စစ်ကောင်စီ လက်နက်ကြီးကြောင့် အသက် ၉ နှစ်အရွယ်ကလေးနှင့် မိခင် ထိခိုက်ဒဏ်ရာ ပြင်းထန်

စစ်ကောင်စီ လက်နက်ကြီးကြောင့် အသက် ၉ နှစ်အရွယ်ကလေးနှင့် မိခင် ထိခိုက်ဒဏ်ရာ ပြင်းထန်

ရှမ်းပြည်နယ်မြောက်ပိုင်း မုံးကိုးမြို့နယ်ခွဲ မန်ခါး ကျေးရွာတွင် စစ်ကောင်စီဘက်က ပစ်ခတ်လိုက်သော လက်နက်ကြီးကျည်ထိမှန်ပြီး ဒေသခံ ကလေးငယ်တစ်ဦးနှင့် မိခင် တို့ ၂ ဦး ဒဏ်ရာ ပြင်းထန်စွာရရှိခဲ့ကြောင်း သိရသည်။

စက်တင်ဘာ ၂၇ ရက် ည ၁၀ နာရီခန့် လောက်ကိုင်အခြေစိုက် စစ်ကောင်စီတပ်မှ ပစ်ခတ်လိုက်သော လက်နက်ကြီးသည် မုံးကိုးမြို့နယ်ခွဲ ပူဝမ်ကျေးရွာအုပ်စု၊ မန်ခါးကျေးရွာရှိ ဦးတန်ဂွန်း၏ နေအိမ်တွင် ကျရောက်ခဲ့သောကြောင့် သူ၏အမျိုးသမီးနှင့် သားဖြစ်သူကို ကျည်ထိမှန်ခဲ့ကြောင်း ဒေသခံတစ်ဦးက KNG သတင်းဌာနကို ယခုလို ပြောသည်။

“မနေ့ည ၁၀ နာရီမှာ ကျွန်တော်တို့ ပူဝမ်ရွာကနေ ၁ မိုင်လောက်ဝေးတဲ့ မန်ခါး ရွာမှာ။ ခု ကလေးက အရမ်းစိုးရိမ်ရတယ်တဲ့။ မျက်စိနားမှာရော၊ ကိုယ်မှာရော၊ နားရင်းနားမှာရောထိသွားတယ်။ နား နားကတော့ ထုတ်လို့မရသေးဘူး။ ခု ဆရာဝန် တစ်ယောက်ကို သွားခေါ်နေတုန်း။ အဲဒီ ဆရာဝန် ရောက်လာမှထုတ်လို့ရမှာ။” ဟု ပြောသည်။

ဦးတန်ဂွန်း၏ အမျိုးသမီးဖြစ်သူ ဒေါ်လဘန်ရွယ်၏ ခြေထောက်တွင် ကျည်ထိမှန်ပြီး အသက် ၉ နှစ် အရွယ် သား မာဘုံ ၏ ဦးခေါင်း၊ နား အရင်းနား၊ ကိုယ်နဲ့ ခြေထောက် စသည့်နေရာများတွင် လက်နက်ကြီးကျည်စ ထိမှန်ခဲ့ပြီး ဒဏ်ရာပြင်းထန်ခဲ့သည်။

စက်တင်ဘာလ ၂၇ ရက်နေ့ နံနက်ပိုင်းကလည်း မုံးကိုးမြို့ ဖော်မော်၊ မန်ဂျက်ဘက်တွင်ရှိသော စစ်ကောင်စီအဖွဲ့မှ လက်နက်ကြီး လက်နက်ငယ်များဖြင့် သေနတ်ရမ်းသမ်းပစ်ခတ်ခဲ့ပြီး ညနေပိုင်း ၄ နာရီကျော်တွင် ပန်ဆိုင်းဘက်မှ တက်လာသော စစ်ကောင်စီကား ၁၁ စီးကို နမ့်ဆူရွာအနီးတွင် ကိုးကန့် MNDAA က ကြားဖြတ်တိုက်ခိုက်ခဲ့သည်။

စစ်ကောင်စီနှင့် ကိုးကန့် MNDAA တို့အကြား တိုက်ပွဲကြောင့် မုံးကိုးမြို့နယ်ခွဲနှင့် ပန်ဆိုင်းမြို့နယ်ခွဲများတွင် စစ်ဘေးဒုက္ခသည် ၂၀၀၀ ကျော်ရှိပြီး လက်နက်ကြီး ကျည်ထိမှန် ဒဏ်ရာရပြည်သူ ၃ ဦး၊ လက်နက်ကြီးကျည်ထိမှန်ပြီး သေဆုံးပြည်သူ ၆ ဦး၊ မိုင်းနင်းမိသေဆုံးသွားသူ ၁ ဦး ရှိပြီဖြစ်သည်။

Bum Shep

Photo Crd# ဒေသခံ

Most read this week

အရှေ့နာဂကာကွယ်ရေးတပ် (ENDA) / Crd - ENDA
September 19, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်အတွင်း အရှေ့နာဂကာကွယ်ရေးတပ် (ENDA) က တပ်သားသစ်စုဆောင်း ရန်...
စင်းခန်းကျေးရွာတစ်ဝိုက် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် မီးလောင်ကျွမ်းနေစဉ်။ / Crd
September 18, 2026
ကချင်ပြည်၊ ဗန်းမော်၊ မံစီနှင့် ဇင်းဘုံ၊ စင်းခန်းတံတားတစ်ဝိုက် ဒေသများတွင် စစ်ရေးတင်းမာနေပြီး...
မြစ်ကြီးနားမြို့ Happy KTV တွင် ဖမ်းဆီးခံခဲ့ရသည့် KIO အရာရှိများကို တွေ့ရစဉ်။ / ပုံဟောင်း
September 18, 2026
ကချင်ပြည် မြစ်ကြီးနားမြို့၊ တပ်ကုန်းရပ်ကွက်ရှိ Happy KTV တွင် ဖမ်းဆီးခံခဲ့ရသည့် KIO အရာရှိ ၁၃...
ကချင်ပြည်၊ ဝိုင်းမော်မြို့အတွင်း ART ဆေး ရရှိနိုင်သည့် ကျန်းမာရေးစင်တာတစ်ခုအား တွေ့ရစဉ်။ / Crd
September 18, 2026
ကချင်ပြည်အတွင်း HIV ပိုးထိန်းဆေး (ART) ပြတ်လပ်နေသည့်အတွက် HIV လူနာများအကြား စိုးရိမ်မှု...