မိုင်းကိုင်မြို့နယ် စစ်ရှောင်မှ မွေးကင်းစမိခင်များ နေရာထိုင်ခင်း၊ အဟာရမှုန့်လိုအပ်

မိုင်းကိုင်မြို့နယ် စစ်ရှောင်မှ မွေးကင်းစမိခင်များ နေရာထိုင်ခင်း၊ အဟာရမှုန့်လိုအပ်

သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ် ဟမ်းငိုင်းကျေးရွာအုပ်စုမှ စစ်ရှောင်စခန်းတွင် မွေးကင်းစမိခင်များအတွက် နေရာအထိုင်အခင်းနှင့် အာဟာရမှုန့်များ လိုအပ်နေကြောင်း စုံစမ်းသိရှိရသည်။

ဟမ်းငိုင်းကျေးရွာအုပ်စုရှိ ကုန်းစုံဘုန်းကြီးကျောင်းမှာ စစ်ရှောင် (၇၅၃) ဦးရှိပြီး ၎င်းတို့ အထဲမှာ မွေးကင်းစမိခင် (၂၀) ကျော်၊ (၃) နှစ်အောက် ကလေးငယ် (၄၀) ကျော်နှင့် (၆) နှစ်အောက် ကလေး (၈၅) ဦးရှိကြောင်း စစ်ရှောင်များကူညီပေးသည့် ကော်မတီဝင်တစ်ဦးက သျှမ်းသံတော်ဆင့် ကိုပြောသည်။

“မွေးကင်းစ မိခင်တွေကတော့ နေရာအထိုင်အခင်းတွေ အခက်ခဲဖြစ်တယ်။ သူတို့က တစ်ချို့ အစားအသောက်တွေက စားလို့မရဘူး တစ်ချို့ဟာပဲ စားလို့ရတယ်။ ကလေးတွေအတွက်တော့ အာဟာရနို့မှုန့်တွေ လိုအပ်တာတယ်” ဟု ဟမ်းငိုင်းစစ်ရှောင်များ ကူညီပေးသည့် ကော်မတီဝင် တစ်ဦး က သျှမ်းသံတော်ဆင့် ကိုပြောသည်။

သျှမ်းတပ် (၂) တပ်တိုက်ပွဲကြောင့် စစ်ရှောင်များ ကုန်းစုံဘုန်းကြီးကျောင်းသို့ ထွက်ပြေးလာရပြီး စစ်ရှောင်စခန်းမှာ ကလေးမီးဖွားသန့်စင်သည့် ကိုယ်ဝန်သည် (၂) ဦးရှိပြီး မိုင်းကိုင်ပြည်သူ့ဆေးရုံသို့ (၁) ဦး ပို့ဆောင်မီးဖွားခဲ့ရကြောင်း သိရှိရသည်။

“ကိုယ်ဝန်ရင့်မားကြီးတဲ့ စစ်ဘေးရှောင်လာရတယ်။ ၂ ရက် ၃ ရက်လောက်မှ မွေးထားတဲ့ သူတွေလည်းရှိတယ်။ စခန်းမှာ လာရောက်မီးဖွားတဲ့သူ (၃) ဦးရှိသွားပြီ” ဟု အမျိုးသားတစ်ဦးက ပြောသည်။

စက်တင်ဘာ (၃၀) ရက်က ဟိုခဲကျေးရွာအုပ်စုအတွင်း တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း စစ်ရှောင်များထံ စုံစမ်းသိရှိရသည်။

“မနေ့တော့ ဟိုခဲကျေးရွာအုပ်စုဘက် တိုက်ပွဲဖြစ်သေးတယ်။ စစ်ရှောင်တွေက နေ့တိုင်းပဲ နည်းနည်းစီလာနေတယ်။ ခုလက်ရှိက ဟင်းတွေ လိုအပ်တယ်” ဟု စစ်ရှောင်ကော်မတီတစ်ဦးက ပြောသည်။

လက်ရှိ စစ်ရှောင်စခန်းသည် လူများလာသည့်အတွက် နေရာထိုင်ခင်းများ ခက်ခဲသဖြင့် စစ်ရှောင်များ တဲဆောက်ပြီး နေထိုင်ရသည့်အတွက် မိုးကာများ လိုအပ်နေကြောင်း သိရှိရသည်။

မိုင်းကိုင်မြို့နယ် ဟိုခဲကျေးရွာအုပ်စုအတွင်း စက်တင်ဘာ (၁၄) ရက် ကစတင်ပြီး သျှမ်းတပ် (၂) တပ် တိုက်ပွဲဖြစ်ပွားသောကြောင့် စစ်ရှောင်များ (၃၀၀၀) နီးပါး နေရပ်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

Most read this week

December 23, 2025
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ...
December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...