ကုန်စျေးနှုန်းမြင့်မားလာနေ၍ ရခိုင်မှ မှိုစိုက်ပျိုးသူများ အရှုံးပေါ်

ကုန်စျေးနှုန်းမြင့်မားလာနေ၍ ရခိုင်မှ မှိုစိုက်ပျိုးသူများ အရှုံးပေါ်

ကုန်စျေးနှုန်းများ မြင့်မားလာနေသည့်အတွက် ရခိုင်ပြည်နယ်မှ မှိုစိုက်ပျိုးသူများ အရှုံးပေါ်နေကြောင်း သိရသည်။

ရခိုင်တွင် တိုက်ပွဲကာလနှင့် ကိုဗစ်ရောဂါကာလများတွင် ယခုလောက်အခက်အခဲမရှိခဲ့သော်လည်း ယခုအခါ မှိုစိုက်ပျိုးရန်လိုအပ်သည့် ကုန်ကြမ်းစျေးနှုန်းများ အဆမတန် မြင့်မားလာနေသည့်အတွက် မှိုလုပ်ငန်းငန်းရှင်များ အရှုံးပေါ်နေရခြင်းဖြစ်သည်ဟု သိရသည်။

“ကုန်စျေးနှုန်းတက်တာက ပိုဆိုးပါတယ်။ မှိုလုပ်ဖို့အတွက် ကုန်ကြမ်းဝယ်ရတယ်။ အရင်တုန်းက အိတ်တစ်ထုပ်ကို ၁ ထောင်ကျော်လောက်ပဲကျတယ်။ အခု ၂ ကျော်နေတော့ ဘယ်လိုမှ အဆင်မပြေတော့ဘူး” ဟု မြောက်ဦးမြို့နယ်မှ မှိုစိုက်ပျိုးသူတစ်ဦးဖြစ်သူ ဦးသာကျော်က ပြောသည်။

ယင်းအပြင် မှိုလုပ်ရာတွင် အဓိကအရေးပါသော လွှာစာမှုန့်များကိုလည်း ယခင်က သစ်စက်ပိုင်ရှင်များက အခမဲ့ပေးခဲ့ကြသော်လည်း ယခုအခါ တစ်အိတ်လျှင် ကျပ် ၁ ထောင်ပေးဝယ်ယူနေရသည်ဟု သိရသည်။

“ဒါတောင်မှ အလုအယက်ဝယ်ရတာပါ။ လွှစာမှုန့်တွေကို အိမ်မှာ ထမင်းချက်ဖို့ ဝယ်ကြတဲ့အတွက် လိုသလောက်လည်း ဝယ်လို့မရဘူး” ဟု ပုဏ္ဏားကျွန်းမြို့နယ်မှ မှိုစိုက်ပျိုးသူတစ်ဦးက ပြောသည်။

စျေးကွက်အတွင်းတွင်လည်း ယခင်က မှိုတစ်ပိဿာလျှင် လက်ကားစျေး ကျပ် ၄ ထောင်မှ ၅ ထောင်အထိရခဲ့သော်လည်း ယခုအခါ ကျပ် ၃ ထောင်ကျော်သာရရှိနေပြီး စျေးကွက်တွင် စျေးမရဖြစ်နေသည်ဟုလည်း သိရသည်။

“ဘာကြောင့် စျေးမရလဲတော့မသိဘူး။ လူတွေက မကြိုက်ကြဘူးဖြစ်နေတယ်။ သူက ဟင်းလည်း မဟုတ်၊ ငါးလည်း မဟုတ်ဆိုတော့ မကြိုက်ကြဘူး” ဟု ပုဏ္ဏားကျွန်းမြို့နယ်မှ မှိုစိုက်ပျိုးသူတစ်ဦးက ပြောသည်။

ရခိုင်တွင် နောက်ထပ် မှိုအမျိုးအစားတစ်ခုဖြစ်သည့် မှိုကျိ (ကြွက်နားရွက်မှို) များကိုလည်း ယခင်က အလှူမင်္ဂလာဆောင်နှင့် ပွဲလမ်းသဘင်များအတွက် ရန်ကုန်ဘက်မှ လမ်းစရိတ်၊ သယ်ယူစရိတ်နှင့် တန်ဆာခများစျေးကြီးပေးကာ မှာယူခဲ့ရသည်ဟု သိရသည်။

လက်ရှိတွင် အဆိုပါမှိုအမျိုးအစားကို ရခိုင်ပြည်နယ်အတွင်း စိုက်ပျိုးနိုင်သော်လည်း စျေးကွက်မရှိ၍ အခက်တွေ့နေရသည်ဟု ပုဏ္ဏားကျွန်းမြိုနယ်မှ မှိုစိုက်ပျိုးသူ ကိုမင်းဇော်က ပြောသည်။

ရခိုင်တွင် ဘူးသီးတောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်နှင့် မြောက်ဦးမြို့နယ်များတွင် မှိုစိုက်ပျိုးရေးလုပ်ကိုင်တတ်ကြကြောင်း သိရသည်။

April 11, 2026
ကျော်သီဟ — ဧပြီလ ၁ဝ ရက်တွင်ကျရောက်သည့် အာရက္ခတပ်တော် (AA) တည်ထောင်ခြင်း (၁၇) နှစ်မြောက်နေ့သို့...
April 10, 2026
နှင်းနွယ်နီ — ရခိုင်ပြည်၊ မြို့တော်စစ်တွေမြို့ရှိ ထောင်အနီးနှင့် သံတော်လီရွာဝင်ဝအနီးတို့တွင်...
April 9, 2026
ခိုင်လူလှ (ရိုးမမြေ) — ကျောက်ဖြူမြို့နယ်တိုက်ပွဲများတွင် ထိခိုက်သေဆုံးမှုများနေသဖြင့်...
April 8, 2026
မောင်စာဂ — အကြမ်းဖက်စစ်ကော်မရှင်ထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့နယ်ရှိ ပင်လယ်ပြင်တွင်...