ကျောက်မဲစစ်ရှောင် စားနပ်ရိက္ခာနှင့် အမျိုးသမီးသုံးပစ္စည်းများ အရေးပေါ်လိုအပ်နေ

ကျောက်မဲစစ်ရှောင် စားနပ်ရိက္ခာနှင့် အမျိုးသမီးသုံးပစ္စည်းများ အရေးပေါ်လိုအပ်နေ

သျှမ်းမြောက် ကျောက်မဲမြို့နယ်တွင် ရောက်ရှိနေသည့် စစ်ဘေးရှောင်ပြည်သူများသည် စာနပ်ရိက္ခာနှင့် အမျိုးသမီးသုံးပစ္စည်းများ အရေးပေါ်လိုအပ်နေကြောင်း သတင်းရရှိသည်။

ကျောက်မဲမြို့နယ် မန်ခါစစ်ရှောင်စခန်းတွင် ကိုဗစ်ကူးစက်ခံရသည့် စစ်ရှောင် (၁၂၄) ဦးထိရှိနေပြီး လက်ရှိတွင် အစားအသောက်နှင့် အမျိုးသမီးသုံးပစ္စည်းများ အရေးပေါ်လိုအပ်နေတာဖြစ်ကြောင်း စစ်ရှောင်ကူညီသူများထံမှ သိရသည်။

“စစ်ရှောင်လာတာ တစ်လကျော်ရှိနေပြီ၊ အများစုက အမျိုးသမီးနဲ့ ကလေးတွေပဲ၊ အမျိုးသမီးသုံးပစ္စည်းတွေလည်း နည်းနည်းပဲရှိတော့တယ်၊ ခုက အေးတဲ့ရာသီ ရောက်တော့မှာဆိုတော့ အနွေးထည်တွေလည်း မရှိကြဘူး၊ တစ်ချို့ဆို အဝတ်အပိုတောင် မပါလာရဘူး၊ ဒီတိုင်းပဲ ရောက်လာကြတာ” ဟု မန်ခါစစ်ရှောင်များကို ကူညီနေသည့် နန်းကိန်ငင်းက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိ စစ်ရှောင်စခန်းတွင် စားနပ်ရိက္ခာ အလွန်နည်းပါးနေပြီဖြစ်ပြီး၊ အစားအသောက်လုံလောက်မှုမရှိတော့ကြောင်း လည်း စစ်ရှောင်ကူညီပေးနေသည

“ဒီမှာက အစားအသောက်တွေ အရမ်းနည်းနေပြီ၊ ဆန်နဲ့ ဟင်းအခြောက်တွေ နည်းနည်းပဲရှိတော့တယ်၊ နေရပ်ကိုလည်း ပြန်လို့မရသေးဘူး၊ နောက်ပြီး ဒီနေ့ ကိုဗစ်လူနာတွေလည်း သက်သာလို့ စစ်ရှောင်စခန်းမှာ ပြန်လာနေကြတော့မှာဆိုတော့ အစားအသောက်က မလုံလောက်တော့ဘူး” ဟု နန်းကိန်ငင်း က ဆိုသည်။

ထိုစစ်ရှောင်စခန်းတွင် အများစုမှာ ကလေးနှင့် အမျိုးသမီးများသာဖြစ်ပြီး ကိုယ်ဝန်ရင့်နေသည့် ကိုယ်ဝန်သည်တစ်ဦး၊ အသက် (၁၀၁) နှစ်ရှိ သက်ကြီး အမျိုးသမီးတစ်ဦးနှင့် လေဖြတ်နေသည့် အမျိုးသားတစ်ဦးလည်း ရှိနေကြောင်း သိရသည်။

မန်ခါစစ်ရှောင်စခန်းတွင် စစ်ရှောင် (၂၀၀) ကျော်ရှိပြီး ပန်ဟုန်းနှင့် လွယ်ကုန်ကျေးရွာဒေသခံများဖြစ်ပြီး တစ်လကျော်ကြာမြင့်နေပြီဖြစ်ကြောင်း သိရသည်။

ထိုနည်းတူ ကျောက်မဲမြို့ မိုင်းတင်းကျေးရွာအုပ်စုအတွင်းရှိ စစ်ရှောင်စခန်းများတွင်လည်း အစားအသောက်များနှင့် အမျိုးသမီးသုံးပစ္စည်းများ လိုအပ်နေကြောင်း စစ်ရှောင်ကူညီသူများထံမှ သိရသည်။

ကျောက်မဲမြို့နယ်တွင် တိုင်းရင်းသားလက်နက်ကိုင်များဖြစ်သည့် RCSS/SSA နှင့် တပ်ပေါင်းစုဖြစ်သည့် SSPP/SSA ၊ TNLA တို့ တိုက်ပွဲပြင်းထန်ခဲ့မှုကြောင့် စစ်ရှောင်စခန်းတွင် ရောက်ရှိခိုလှုံနေသူ (၂၄၀၀) ကျော်နှင့် မြို့ပေါ် ရပ်ကွက်နှင့် ဆွေမျိုးအိမ်များတွင် ရောက်ရှိခိုလှုံနေသူ (၁၇၀၀) ကျော်ထိရှိနေကြောင်း သိရှိရသည်။

Photo: ကျောက်မဲစစ်ရှောင်

 
 

 

 

May 13, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည်တဝှမ်းရှိ အသက်မပြည့်သေးသည့် လူငယ်များအကြား ဘိန်းစာရွက်ရည်...
May 12, 2026
စိုင်းဟန်လင်း — ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာရေးနှစ်မှစတင်၍ စပါးနှင့် အခြားသီးနှံများအတွက်...
May 9, 2026
စစ်အစိုးရ ၏ ရက် ၁၀၀ စီမံချက်ကြောင့် သျှမ်းပြည်အတွင်းသို့ တင်သွင်းကုန်များ ရပ်တန့်နေပြီး...
May 8, 2026
သျှမ်းပြည်တောင်ပိုင်း ၊ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းကြေးကို ယခင်ကထက်...