ကိုဗစ်တတိယလှိုင်းနှင့် နိုင်ငံရေးမတည်ငြိမ်မှုများကြောင့် ရခိုင်ပြည်စီးပွားရေးမှာ ယခင်ကိုဗစ်ကာလများထက် နှစ်ဆခန့်ကျဆင်းသွားဟု စီးပွားရေးလုပ်ငန်းရှင်များခန့်မှန်း

ကိုဗစ်တတိယလှိုင်းနှင့် နိုင်ငံရေးမတည်ငြိမ်မှုများကြောင့် ရခိုင်ပြည်စီးပွားရေးမှာ ယခင်ကိုဗစ်ကာလများထက် နှစ်ဆခန့်ကျဆင်းသွားဟု စီးပွားရေးလုပ်ငန်းရှင်များခန့်မှန်း

COVID-19 တတိယလှိုင်းနှင့် မြန်မာနိုင်ငံ၏ နိုင်ငံရေးမတည်ငြိမ်မှုများကြောင့် ရခိုင်ပြည်၏စီးပွားရေးမှာ ယခင်ကိုဗစ်ကာလများထက် စီးပွားရေးနှစ်ဆခန့်ကျဆင်းလာနေကြောင်း ရခိုင်စီးပွားရေးလုပ်ငန်းရှင်များက ခန့်မှန်းပြောဆိုကြသည်။

ကိုဗစ်ပထမလှိုင်းနှင့် ဒုတိယလှိုင်းကာလအတွင်း ရခိုင်ပြည်နယ်မှ အဓိကထုတ်လုပ်ရောင်းချနေသည့် ဆန်စပါးရောင်းဝယ်ရေးလုပ်ငန်း၊ ရေလုပ်ငန်းနှင့် အခြားစီးပွားရေးလုပ်ငန်းများမှာ ၅၀ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့ကြောင်း စီးပွားရေးလုပ်ငန်းရှင်များက ဆိုသည်။

ယခုကိုဗစ်တတိယလှိုင်းကာလတွင် မြန်မာနိုင်ငံအတွင်း နိုင်ငံရေးမတည်ငြိမ်မှုများပါဖြစ်ပေါ်နေသည့်အတွက် စီးပွားရေးကျဆင်းမှုပိုမိုများပြားကြောင်း ရခိုင်ပြည်နယ် ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးတင်အောင်ဦးကဆိုသည်။

“လက်ရှိအချိန်က ပြည်ပသွင်းကုန်တွေဆို အရင်ကထက်စာရင် အခုက တစ်ဝက်လောက်မြင့်တက်သွားတယ်။ စက်သုံးဆီတွေဆိုရင်လည်း ပုံမှန်စျေးထက် ငါးရာ၊ ခြောက်ရာ၊ ခုနှစ်ရာအထိတောင်မြင့်တက်သွားပြီ။ ဒီလိုဆိုတော့ စီးပွားရေးရိုက်ခတ်မှုက တော်တော်လည်းကြီးမားတယ်ပေါ့”ဟု ဦးတင်အောင်ဦးကပြောသည်။

လက်ရှိဖြစ်ပေါ်နေသည့် အခြေအနေအရပ်ရပ်များကြောင့် ငွေကြေးမတည်ငြိမ်မှုများ၊ ရောင်းဝယ်ရေးကိစ္စများနှင့် တခြားသောကိစ္စရပ်များမှာ အခက်အခဲမျိုးစုံဖြစ်ပေါ်နေကာ ကုန်သည်လုပ်ငန်းရှင်များအနေဖြင့် ငွေကြေးတည်ငြိမ်မှုဖြစ်လာရေးကို မျှော်လင့်နေကြသည်။

