လွိုင်ကော်မြို့ ကုန်းသာကျေးရွာအနီးတစ်ဝိုက်မှာ တိုက်ပွဲပြင်းထန်နေဆဲ၊ လူနေအိမ်အချို့ မီးလောင်

လွိုင်ကော်မြို့ ကုန်းသာကျေးရွာအနီးတစ်ဝိုက်မှာ တိုက်ပွဲပြင်းထန်နေဆဲ၊ လူနေအိမ်အချို့ မီးလောင်

ဒီကနေ့ စက်တင်ဘာလ (၃၀) ရက်နေ့ ကရင်နီပြည်နယ် လွိုင်ကော်မြို့ ကုန်းသာကျေးရွာအနီးတစ်ဝိုက်မှာ ကရင်နီပူးပေါင်းတပ်၊ ပြည်သူ့ကာကွယ်ရေးတပ်နဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်နေပြီး နေအိမ်အချို့မီးလောင်နေတယ်လို့ ဒေသခံဆီကနေ သိရပါတယ်။

"နေ့လည် ၁၁ နာရီကျော်ကတည်းကစတာ ခုထိပဲ တိုက်ပွဲက ၄ နာရီဝန်းကျင်ရှိနေပြီ။ ဆောင်ကန်း (ကယား) က လူနေအိမ်တွေကို မီးလိုက်ရှို့နေတယ်" လို့ ဒေသခံတစ်ဦးက မွန်းလွှဲ ၃ နာရီခွဲမှာ အတည်ပြုပြောကြားပါတယ်။

တိုက်ပွဲကြောင့် အဆိုပါ အနီးအနားကျေးရွာက ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရပြီး အကြမ်းဖက်စစ်ကောင်စီတပ်မှ လက်နက်ကြီးတွေနဲ့ အဆက်မပြတ် ပစ်ခတ်နေတာကြောင့် လူနေအိမ်ထိခိုက်မှုလည်းရှိတယ်လို့ သိရပါတယ်။

ကုန်းသာကျေးရွာအနီးတစ်ဝိုက်မှာ ယမန်နေ့ကတည်းက တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှုလည်း ရှိခဲ့ပါတယ်။

ဒီကနေ့ တိုက်ပွဲမှာတော့ နှစ်ဖက်ထိခိုက်ကျဆုံးမှု ရှိ/မရှိကို မသိရှိရသေးပါဘူး။

 
 

 

 

Most read this week

August 22, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အရှေ့ခြမ်းနှင့် အနောက်ဘက်ခြမ်းရှိ နေရာများကို စစ်အုပ်စုတပ်က ယခုရက်...
August 20, 2026
ဂျန်ဒါအခြေပြု အကြမ်းဖက်မှုများ လျှော့ချနိုင်ရေးအတွက် အမျိုးသမီးများအတွက် လိုအပ်သည့် အကူအညီများ...
(ဓာတ်ပုံ - Crd)
August 19, 2026
ကရင်နီပြည်တွင် သစ်တောပြုန်းတီးမှု ကာကွယ်လျှော့ချနိုင်ရန်အတွက် ထင်းမီးအစားထိုး လောင်စာတောင့်...
ဓာတ်ပုံ - Crd
August 19, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းတွင် Starlink ကုမ္ပဏီ၏ မူဝါဒပြောင်းလဲမှုများကြောင့်...