မြန်မာနိုင်ငံတွင် အသက် ၁၃ နှစ်မှ ၁၈ နှစ်အောက်ရှိ လူဦးရေ ၆ သန်းကို ကိုဗစ်ကာကွယ်ဆေးထိုးပေးမည်ဟုဆို

မြန်မာနိုင်ငံတွင် အသက် ၁၃ နှစ်မှ ၁၈ နှစ်အောက်ရှိ လူဦးရေ ၆ သန်းကို ကိုဗစ်ကာကွယ်ဆေးထိုးပေးမည်ဟုဆို

မြန်မာနိုင်ငံတွင် အသက် ၁၃ နှစ်အရွယ်မှ အသက် ၁၈ နှစ်အောက်ရှိသည့် လူဦးရေ ၆ သန်းကို ကာကွယ်ဆေးထိုးပေးရန် ရည်ရွယ်ထားကြောင်း ပြည်သူ့ကျန်းမာရေးဌာန၊ ကျန်းမာရေးအသိပညာမြှင့်တင်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားထားသည်။

လက်ရှိမြန်မာနိုင်ငံတွင် ကိုဗစ်ကာကွယ်ဆေးကို အသက် ၁၈ နှစ်အထက်ရှိသည့် လူဦးရေ ၃၆ ဒသမ ၉ သန်းကို ဦးစားပေးထိုးနှံပေးလျက်ရှိကြောင်းလည်း ၎င်းကဆိုသည်။

ရခိုင်ပြည်နယ်တွင်လည်း အသက် ၁၃ နှစ်မှ ၁၈ နှစ်အောက်ရှိကလေးငယ်များကို နိုင်ငံတော်အစီအစဉ်နှင့် ကာကွယ်ဆေးထိုးပေးရန်စီစဉ်နေကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က DMG သို့ပြောသည်။

“အသက် ၁၃ နှစ်နဲ့အထက် ကလေးငယ်တွေကို နိုင်ငံတော်အစီစဉ်နဲ့ဆေးထိုးဖို့ စီစဉ်နေတယ်။ လက်ရှိကတော့ ဒီလောက်ပဲသိသေးတယ်။ ဘယ်နေ့စထိုးမယ်ဆိုတာကိုတော့ မသိသေးပါဘူး။ ဆေးကတော့ လစဉ်အလိုက်ထပ်ရောက်ဖို့ရှိတယ်” ဟု ဒေါက်တာစိုးဝင်းပိုင်က ဆိုသည်။

ရခိုင်ပြည်နယ်တွင် လက်ရှိကိုဗစ်ကာကွယ်ဆေးထိုးရန် လူဦးရေ ၁၆ သိန်းရှိသည့်အနက် ၃ သိန်းခန့်ကို ထိုးပေးပြီးဖြစ်ကာ ကျန်သည့် လူဦးရေများကိုလည်း ဆေးရရှိသည့်အပေါ်မူတည်ပြီး ဆက်လက်ထိုးပေးသွားမည်ဖြစ်ကြောင်း ဒေါက်တာစိုးဝင်းပိုင်ကဆိုသည်။

လက်ရှိ ရခိုင်ပြည်အတွင်းက မြို့နယ်များတွင် ကိုဗစ်ပိုးတွေ့ရှိသူဦးရေနည်းပါးလာနေပြီး ဆေးကုသမှုခံယူနေသည့် လူများမှာလည်း ၁၀၀ နီးပါးသာရှိလာပြီဖြစ်ကြောင်း ပြည်နယ်စစ်ကောင်စီ၏စာရင်းအရ သိရသည်။

ကိုဗစ်ကာကွယ်ဆေးထိုးနှံသူများမှာ ကိုဗစ်ရောဂါကို ရဝ ရာခိုင်နှုန်းမှ ၉၀ ရာခိုင်နှုန်းအထိ ကာကွယ်ပေးနိုင်ကြောင်း သိရသည်။ ကာကွယ်ဆေးထိုးပြီး ရောဂါပိုးကူးစက်ခံရသူများမှာလည်း ရောဂါလက္ခဏာများမှာ ပြင်းထန်မှုမရှိဘဲ ဆေးရုံတက်ကုသရသည့်အဆင့်အထိမရောက်ရှိနိုင်ကြောင်း ဒေါက်တာခင်ခင်ကြီး ပြောဆိုထားသည်။

ရခိုင်ပြည်နယ်တွင် ကိုဗစ်ပထမလှိုင်းနှင့် ဒုတိယလှိုင်းနှစ်ခုအတွင်း သေဆုံးသူ ၃၇ ဦးရှိခဲ့ပြီး ယခုတတိယလှိုင်းတွင် သေဆုံးသူဦးရေမှာ စက်တင်ဘာ ၂၈ ရက်နေ့အထိ ၄၆၈ ဦးရှိလာနေပြီဖြစ်ကြောင်း ပြည်နယ်စစ်ကောင်စီမှထုတ်ပြန်သည့် စာရင်းအရ သိရသည်။

ယင်းအပြင် ရခိုင်တစ်ပြည်နယ်လုံးတွင် ကိုဗစ်ရောဂါပိုးကူးစက်ခံရသူ ၄၈၄၄ ဦးရှိပြီး ယင်းအထဲမှ ဆေးရုံမှဆင်းခွင့်ရရှိသူ ၄၂၅၂ ဦးအထိရှိကြောင်း သိရသည်။

Most read this week

ဓာတ်ပုံ - ဝီရဌာနီ (ပေါက်တော) မြို့နယ်မှ စစ်ဘေးရှောင် အမျိုးသမီးများကို တွေ့ရစဉ် / DMG - ပုံဟောင်း
August 22, 2026
ရခိုင်ပြည်အတွင်း စစ်ရေးပဋိပက္ခများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရသူ ဦးရေ ၅ သိန်းကျော်...
APM (ဩဂုတ်လ ၁၅ ရက်က ဘူးသီးတောင်မြို့နယ်၊ ဂေါင်နီကျေးရွာရှိ သောက်ရေကန်ကို ရခိုင်၊ ဟိန္ဒူ၊ မွတ်ဆလင်များနှင့် ULA/AA တို့ သန့်ရှင်းရေး ပူးပေါင်းပြုလုပ်စဉ်။)
August 21, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ ရခိုင်ပြည်အတွင်း ဘူးသီးတောင်နှင့် မောင်တောမြို့နယ်တို့တွင် လူမှုသဟဇာတ...
(ဓာတ်ပုံ - Crd)  (ပုံစာ - သရုပ်ပြ ဓာတ်ပုံ။)
August 20, 2026
ရခိုင်ပြည်၊ မြောက်ဦးမြို့နယ်၊ ပေါက်ပင်ကွင်းကျေးရွာတွင် ၉ လအရွယ် ကိုယ်ဝန်ဆောင်အမျိုးသမီး တစ်ဦးအား...
ဓာတ်ပုံ - (မောင်တော၊ ကြိမ်ချောင်းရွာ ကမ်းပါးပြိုကျမှုကြောင့် ပျက်စီးနေသည့် မြင်ကွင်း / ပေးပို့)
August 19, 2026
ရခိုင်ပြည်၊ မောင်တောမြို့နယ်၊ ကြိမ်ချောင်းကျေးရွာတွင် မိုးအဆက်မပြတ် ရွာသွန်းမှုနှင့်အတူ...