ဖုန်းလိုင်းနှင့် အင်တာနက်ဖြတ်ခံထားရသည့် ကောလင်းနှင့်ဝန်းသိုမြို့တွင် အခြေအနေတည်ငြိမ်နေ

ဖုန်းလိုင်းနှင့် အင်တာနက်ဖြတ်ခံထားရသည့် ကောလင်းနှင့်ဝန်းသိုမြို့တွင် အခြေအနေတည်ငြိမ်နေ

ဒေသခံ PDF များနှင့် စစ်ကောင်စီတပ်တို့၏ ပြင်းထန်သည့် တိိုက်ပွဲများကြောင့် ဖုန်းလိုင်းနှင့် အင်တာနက်ဖြတ်ခံထားရသည့် ကောလင်းမြို့နှင့် ဝန်းသိုမြို့နယ်များတွင် လက်ရှိအခြေအနေတည်ငြိမ်နေကြောင်း သိရသည်။

“အခုတော့ တည်ငြိမ်နေတယ်၊ ကောလင်းမြို့ပေါ်ရောအခုက ဘာမှမကြားရသေးဘူး၊ စကစကတော့ တောနင်းရှာနေတာ၊ အနောက်ဘက်လည်း ဘာသတင်းမှမရဘူး” ဟု  ကောလင်းမြို့နယ်ရှိကျေးရွာတစ်ခုမှ  ရှမ်းနီတိုင်းရင်းသားတစ်ဦးက ပြောကြားခဲ့သည်။

ကောလင်း၊ ဝန်းသိုမြို့တို့တွင် တချို့သောကျေးရွာများတွင် ဖုန်းလိုင်းအနည်းငယ်နှင့် အင်တာနက်လိုင်းများ အချိန်ပိုင်းဖြင့်ရရှိနေကြောင်း ၎င်း၏ ပြောဆိုမှုအရ သိရသည်။

ကောလင်းမြို့ပေါ်ရှိ စာသင်းကျောင်းတချို့တွင် စစ်ကောင်စီတပ်များက တပ်စွဲထားမှုများလည်းရှိကြောင်း သိရသည်။

တိုက်ပွဲပြင်းထန်ခဲ့သည့် ပင်လည်ဘူးနှင့် ကောလင်းနယ်စပ်တွင် စစ်ကောင်စီတပ်က လေယာဉ်များဖြင့် တိုက်ခိုက်မှုများကြောင့် ဒေသခံတချို့ မြို့ပေါ်ကိုထွက်ပြေးတိမ်းရှောင်ကြသည်ဟုလည်း သတင်းအရင်းအမြစ်တချို့က ဆိုသည်။

ကောလင်း၊ ဝန်းသိုနှင့် ပင်လည်ဘူးမြို့များကို စစ်ကောင်စီက ဖုန်းလိုင်းနှင့် အင်တာနက်အားလုံးကို စက်တင်ဘာလ ၂၆ ရက်နေ့ နံနက် (၅) နာရီကတည်းက ဖြတ်တောက်ခဲ့ခြင်းဖြစ်သည်။

May 13, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည်တဝှမ်းရှိ အသက်မပြည့်သေးသည့် လူငယ်များအကြား ဘိန်းစာရွက်ရည်...
May 12, 2026
စိုင်းဟန်လင်း — ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာရေးနှစ်မှစတင်၍ စပါးနှင့် အခြားသီးနှံများအတွက်...
May 9, 2026
စစ်အစိုးရ ၏ ရက် ၁၀၀ စီမံချက်ကြောင့် သျှမ်းပြည်အတွင်းသို့ တင်သွင်းကုန်များ ရပ်တန့်နေပြီး...
May 8, 2026
သျှမ်းပြည်တောင်ပိုင်း ၊ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းကြေးကို ယခင်ကထက်...