ရခိုင်က IDPs စခန်းနှင့် စစ်ဘေးရှောင်စခန်းများတွင် ကိုဗစ်ကာကွယ်ဆေးထိုးနှံမှု မြို့နယ် ၁၂ မြို့နယ်တွင်ပြီးစီး

ရခိုင်က IDPs စခန်းနှင့် စစ်ဘေးရှောင်စခန်းများတွင် ကိုဗစ်ကာကွယ်ဆေးထိုးနှံမှု မြို့နယ် ၁၂ မြို့နယ်တွင်ပြီးစီး

ရခိုင်ပြည်နယ်မှ IDPs စခန်းများနှင့် စစ်ဘေးရှောင်စခန်းများတွင် တရုတ်နိုင်ငံထုတ် (Sinovac) ကိုဗစ်ကာကွယ်ဆေးထိုးနှံလျက်ရှိရာ လက်ရှိ ၁၂ မြို့နယ်တွင် ထိုးနှံပြီးစီးနေပြီဖြစ်ကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဌာနမှ သိရသည်။

ရခိုင်က မြို့နယ် ၁၂ မြို့နယ်တွင် ပထမအကြိမ် ကိုဗစ်ကာကွယ်ဆေးထိုးပြီးသူ မွတ်ဆလင်ဒုက္ခသည်များနှင့် စစ်ဘေးရှောင်ဒုက္ခသည်စုစုပေါင်း ၅၀၀၀၀ ခန့်ကို ကိုဗစ်ကာကွယ်ဆေးထိုးပေးရန်အတွက် ရရှိထားသည့်ဆေးအလုံးရေ ၂၅၀၀၀ ကို စခန်းအလိုက်ခွဲတမ်းချပြီးထိုးပေးနေခြင်းမှာ ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

“ရခိုင်မှာရှိတဲ့ မွတ်ဆလင်ဒုက္ခသည်စခန်းတွေနဲ့ စစ်ဘေးရှောင်တွေ ဆေးခွဲတမ်း လူဦးရေငါးသောင်းစာအတွက်ရထားတယ်။ အဲဒီဆေးတွေကို ကျွန်တော်တို့က မြို့နယ် ၁၂ မြို့နယ်မှာရှိတဲ့ လူဦးရေငါးသောင်းကိုထိုးပြီးသွားပါပြီ” ဟု ပြည်နယ်ပြည်သူ့ကျန်းမာရေးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က DMG သို့ပြောသည်။

ရခိုင်ပြည်နယ်တွင် ကိုဗစ်ကာကွယ်ဆေးထိုးရန် လူဦးရေ ၁၆ သိန်းရှိသည့်အနက် ၃ သိန်းခန့်ကိုထိုးပေးပြီးဖြစ်ကာ ကျန်သည့် လူဦးရေများကိုလည်း ဆေးရရှိသည့်အပေါ်မူတည်ပြီး ဆက်လက်ထိုးပေးသွားမည်ဖြစ်ကြောင်း ဒေါက်တာစိုးဝင်းပိုင်ကဆိုသည်။

လက်ရှိမှာ ကိုဗစ်ရောဂါကူးစက်မှု လျော့နည်းလာသော်လည်း ရောဂါပိုးကူးစက်မှုများတွေ ့နေဆဲဖြစ်သဖြင့် ပြည်သူလူထုများအနေဖြင့် မပေါ့ဆရန်နှင့် မိမိအသိစိတ်ဖြင့်နေထိုင်ကြရန်လိုအပ်ကြောင်း ကျန်းမာရေးဌာနက တိုက်တွန်းထားသည်။

သို့သော် ကိုဗစ်စည်းကမ်းနှင့်ပတ်သက်ပြီး လက်ရှိမှာ အားနည်းလာနေကြောင်း ဝံလက်ဒေသဖွံ့ဖြိုးရေးဖောင်ဒေးရှင်း အမှုဆောင်ဒါရိုက်တာ ဦးခိုင်ကောင်းစံက ထောက်ပြပြောဆိုထားသည်။

