သေးဆူလဲကျေးရွာတွင် စစ်ရှောင်ပြည်သူတစ်ဦး မိုင်းထိမှန်

သေးဆူလဲကျေးရွာတွင် စစ်ရှောင်ပြည်သူတစ်ဦး မိုင်းထိမှန်

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ သေးဆူလဲ ကျေးရွာမှာ ရိက္ခာသယ်ဖို့ အိမ်ပြန်လာတဲ့ စစ်ရှောင်ပြည်သူတစ်ဦး မနေ့ည (စက်တင်ဘာ ၂၈ ရက်) ၇ နာရီခွဲ ဝန်းကျင် အချိန် သေးဆူလဲရွာအတွင်းမှာ မြေမြှုပ်မိုင်းနင်းမိပြီး ခြေထောက်မှာ ထိခိုက်ဒဏ်ရာ အပြင်းအထန် ရရှိခဲ့တယ်လို့ ဒေသခံအမျိုးသား တစ်ဦးဆီကနေ သိရပါတယ်။

“မနေ့ည ကျနော်သွားတွေ့တာတော့ ညာဖက်ဒူးအောက်ပိုင်း ပြတ်သွားတယ်။ နောက်ဘယ်ဖက်မှာလည်း ဒဏ်ရာတွေရှိသေးတာပေါ့။" လို့ အဆိုပါ ဒေသခံက ပြောပါတယ်။

မိုင်းထိမှန်သူမှာ သေးဆူလဲရွာသားဖြစ်ပြီး ရွာထဲကို ရိက္ခာသယ်ဖို့ အိမ်ပြန်လာရင်းနဲ့ မိုင်းထိမှန်သွားတာဖြစ်ပါတယ်။ အခုလက်ရှိမှာတော့ ဆေးကုသမှုခံယူနေပြီး အခြေအေနေအသေးစိတ်ကိုတော့ မသိရှိရသေးဘူးလို့ ဆိုပါတယ်။

ဒီးမော့ဆိုမြို့နယ်၊ ကုန်းသာကျေးရွာနဲ့ သေးဆူလဲကျေးရွာ အနီးတစ်ဝိုက်မှာ ပြီးခဲ့တဲ့ စက်တင်ဘာ (၂၅၊ ၂၆) ရက်တွေမှာ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ KNDF ပူးပေါင်းတပ်တို့ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်က မြေမြုပ်မိုင်းတွေကို ထောင်ထားခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

 
 

 

 

Most read this week

August 22, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အရှေ့ခြမ်းနှင့် အနောက်ဘက်ခြမ်းရှိ နေရာများကို စစ်အုပ်စုတပ်က ယခုရက်...
August 20, 2026
ဂျန်ဒါအခြေပြု အကြမ်းဖက်မှုများ လျှော့ချနိုင်ရေးအတွက် အမျိုးသမီးများအတွက် လိုအပ်သည့် အကူအညီများ...
(ဓာတ်ပုံ - Crd)
August 19, 2026
ကရင်နီပြည်တွင် သစ်တောပြုန်းတီးမှု ကာကွယ်လျှော့ချနိုင်ရန်အတွက် ထင်းမီးအစားထိုး လောင်စာတောင့်...
ဓာတ်ပုံ - Crd
August 19, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းတွင် Starlink ကုမ္ပဏီ၏ မူဝါဒပြောင်းလဲမှုများကြောင့်...