မြန်မာနိုင်ငံတွင်းက အိန္ဒိယ သူပုန်စခန်းများကို အိန္ဒိယတပ် ဝင်တိုက်

မြန်မာနိုင်ငံတွင်းက အိန္ဒိယ သူပုန်စခန်းများကို အိန္ဒိယတပ် ဝင်တိုက်
by -
မဇ္ဈိမ
ပြီးခဲ့သည့်လက အိန္ဒိယတပ်သားများ သူပုန်များ၏ ခြံုခိုတိုက်ခိုက်ခံရစဉ် မြင်ကွင်း။ (ဓာတ်ပုံ - အေအက်ဖ်ပီ)
ပြီးခဲ့သည့်လက အိန္ဒိယတပ်သားများ သူပုန်များ၏ ခြံုခိုတိုက်ခိုက်ခံရစဉ် မြင်ကွင်း။ (ဓာတ်ပုံ - အေအက်ဖ်ပီ)
အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်းတွင် စစ်တပ်ယာဉ်တန်း ခြံုခိုတိုက်ခိုက်ခံရ၍ စစ်သား အနည်းဆုံး၂၀ သေဆုံးပြီး ရက်အနည်းငယ်တွင် မြန်မာနိုင်ငံတွင်းမှ သူပုန်စခန်းများကို အိန္ဒိယစစ်တပ်က ဝင်ရောက်တိုက်ခိုက်လိုက်ကြောင်း ဝန်ကြီးတစ်ဦးက ပြောသည်။ မြန်မာနိုင်ငံရှိ သူပုန်စခန်းနှစ်ခုကို တပ်ဖွဲ့က ဝင်ရောက်ဖြိုခွင်းခဲ့ပြီး အောင်မြင်ဘေးကင်း စွာ ပြန်လာနိုင်ခဲ့ကြောင်း ဝန်ကြီး ရတ်ဂ်ယာဝါဒန်ဆင်းချ်ရတ်သောရီက ပြောသည်။

ယခုစစ်ဆင်မှုက အိန္ဒိယသူပုန်များကို အထိနာစေကြောင်း အကြီးတန်းတပ်မတော်အရာရှိ ရန်ဘီယားဆင်းချ်က ပြောသည်။ ပြီးခဲ့သည့် သီတင်းပတ်က ခြံုခိုတိုက်ခိုက်ခံရမှုသည် မြန်မာနယ်စပ် မဏိပူပြည်နယ်တွင်း ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ခြံုခိုတိုက်ခိုက်ပြီးနောက် ပုန်းကွယ်သွားသည့် သူပုန်များကို အိန္ဒိယစစ်တပ်က တပ်သားအင်အား ရာကျော်နှင့် ရဟတ်ယာဉ်များဖြင့် ခြေရာခံလိုက်ရာ မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်သွားခဲ့ခြင်းကို ခြေရာကောက်နိုင်ခဲ့ခြင်းဖြစ်သည်။

မဏိပူရှိ အာဏာပိုင်များမှာ သောင်းကျန်းသူအဖွဲ့များ၏ တိုက်ခိုက်သောင်းကျန်းခြင်းများကို ရင်ဆိုင်နေရသည်မှာ နှစ် အတန်ကြာပြီ ဖြစ်သည်။

မြန်မာနယ်စပ်တစ်လျှောက်တွင် စစ်ဆင်ရေးကို အိန္ဒိယစစ်သားများက ဆောင်ရွက်ခဲ့ကြောင်း အိန္ဒိယတပ်မတော်က ပြောပြီး အင်္ဂါနေ့ စစ်ဆင်ရေးတွင် တပ်ဖွဲ့ဝင်များက မြန်မာပိုင်နက်ကို ဖြတ်ကျော်ဝင်ရောက်ကာ သူပုန်များကို တိုက်ခိုက်စစ်ဆင်ခဲ့ခြင်းဖြစ်ကြောင်း ရတ်သောရီက ပြောသည်။

May 12, 2026
ယမင်းဖူးပွင့်အောင် — ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စစ်အုပ်စုက တရုတ်ကုန်ပစ္စည်းများ တင်သွင်းမှုကို...
May 11, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရေး ၎င်း၏ ရှေ့နေအဖွဲ့က...
May 9, 2026
ပေါ်ထွန်း — ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စု၏ ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ (၁၆)...
May 8, 2026
အာဏာသိမ်း စစ်အုပ်စု၏ “ညစ်ညမ်းတဲ့ ငွေများ”အား လော်ဘီလုပ်ငန်းဆီသို့ စီးဆင်းခွင့်ပြုမည့်အစား...