ရခိုင်ပြည်၏ ကုန်သွယ်ရေးစခန်းများဖြစ်သည့် မောင်တောနယ်စပ်ကုန်သွယ်ရေးနှင့် စစ်တွေနယ်စပ်ကုန်သွယ်ရေးစခန်းတို့ကိုလည်း ကိုဗစ်တတိယလှိုင်းကြောင့် ဇူလိုင်လ ၁၅ ရက်နေ့မှ စတင်ပိတ်ထားခဲ့ရာ လက်ရှိအချိန်ထိ ပြန်လည်မဖွင့်လှစ်နိုင်သေးပေ။

ကိုဗစ်ရောဂါထက် နိုင်ငံရေးမတည်ငြိမ်မှု အကျိုးသက်ရောက်မှုက နိုင်ငံ၏စီးပွားရေးရိုက်ခတ်မှုဒဏ်ကို ပိုမိုပြင်းထန်စွာခံစားနေရကြကြောင်း ရခိုင်စီးပွားရေးဦးဆောင် အများနှင့်သက်ဆိုင်သောကုမ္ပဏီ (REIC) ဒုတိယဥက္ကဋ္ဌ ဦးခင်မောင်ကြီးက သုံးသပ်ပြောဆိုသည်။

“စီးပွားရေးက ရှေ့ကိုပိုပြီးဆိုးလာမယ့်အခြေအနေရှိတယ်လို့သုံးသပ်တယ်။ ငွေကြေးအခက်အခဲ၊ ကုန်ပစ္စည်းမထုတ်နိုင်တာရှိတယ်။ ထုတ်လိုက်တဲ့ကုန်ပစ္စည်းတွေကိုလည်း ကုန်စျေးနှုန်းပိုကြီးမယ်။ ဒါကြောင့် ရှေ့ကိုပိုးဆိုးလာနိုင်တယ်” ဟု ဦးခင်မောင်ကြီးက သုံးသပ်သည်။

ရခိုင်မှာ ယခင်ကိုဗစ်ကာလများထက် ယခုကိုဗစ်တတိယလှိုင်းအတွင်း သေဆုံးနှုန်း ၇ ဆကျော်အထိမြင့်မားခဲ့ပြီး သြဂုတ်လအတွင်းမှစ၍ ပိုးတွေ့ရှိမှုတဖြည်းဖြည်းလျော့ကျလာခဲ့ကာ စက်တင်ဘာလ ၂၈ ရက်နေ့တွင် တစ်ပြည်နယ်လုံးမှာ ကိုဗစ်ပိုးတွေ့ရှိသူ ၄ ဦးသာ တွေ့ရှိခဲ့သည်။

ကိုဗစ်သေဆုံးနှုန်းနှင့် ပိုးတွေ့ရှိမှုနှုန်းလျော့ကျလာနေသော်လည်း ပြည်သူများအနေဖြင့် သတိပေါ့ဆစွာမနေထိုင်ကြရန် ကျန်းမာရေးဝန်ကြီးဌာနမှ တိုက်တွန်းထားသည်။

April 11, 2026
တိုက်ပွဲများ ရှိနေသည့် စစ်တွေမြို့တွင် စစ်ကောင်စီသည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့အဖြစ် ဝန်ကြီး ၈...
April 10, 2026
စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့တွင် သင်္ကြန်ကာလ နီးကပ်လာမှုနှင့်အတူ...
နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးကာကင်းစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 9, 2026
မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းတွင် တိုက်ပွဲဖြစ်ပွားမှု ဆက်တိုက်ရှိနေပြီး...
တားမြစ်ထားသည့် ယစ်မျိုးကုန်များ ရောင်းချမှုရှိ/မရှိ ULA/AA က စစ်ဆေးမှုများ လုပ်ဆောင်နေသည်ကို ၂၀၂၅ ခုနှစ်အတွင်းက ရခိုင်ဒေသတစ်နေရာတွင် တွေ့ရစဉ်။ ဓာတ်ပုံ - APM
April 8, 2026
သင်္ကြန်ကာလအတွင်း အာရက္ခတပ်တော်(AA) ထိန်းချူပ်ဒေသများသို့ တရားဝင် တင်သွင်းခွင့်ပြုထားသည့်...