လီဒိုလမ်းမပေါ်တွင် စစ်ကောင်စီတပ်ကို KIA တိုက်ခိုက်

လီဒိုလမ်းမပေါ်တွင် စစ်ကောင်စီတပ်ကို KIA တိုက်ခိုက်

လီဒိုလမ်းမပေါ် တိန်ကောက်နှင့် ကောင်ရာကျေးရွာ ၂ ခုကြားတွင် ယနေ့ နံနက် ၁၁ နာရီဝန်းကျင်ခန့်က အာဏာသိမ်းစစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပွားမှုအကြောင်းအရင်းမှာ မိုးကောင်းဘက်မှတက်လာသော စစ်ကြောင်းကို လုံခြုံရေးရယူပေးရန်အတွက် တနိုင်းမြို့ဘက်မှ ဆင်းလာသည့်အဖွဲ့ကို KIA က ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု တိန်းကောက် ဒေသခံတစ်ဦးက KNG သတင်းဌာနကို ပြောဆိုခဲ့သည်။

“မိုးကောင်းဘက်ကနေ တက်လာတဲ့အဖွဲ့ကို လာကြိုတဲ့ နယ်မြေလုံခြုံရေးအဖွဲ့ကို KIA က ကြားဖြတ်တိုက်ခိုက်တဲ့သဘောပါ။ အခုတိုက်ခိုက်ခံရတဲ့ စစ်သားတွေက တနိုင်းဘက်ကနေ ဆင်းခဲ့တုန်းက စစ်အင်အားများတယ်။ တိန်းကောက်မှာ ရောက်နေတာ ၃ရက်လောက်ရှိပြီ။ ဒီမနက်ကတော့ ဒီအဖွဲ့တွေကို လုံခြုံရေးချဖို့အတွက် တနိုင်းမြို့တက်တဲ့လမ်းဘက်ကို ၂၀ လောက်ချထားတယ်။ မြစ်ကြီးနားသွားတဲ့ လမ်းဘက်ကို ၂၀ လောက်ချထားတာဟုတ်တယ်။ တိုက်ပွဲဖြစ်တာက တနိုင်းမြို့ဘက်ကို ချထားတဲ့အဖွဲ့နဲ့ဖြစ်ခဲ့တာပါ” ဟု ပြောဆိုသည်။

ယနေ့နံနက် တိုက်ပွဲဖြစ်ပွားခဲ့သည့်နေရာတွင် ၂ ဖက်တပ်အပြန်အလှန် နာရီဝက်ခန့်အကြာ လက်နက်ကြီးလက်နက်ငယ်များဖြင့် ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်းနှင့် အာဏာသိမ်းစစ်တပ်ဘက်က ထိခိုက်မှုရှိနိုင်ပြီး KIA ဘက်က ထိခိုက်မှုမရှိကြောင်း သူကဆက်ဆိုသည်။

လက်ရှိ ကောင်ရာနှင့် တိန်းကောက်ကျေးရွာ အနီးတဝိုက်တွင် ၂ ဖက်တပ်တင်းမာမှုရှိနေပြီး မိုးကောင်းမြို့နယ်ဘက်ကနေ တက်လာသည့် စစ်ကောင်စီတပ်ဖွဲ့တို့ တနိုင်းဘက်တွင် ရောက်ရှိလာပါက တိုက်ပွဲပြန်လည်ဖြစ်ပွားနိုင်ခြေရှိနေကြောင်း ဆက်ပြောသည်။

စစ်ကောင်စီ ရိက္ခာသယ်ကား အစီး ၄၀ ကျော်သည် မိုးကာအုပ်ကာ ယမန်နေ့ မိုးကောင်းမြို့မှ လီဒိုလမ်းမကြီးအတိုင်း တနိုင်းလမ်းသို့ ထွက်ခွာသွားပြီဖြစ်သည်။

အဆိုပါ စစ်ရိက္ခာသယ်ယူရန်အတွက် လီဒိုလမ်းမကြီးတစ်လျှောက်တွင် စစ်ကောင်စီက လုံခြုံရေးတင်းကြပ်ထားပြီး နမ္မတီးမြို့အနီး မရန်ကထောင်ကျေးရွာမှ ဒွမ်ဘန်ကျေးရွာအထိ စစ်အင်အား ၂၀၀ ကျော်ခန့်အထိ လုံခြုံရေးချထားကြောင်း ဒေသခံများပြေဆိုချက်မှ သိရသည်။

Most read this week

အရှေ့နာဂကာကွယ်ရေးတပ် (ENDA) / Crd - ENDA
September 19, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်အတွင်း အရှေ့နာဂကာကွယ်ရေးတပ် (ENDA) က တပ်သားသစ်စုဆောင်း ရန်...
စင်းခန်းကျေးရွာတစ်ဝိုက် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် မီးလောင်ကျွမ်းနေစဉ်။ / Crd
September 18, 2026
ကချင်ပြည်၊ ဗန်းမော်၊ မံစီနှင့် ဇင်းဘုံ၊ စင်းခန်းတံတားတစ်ဝိုက် ဒေသများတွင် စစ်ရေးတင်းမာနေပြီး...
မြစ်ကြီးနားမြို့ Happy KTV တွင် ဖမ်းဆီးခံခဲ့ရသည့် KIO အရာရှိများကို တွေ့ရစဉ်။ / ပုံဟောင်း
September 18, 2026
ကချင်ပြည် မြစ်ကြီးနားမြို့၊ တပ်ကုန်းရပ်ကွက်ရှိ Happy KTV တွင် ဖမ်းဆီးခံခဲ့ရသည့် KIO အရာရှိ ၁၃...
ကချင်ပြည်၊ ဝိုင်းမော်မြို့အတွင်း ART ဆေး ရရှိနိုင်သည့် ကျန်းမာရေးစင်တာတစ်ခုအား တွေ့ရစဉ်။ / Crd
September 18, 2026
ကချင်ပြည်အတွင်း HIV ပိုးထိန်းဆေး (ART) ပြတ်လပ်နေသည့်အတွက် HIV လူနာများအကြား စိုးရိမ်မှု...