ဝမ်ဖိုက်ဒီရေတောကို ကာကွယ်ထိန်းသိမ်းရန် ကော်မတီဖွဲ့စည်း

ဝမ်ဖိုက်ဒီရေတောကို ကာကွယ်ထိန်းသိမ်းရန် ကော်မတီဖွဲ့စည်း

ရခိုင်ပြည်နယ်အတွင်းရှိ ဝမ်ဖိုက်ဒီရေတောကို ကာကွယ်ထိန်းသိမ်းရန်အတွက် ဝမ်ဖိုက်ဒီရေတောစောင့်ရှောက်ကာကွယ်ထိန်းသိမ်းရေးကော်မတီတစ်ခုကို စက်တင်ဘာ ၂၉ ရက်နေ့က ဖွဲ့စည်းလိုက်ကြောင်း သိရသည်။

ဝမ်ဖိုက်ဒီရေတောမှ တရားမဝင်သစ်ထုတ်လုပ်မှု၊ လောင်စာထင်းမီးသွေးထုတ်လုပ်မှု များပြားလာသောကြောင့် ယင်းတို့ကိုကာကွယ်ထိန်းသိမ်းနိုင်ရန် ဒီရေတောထိန်းသိမ်းရေးလုပ်ဆောင်နေသူများနှင့် ဒေသခံများ စုစုပေါင်း ၂၆ ဦးပါဝင်သည့် ကော်မတီကိုဖွဲ့စည်းခဲ့ကြောင်း ယင်းကော်မတီ၏ အလုပ်အမှုဆောင်အဖွဲ့ဝင် ကိုထွန်းနိုင်က DMG သို့ပြောသည်။

“အရင်ကထက် တရားမဝင်သစ်ခိုးထုတ်မှုတွေ၊ ထင်းခုတ်တာတွေကိုတွေ့ရတယ်။ အဲဒီတော့ ဒီကိစ္စတွေကို မကာကွယ်နိုင်ဘူးဆိုရင် သဘာဝဘေးအန္တရာယ်တွေကြုံလာနိုင်တဲ့အတွက် ကျွန်တော်တို့ ဝန်ဖိုက်ဒီရေတောစောင့်ရှောက်ကာကွယ်ထိန်းသိမ်းရေးကော်မတီကို ဖွဲ့လိုက်တာပါ” ဟု ၎င်းကဆိုသည်။

ယခင်က လျှပ်စစ်မီးမရသည့်အတွက် လောင်စာထင်းမီးသွေးအဖြစ် ဝမ်ဖိုက်ဒီရေတောမှထင်းများကို ခုတ်ခဲ့သည်ယုယူဆရသော်လည်း လက်ရှိမှာလျှပ်စစ်မီးများရနေသော်လည်း ထင်းမီးသွေးထုတ်လုပ်ရန် ခုတ်လှဲမှုများပိုများလာနေကြောင်း ကိုထွန်းနိုင်ကပြောသည်။

ဝမ်ဖိုက်ဒီရေတောကို ထိန်းသိမ်းရန်အတွက် ပြည်သူများကို အသိပညာပေးခြင်း၊ ထင်း/မီးသွေးလုပ်ငန်းလုပ်ကိုင်နေသူများအတွက် အခြားသော အသက်မွေးဝမ်းကျောင်းဆိုင်ရာ အလုပ်အကိုင်များဖန်တီးပေးခြင်းနှင့် စနစ်တကျစောင့်ကြည့်ခြင်းတို့ကို လုပ်ဆောင်ရမည်ဖြစ်ကြောင်း ရခိုင်ကမ်းရိုးတန်းဒေသ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအသင်း (RCA) ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်ကြည်က DMG သို့ ပြောဆိုထားသည်။

“ဒီသစ်တောကြီးက ရခိုင်ပြည်နယ်ရဲ့ အဖိုးမဖြတ်နိုင်တဲ့ တန်ဖိုးကြီးရတနာတစ်ခုဖြစ်နေပေမယ့် အရင်ကရော အခုရော သစ်တွေကိုခုတ်နေကြတာပဲ။ ကာရီ(တာ)တွေဆည်ပြီး လုပ်နေကြတာပဲ။ ဒါတွေကို ထိန်းသိမ်းဖို့ လက်ရှိမှာတော့ အချိန်နည်းနည်းမှီသေးတယ်။ ဒီလိုမှမဟုတ်ပဲ ဒီအတိုင်းသာဆက်သွားနေရင်တော့ နောင်အများခံရင် ဆယ်နှစ်ပဲ” ဟု ဆိုသည်။

