ကိုဗစ်ပိုးတွေ့ရှိမှု ငါးရာခိုင်နှုန်းအောက်လျော့နည်းပါက အခြေခံပညာကျောင်းများကို ဖွင့်လှစ်သွားမည်ဟု စစ်ကောင်စီပြော

ကိုဗစ်ပိုးတွေ့ရှိမှု ငါးရာခိုင်နှုန်းအောက်လျော့နည်းပါက အခြေခံပညာကျောင်းများကို ဖွင့်လှစ်သွားမည်ဟု စစ်ကောင်စီပြော

မြန်မာနိုင်ငံအတွင်း ကိုဗစ်ပိုးတွေ့ရှိမှု ငါးရာခိုင်နှုန်းအောက်လျော့ကျပါက နိုင်ငံတစ်ဝှမ်းရှိ အခြေခံပညာကျောင်းများကို ပြန်လည်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စစ်ကောင်စီက ပြောသည်။

ပညာရေးကို အဓိကထားဆောင်ရွက်နေကြောင်းလည်း ယနေ့ စက်တင်ဘာလ ၃၀ ရက်နေ့တွင် နေပြည်တော်၌ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ စစ်ကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

“အခုက ကိုဗစ်ကူးစက်ပြန့်ပွားမှုနှုန်း ၇ ရာခိုင်နှုန်းထိရှိသေးတယ်။ WHO က သတ်မှတ်ထားတဲ့ ငါးရာခိုင်နှုန်းနဲ့ ငါးရာခိုင်နှုန်းအောက်ရောက်ရင် ကျွန်တော်တို့ကျောင်းတွေဖွင့်ဖို့ ဆက်လက်ဆောင်ရွက်မှာဖြစ်တယ်” ဟု ၎င်းကပြောသည်။

ရေတိုအနေဖြင့်လည်း အားကစားကိုပါဆောင်ရွက်နေပြီး တိုင်းနှင့်ပြည်နယ်အလိုက် အားကစားကွင်းများပြုလုပ်ကာ အားကစားစိတ်ဓာတ်ပြန်လည်ရှင်သန်ရေးအတွက် လုပ်ဆောင်နေကြောင်း စစ်ကောင်စီက ဆိုသည်။

ကိုဗစ်ကူးစက်ပြန့်ပွားမှုများကြောင့် အခြေခံပညာကျောင်းများကို ၂၀၂၁ ခုနှစ်၊ ဇူလိုင် ၉ ရက်နေ့မှစတင်ကာ ယာယီပိတ်ထားခဲ့သည်။ လက်ရှိတွင် ကိုဗစ်ကူးစက်မှုနှုန်းလျော့ကျလာနေပြီး ကူးစက်မှုနှုန်း ဆက်လက်ကျဆင်းရေး ထိန်းချုပ်ရန်လိုအပ်သည်ဟုဆိုကာ အခြေခံကျောင်းများကို အောက်တိုဘာ ၂၄ ရက်နေ့အထိ ဆက်လက်ပိတ်ထားမည်ဖြစ်ကြောင်း စစ်ကောင်စီက စက်တင်ဘာလ ၂၄ ရက်နေ့တွင် ထပ်မံထုတ်ပြန်ခဲ့သည်။

ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်အတွင်းကလည်း မြန်မာနိုင်ငံအတွင်း COVID-19 ဖြစ်ပွားမှုများကြောင်း နိုင်ငံအတွင်းရှိ အခြေခံပညာကျောင်းများကို တစ်နှစ်ပတ်လုံးပိတ်ထားခဲ့ရသည်။

မြန်မာနိုင်ငံတွင် စက်တင်ဘာလ ၂၉ ရက်နေ့အထိ ကိုဗစ်ပိုးတွေ့ရှိသူစုစုပေါင်း ၄၆၂၆၀၈ ဦးနှင့် သေဆုံးသူ ၁၇၆၈၂ ဦးအထိရှိကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။

 
 

 

 

Most read this week

ဓာတ်ပုံ - ဝီရဌာနီ (ပေါက်တော) မြို့နယ်မှ စစ်ဘေးရှောင် အမျိုးသမီးများကို တွေ့ရစဉ် / DMG - ပုံဟောင်း
August 22, 2026
ရခိုင်ပြည်အတွင်း စစ်ရေးပဋိပက္ခများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရသူ ဦးရေ ၅ သိန်းကျော်...
APM (ဩဂုတ်လ ၁၅ ရက်က ဘူးသီးတောင်မြို့နယ်၊ ဂေါင်နီကျေးရွာရှိ သောက်ရေကန်ကို ရခိုင်၊ ဟိန္ဒူ၊ မွတ်ဆလင်များနှင့် ULA/AA တို့ သန့်ရှင်းရေး ပူးပေါင်းပြုလုပ်စဉ်။)
August 21, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ ရခိုင်ပြည်အတွင်း ဘူးသီးတောင်နှင့် မောင်တောမြို့နယ်တို့တွင် လူမှုသဟဇာတ...
(ဓာတ်ပုံ - Crd)  (ပုံစာ - သရုပ်ပြ ဓာတ်ပုံ။)
August 20, 2026
ရခိုင်ပြည်၊ မြောက်ဦးမြို့နယ်၊ ပေါက်ပင်ကွင်းကျေးရွာတွင် ၉ လအရွယ် ကိုယ်ဝန်ဆောင်အမျိုးသမီး တစ်ဦးအား...
ဓာတ်ပုံ - (မောင်တော၊ ကြိမ်ချောင်းရွာ ကမ်းပါးပြိုကျမှုကြောင့် ပျက်စီးနေသည့် မြင်ကွင်း / ပေးပို့)
August 19, 2026
ရခိုင်ပြည်၊ မောင်တောမြို့နယ်၊ ကြိမ်ချောင်းကျေးရွာတွင် မိုးအဆက်မပြတ် ရွာသွန်းမှုနှင့်အတူ...