသွားတယ်လို့ပြောတယ်။ ပြည်သူ့စစ်နဲ့ စစ်သားတွေ ပါလာတယ်။ ၁၀ မိနစ်လောက်သူတို့ ပစ်ကြတာ။” ဟု မျက်မြင်တွေ့သူက ပြောသည်။

ထိုပစ်ခတ်မှုတွင် တယောက် သေဆုံးသွားပြီး တယောက်ဒဏ်ရာရရှိကာ ၅ ဦးကို ဖမ်းဆီးနိုင်ခဲ့ပြီး ၁ ဦး ထွက်ပြေးသွားကြောင်း သိရသည်။

ထို (၈) ဦးသည် ယမန့်နေ့က ဖြစ်ပွားခဲ့သည် အိမ်တွင် လာရောက်ငှားရမ်းနေထိုင်နေသည့်သူများဖြစ်ကြောင်း သိရသည်။

“အဲအိမ်မှာ အရင်လာငှားနေတာက ၂ ယောက်ပဲ။ ကျန်တဲ့သူက လာလိုက်နေတာထင်တယ်။ အဲဒါ မနေ့ကဖြစ်တော့ ၁ ယောက်ထွက်ပြေးသွားနိုင်တယ်။ ကျန်တဲ့လူတွေက ဖမ်းဆီးနိုင်ခဲ့တယ် ပြီးတော့ သေနတ် ၂ လတ်နဲ့အတူ ဖမ်းမိတာ။ တယောက်တော့ သေသွားတယ်” ဟု စက်မှုဇုန် အတွင်းနေထိုင်သူက ပြောသည်။

လွန်ခဲ့သည့် သြဂုတ် (၂၅) ရက် မနက် (၁၀) နာရီဝန်းကျင်တွင်လည်း မူဆယ်မြို့နယ် ကောင်းမူးလွယ်နယ်မြေရှိ ရွှေနဂါးဟိုတယ် တွင် အသက် (၄၅) နှစ်ဝန်းကျင်ရှိ အမျိုးသမီးတစ်ဦး ဓါးခုတ်ခံရပြီး ငွေလုခံရကြောင်း သိရသည်။

May 13, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည်တဝှမ်းရှိ အသက်မပြည့်သေးသည့် လူငယ်များအကြား ဘိန်းစာရွက်ရည်...
May 12, 2026
စိုင်းဟန်လင်း — ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာရေးနှစ်မှစတင်၍ စပါးနှင့် အခြားသီးနှံများအတွက်...
May 9, 2026
စစ်အစိုးရ ၏ ရက် ၁၀၀ စီမံချက်ကြောင့် သျှမ်းပြည်အတွင်းသို့ တင်သွင်းကုန်များ ရပ်တန့်နေပြီး...
May 8, 2026
သျှမ်းပြည်တောင်ပိုင်း ၊ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းကြေးကို ယခင်ကထက်...