ဝန်ဖိုက်ဒီရေတောအား ရမ်းဗြဲမြို့နယ် ဒေသခံများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် သစ်တောဦးစီးဌာနတို့ပူးပေါင်းပြီး ထိန်းသိမ်းစောင့်ရှောက်ထားကြောင်း ရခိုင်ပြည်နယ်သစ်တောဦးစီးဌာနမှ လက်ထောက်ညွန်ကြားရေးမှူး ဦးဇော်ဇော်အောင် DMG သို့ပြောသည်။

“ဝန်ဖိုက်ဒီရေတောနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့ သစ်တောဦးစီးဌာနအနေနဲ့ ပြည်သူတွေ၊ ဝန်ထမ်းတွေနဲ့ ပူးပေါင်းပြီးတော့ ထိန်းသိမ်းကာကွယ်စောင့်ရှောက်ထားတယ်။ အရေးယူအပိုင်းတွေမှာတော့ သစ်ဥပဒေဖွဲ့စည်းပုံအရအမျိုးမျိုးရှိတယ်။ ကြိုးဝိုင်းထဲကိုကျုးကျော်လာရင် ကြိုးဝိုင်းဥပဒေပုဒ်မနဲ့ တရားစွဲတယ်၊ ပုဒ်မတွေကတော့အများကြီးရှိတယ်” ဟု ၎င်းကဆိုသည်။

ဝန်ဖိုက်ဒီရေတောသည် ဧက ၁၅၀၀၀၀ ကျော်ခန့်ရှိပြီး ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ်နှင့် ကျောက်ဖြူမြို့နယ်အတွင်းတည်ရှိကာ ဇီဝမျိုးစုံမျိုးကွဲများစွာ ရှင်သန်ကျက်စားရာနေရာတစ်ခုလည်းဖြစ်သည်။

Most read this week

ဓာတ်ပုံ - ဝီရဌာနီ (ပေါက်တော) မြို့နယ်မှ စစ်ဘေးရှောင် အမျိုးသမီးများကို တွေ့ရစဉ် / DMG - ပုံဟောင်း
August 22, 2026
ရခိုင်ပြည်အတွင်း စစ်ရေးပဋိပက္ခများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရသူ ဦးရေ ၅ သိန်းကျော်...
APM (ဩဂုတ်လ ၁၅ ရက်က ဘူးသီးတောင်မြို့နယ်၊ ဂေါင်နီကျေးရွာရှိ သောက်ရေကန်ကို ရခိုင်၊ ဟိန္ဒူ၊ မွတ်ဆလင်များနှင့် ULA/AA တို့ သန့်ရှင်းရေး ပူးပေါင်းပြုလုပ်စဉ်။)
August 21, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ ရခိုင်ပြည်အတွင်း ဘူးသီးတောင်နှင့် မောင်တောမြို့နယ်တို့တွင် လူမှုသဟဇာတ...
(ဓာတ်ပုံ - Crd)  (ပုံစာ - သရုပ်ပြ ဓာတ်ပုံ။)
August 20, 2026
ရခိုင်ပြည်၊ မြောက်ဦးမြို့နယ်၊ ပေါက်ပင်ကွင်းကျေးရွာတွင် ၉ လအရွယ် ကိုယ်ဝန်ဆောင်အမျိုးသမီး တစ်ဦးအား...
ဓာတ်ပုံ - (မောင်တော၊ ကြိမ်ချောင်းရွာ ကမ်းပါးပြိုကျမှုကြောင့် ပျက်စီးနေသည့် မြင်ကွင်း / ပေးပို့)
August 19, 2026
ရခိုင်ပြည်၊ မောင်တောမြို့နယ်၊ ကြိမ်ချောင်းကျေးရွာတွင် မိုးအဆက်မပြတ် ရွာသွန်းမှုနှင့်အတူ...