“အခုဆိုရင် ပြည်သူလူထုတွေက ကိုဗစ်နဲ့ပတ်သက်ပြီးတော့ စည်းကမ်းလိုက်နာမှုတွေ တော်တော်ကိုအားနည်းနေတာကိုတွေ့ရတယ်။ နေရာတိုင်းမှာဆိုသလို လူစုလူဝေးတွေ့နေရတယ်။ စျေးတွေမှာဆိုရင်လည်း Mask မတပ်သူတွေအများကြီးပဲ။ အစိုးရကတော့ အရေးယူနေတယ်လို့ပြောတယ်၊ ဒါပေမဲ့ အရေးယူတာတွေက ထိရောက်မှုမရှိဘူး” ဟု ၎င်းကဆိုသည်။

ကိုဗစ်တတိယလှိုင်းကို အမြန်ဆုံးထိန်းချုပ်နိုင်ရန် ကိုဗစ်ကာကွယ်၊ ကုသရေးလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်နေကြောင်း ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက DMG သို့ ပြောကြားထားသည်။

“ကိုဗစ်တွေ့ရှိမှုကတော့ လက်ရှိမှာ ကျဆင်းလာတဲ့အနေအထားရှိတယ်။ ဒါပေမဲ့ အောက်ခြေအထိရောက်ဖို့ဆိုတာကတော့ အချိန်ယူရအုံးမှာဖြစ်တယ်“ ဟု ၄င်းကပြောကြားသည်။

ရခိုင်ပြည်နယ်တွင် ကိုဗစ်ပထမလှိုင်းနှင့် ဒုတိယလှိုင်းနှစ်ခုအတွင်း သေဆုံးသူ ၃၇ ဦးရှိခဲ့ပြီး ယခုတတိယလှိုင်းတွင် သေဆုံးသူဦးရေမှာ စက်တင်ဘာ ၂၈ ရက်နေ့အထိ ၄၆၈ ဦးရှိလာနေပြီဖြစ်ကြောင်း ပြည်နယ်စစ်ကောင်စီမှ ထုတ်ပြန်သည့် စာရင်းအရ သိရသည်။

ယင်းအပြင် တစ်ပြည်နယ်လုံးတွင် ကိုဗစ်ရောဂါပိုးကူးစက်ခံရသူ ၄၈၄၄ ဦး၊ ဆေးရုံမှဆင်းခွင့်ရသူ ၄၂၅၂ ဦးအထိရှိကြောင်းလည်း သိရသည်။

 
 

 

 

Most read this week

ဓာတ်ပုံ - ဝီရဌာနီ (ပေါက်တော) မြို့နယ်မှ စစ်ဘေးရှောင် အမျိုးသမီးများကို တွေ့ရစဉ် / DMG - ပုံဟောင်း
August 22, 2026
ရခိုင်ပြည်အတွင်း စစ်ရေးပဋိပက္ခများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရသူ ဦးရေ ၅ သိန်းကျော်...
APM (ဩဂုတ်လ ၁၅ ရက်က ဘူးသီးတောင်မြို့နယ်၊ ဂေါင်နီကျေးရွာရှိ သောက်ရေကန်ကို ရခိုင်၊ ဟိန္ဒူ၊ မွတ်ဆလင်များနှင့် ULA/AA တို့ သန့်ရှင်းရေး ပူးပေါင်းပြုလုပ်စဉ်။)
August 21, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ ရခိုင်ပြည်အတွင်း ဘူးသီးတောင်နှင့် မောင်တောမြို့နယ်တို့တွင် လူမှုသဟဇာတ...
(ဓာတ်ပုံ - Crd)  (ပုံစာ - သရုပ်ပြ ဓာတ်ပုံ။)
August 20, 2026
ရခိုင်ပြည်၊ မြောက်ဦးမြို့နယ်၊ ပေါက်ပင်ကွင်းကျေးရွာတွင် ၉ လအရွယ် ကိုယ်ဝန်ဆောင်အမျိုးသမီး တစ်ဦးအား...
ဓာတ်ပုံ - (မောင်တော၊ ကြိမ်ချောင်းရွာ ကမ်းပါးပြိုကျမှုကြောင့် ပျက်စီးနေသည့် မြင်ကွင်း / ပေးပို့)
August 19, 2026
ရခိုင်ပြည်၊ မောင်တောမြို့နယ်၊ ကြိမ်ချောင်းကျေးရွာတွင် မိုးအဆက်မပြတ် ရွာသွန်းမှုနှင့်အတူ...