AA မှ ဗိုလ်လောင်း ၈ ဦးကျဆုံးခြင်း အောက်မေ့ဖွယ်အခမ်းအနားပြုလုပ်မှုကြောင့် တရားစွဲခံရသူ တရားသေလွတ်မြောက်

AA မှ ဗိုလ်လောင်း ၈ ဦးကျဆုံးခြင်း အောက်မေ့ဖွယ်အခမ်းအနားပြုလုပ်မှုကြောင့် တရားစွဲခံရသူ တရားသေလွတ်မြောက်

ရက္ခိုင့်တပ်တော် (AA) မှ ကျဆုံးသွားသည့် ဗိုလ်လောင်း ၈ ဦးအား စစ်တွေမြို့တွင် အောက်မေ့ဖွယ်အခမ်းအနားပြုလုပ်မှုကြောင့် တရားစွဲဆိုခံရသူ ဦးအစံမောင်မှာ ယနေ့ပြန်လည်လွတ်မြောက်လာကြောင်း ရှေ့နေထံမှ သိရသည်။

သြဂုတ်လ ၁၁ ရက်နေ့တွင် စစ်ကောင်စီမှထုတ်ပြန်ခဲ့သည့် အမိန့်အမှတ်- ၁၇၂ ၊၂၀၂၁ အရ တရားလိုမှ စက်တင်ဘာ ၃၀ ရက်နေ့မတိုင်မီ လာရောက်လျှောက်ထားခြင်းမရှိက တရားခံများကို ပြန်လွှတ်ပေးရမည်ဆိုသဖြင့် ယခုကဲ့သို့လွတ်မြောက်လာခြင်းဖြစ်ကြောင်း သိရသည်။

တရားလွှတ်တော်ရှေ့နေ ဦးကျော်ညွှန့်မောင်က “အဲဒီအမိန့်အရလွတ်တာ။ တရားလိုက အမိန့်စာလာမတင်တဲ့အတွက် တရားသေလွှတ်ပေးလိုက်တာ” ဟု ပြောသည်။

ရက္ခိုင့်တပ်တော် (AA) မှ ဗိုလ်လောင်း ၈ ဦး ကျဆုံးသွားသည့် ၆ နှစ်ပြည့် အောက်မေ့ဖွယ်အခမ်းအနားကို ၂၀၂၀ ခုနှစ် နိုဝင်ဘာ ၁၉ ရက်နေ့က စစ်တွေမြို့တွင်ပြုလုပ်ခဲ့ပြီး လူငယ် ၃၀ ခန့်က အာရက္ခနိုင်ငံတော်သီချင်းကို ပြိုင်တူရွတ်ဆိုခြင်း၊ တစ်မိနစ်ငြိမ်သက်ခြင်း၊ ဆီမီးထွန်းဂါရဝပြုမှုခြင်းတို့ကို လုပ်ဆောင်ခဲ့ကြသည်။

ယင်းသို့လုပ်ဆောင်ရာတွင် ပါဝင်ဆောင်ရွက်မှုကြောင့် ဦးအစံမောင်ကို ဖမ်းဆီးပြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးဌာနမှ ဦးအောင်ဇံဝေမှ တရားလိုပြုလုပ်ကာ ဘေးစီမံဥပဒေပုဒ်မ- ၂၉ ဖြင့် တရားစွဲဆိုခဲ့သည်။

“ကျွန်တော်က တစ်လလောက်ချုပ်နှောင်ခဲ့ရတယ်။ ပြီးတော့ လေးငါးခြောက်လလောက် ရုံးတက်တရားရင်ဆိုင်ခဲ့ရတယ်။ အမှုရုပ်သိမ်းလွှာပါတဲ့အတွက် ဒီနေ့နေ့လည်ပိုင်းမှာ ပြန်လွတ်လာခဲ့တယ်” ဟု လွတ်မြောက်လာသည့် ဦးအစံမောင်ကပြောသည်။

ပြီးခဲ့သည့် ၂၀၁၄ ခုနှစ် နိုဝင်ဘာလ ၁၄ ရက်နေ့က ကချင်လွတ်မြောက်ရေးတပ်တော် (KIA) သင်တန်းကျောင်းသို့ မြန်မာစစ်တပ်က လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့သဖြင့် ဗိုလ်လောင်းအချို့ ထိခိုက်သေဆုံးခဲ့ရသည်။

ယင်းအထဲတွင် ရက္ခိုင့်တပ်တော် (AA) မှ ဗိုလ်လောင်း ၈ ဦးလည်း ပါဝင်သွားခဲ့သည်။

Most read this week

ဓာတ်ပုံ - ဝီရဌာနီ (ပေါက်တော) မြို့နယ်မှ စစ်ဘေးရှောင် အမျိုးသမီးများကို တွေ့ရစဉ် / DMG - ပုံဟောင်း
August 22, 2026
ရခိုင်ပြည်အတွင်း စစ်ရေးပဋိပက္ခများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရသူ ဦးရေ ၅ သိန်းကျော်...
APM (ဩဂုတ်လ ၁၅ ရက်က ဘူးသီးတောင်မြို့နယ်၊ ဂေါင်နီကျေးရွာရှိ သောက်ရေကန်ကို ရခိုင်၊ ဟိန္ဒူ၊ မွတ်ဆလင်များနှင့် ULA/AA တို့ သန့်ရှင်းရေး ပူးပေါင်းပြုလုပ်စဉ်။)
August 21, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ ရခိုင်ပြည်အတွင်း ဘူးသီးတောင်နှင့် မောင်တောမြို့နယ်တို့တွင် လူမှုသဟဇာတ...
(ဓာတ်ပုံ - Crd)  (ပုံစာ - သရုပ်ပြ ဓာတ်ပုံ။)
August 20, 2026
ရခိုင်ပြည်၊ မြောက်ဦးမြို့နယ်၊ ပေါက်ပင်ကွင်းကျေးရွာတွင် ၉ လအရွယ် ကိုယ်ဝန်ဆောင်အမျိုးသမီး တစ်ဦးအား...
ဓာတ်ပုံ - (မောင်တော၊ ကြိမ်ချောင်းရွာ ကမ်းပါးပြိုကျမှုကြောင့် ပျက်စီးနေသည့် မြင်ကွင်း / ပေးပို့)
August 19, 2026
ရခိုင်ပြည်၊ မောင်တောမြို့နယ်၊ ကြိမ်ချောင်းကျေးရွာတွင် မိုးအဆက်မပြတ် ရွာသွန်းမှုနှင့်အတူ...