မောင်တော ငန်းချောင်းကျေးရွာမှ နေအိမ်တစ်အိမ် ဓါးပြတိုက်ခံရပြီး အိမ်ရှင်အား ပြန်ပေးဆွဲ

မောင်တော ငန်းချောင်းကျေးရွာမှ နေအိမ်တစ်အိမ် ဓါးပြတိုက်ခံရပြီး အိမ်ရှင်အား ပြန်ပေးဆွဲ
မောင်တောမြို့နယ်မြောက်ပိုင်း ငန်းချောင်းကျေးရွာအလွန် ရေကျော်တံတားအနီးရှိ နယ်ခြားစောင့်ကင်းစခန်းအားတွေ့ရစဉ်။
မောင်တောမြို့နယ်မြောက်ပိုင်း ငန်းချောင်းကျေးရွာအလွန် ရေကျော်တံတားအနီးရှိ နယ်ခြားစောင့်ကင်းစခန်းအားတွေ့ရစဉ်။

မောင်တောမြိုနယ်မြောက်ပိုင်း ငန်းချောင်းမွတ်ဆလင်ကျေးရွာမှ မော်လဗီတစ်ဦးနေအိမ်အား အောက်တိုဘာလ ၂ ရက်နေ့ သန်ခေါင်ကျော် အချိန်၌ ဓါးပြတိုက်ခံရပြီး အိမ်ရှင်အား ပြန်ပေးဆွဲခေါ်ဆောင်ခြင်းခံခဲ့ရကြောင်း သိရသည်။

"ဟုတ်ပါတယ်။ ဒီနေ့မနက် ၁ နာရီလောက်မှာဓါးပြတိုက်ပြီး အိမ်ရှင်ဖြစ်သူကိုဖမ်းခေါ်သွားတာပါ။ ရွှေတွေ၊ ငွေတွေလည်း ပါသွားတယ်။ အိမ်သားတစ်ဦးပါ ဒဏ်ရာရရှိထားတယ်လို့သိရတယ်" ဟု ငန်းချောင်းမွတ်ဆလင်ကျေးရွာတွင် နေထိုင်သည့် အာလီဘော်တူးက ပြောကြားသည်။

အဆိုပါ ဓါးပြတိုက်ခံရသည့် နေအိမ်မှ ရွှေ (၂၅) ကျပ်သားခန့်နှင့် ငွေသား (၄) သိန်းကျပ်ခန့်ပါသွားပြီး ဆော်လီမူလ္လာ အသက် ၄၇ နှစ်၊ (ဘ) မောင်တာတူစိန်အား ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်သည်။

ထိုကိစ္စနှင့်ပတ်သတ်ပြီး ငန်းချောင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝင်းဌေးအား ဖုန်းအကြိမ်ကြိမ်ခေါ်ဆိုသော်လည်း လက်ခံဖြေဆိုခြင်းမရှိပေ။

အဆိုပါ ဓါးပြတိုက်ခံရမူ ဖြစ်စဉ်အကျဉ်းမှာ ဆော်လီမူလ္လာနေအိမ်သို့ ဓါးပြအင်အား (၁၅) ဦးခန့် လက်နက်အရှည် (၁) လက်၊ ဓါးရှည်ကိုယ်စီကိုင်ဆောင်ပြီး နေအိမ်တံခါးအား ခြေထောက်ဖြင့် ဆောင့်ကန်တွန်းဖွင့် ဝင်ရောက်၍ ဆော်လီမူလ္လာ၏ အိပ်ခန်းအား ဝင်ရောက်ကာ ၎င်း၏ဇနီးဖြစ်သူ "ဆာဂျီလာ" အား မွတ်ဆလင်ဘာသာစကားဖြင့် “ရွှေတွေထုတ်ပေး" ဟု ပြောဆိုပြီး အိပ်ခန်းအတွင်းသို့ လူ (၇) ဦးခန့် ဝင်ရောက်လာကာ ကျန်လူ (၄) ဦးခန့်မှာ ဓါးရှည်အားကိုင်ဆောင်၍ ခြိမ်းခြောက်လာသဖြင့် ရွှေ (၂၅) ကျပ်သားခန့်နှင့် ငွေသား (၄) သိန်းကျပ်ခန့်အား ထုတ်ပေးခဲ့ရသည်။

အိမ်ရှင်ဖြစ်သူ ဆော်လီမူလ္လာအား စတီးကြိုးဖြင့် တုတ်နှောင်၍ မောင်တော-ကြိမ်ချောင်းသွား ကားလမ်း၏ အနောက်ဘက်ရွာထဲသို့ ခေါ်ဆောင်ထွက်သွားရာ နယ်မြေပိတ်ဆို့ ရှင်းလင်းလျက်ရှိကြောင်း ရဲမှတ်တမ်းများအရ သိရသည်။

သြဂုတ်လ ၁၇ ရက်နေ့တွင်လည်း မောင်တောမြို့နယ်၊ ပဒင်း (မွတ်ဆလင်) ကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး မာမွတ်ရှော်ဖီ အဒူလာကိန်းဓါးပြအဖွဲ့ထံ ရက်ပေါင်း ၂၀ ခန့်ဖမ်းဆီးခံရပြီးနောက် ဘင်္ဂလာငွေ ၃ သိန်း အာမခံဖြင့် စက်တင်ဘာလ ၃ ရက်နေ့ မနက်အာရုံတွင် လွတ်မြောက်လာခဲ့သည်။

 
 

 

 

Most read this week

ဓာတ်ပုံ - ဝီရဌာနီ (ပေါက်တော) မြို့နယ်မှ စစ်ဘေးရှောင် အမျိုးသမီးများကို တွေ့ရစဉ် / DMG - ပုံဟောင်း
August 22, 2026
ရခိုင်ပြည်အတွင်း စစ်ရေးပဋိပက္ခများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရသူ ဦးရေ ၅ သိန်းကျော်...
APM (ဩဂုတ်လ ၁၅ ရက်က ဘူးသီးတောင်မြို့နယ်၊ ဂေါင်နီကျေးရွာရှိ သောက်ရေကန်ကို ရခိုင်၊ ဟိန္ဒူ၊ မွတ်ဆလင်များနှင့် ULA/AA တို့ သန့်ရှင်းရေး ပူးပေါင်းပြုလုပ်စဉ်။)
August 21, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ ရခိုင်ပြည်အတွင်း ဘူးသီးတောင်နှင့် မောင်တောမြို့နယ်တို့တွင် လူမှုသဟဇာတ...
(ဓာတ်ပုံ - Crd)  (ပုံစာ - သရုပ်ပြ ဓာတ်ပုံ။)
August 20, 2026
ရခိုင်ပြည်၊ မြောက်ဦးမြို့နယ်၊ ပေါက်ပင်ကွင်းကျေးရွာတွင် ၉ လအရွယ် ကိုယ်ဝန်ဆောင်အမျိုးသမီး တစ်ဦးအား...
ဓာတ်ပုံ - (မောင်တော၊ ကြိမ်ချောင်းရွာ ကမ်းပါးပြိုကျမှုကြောင့် ပျက်စီးနေသည့် မြင်ကွင်း / ပေးပို့)
August 19, 2026
ရခိုင်ပြည်၊ မောင်တောမြို့နယ်၊ ကြိမ်ချောင်းကျေးရွာတွင် မိုးအဆက်မပြတ် ရွာသွန်းမှုနှင့်အတူ...