တောင်ကုတ်တွင် နေအိမ်တစ်လုံးအတွင်းမှ ကျပ်သိန်း ၂၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

တောင်ကုတ်တွင် နေအိမ်တစ်လုံးအတွင်းမှ ကျပ်သိန်း ၂၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

ရခိုင်ပြည်နယ် တောင်ကုတ်မြို့၊ ကံပိုင်တိုးချဲ့ရပ်ကွက်ရှိ နေအိမ်တစ်လုံးအတွင်းမှ ကျပ်သိန်း ၂၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို ယမန်နေ့က ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။

ယမန်နေ့ စက်တင်ဘာလ ၂၇ ရက် ညနေ ၆ နာရီခန့်က တောင်ကုတ်မြို့၊ ကံပိုင်တိုးချဲ့ရပ်ကွက်၊ ချမ်မြေ့သာယာလမ်းနေ မအိအိဖြိုးဦး (၂၈ နှစ်) ၏ နေအိမ်အား စစ်တပ်နှင့်ရဲ ပူးပေါင်းတပ်ဖွဲ့က သတင်းအရ ဝင်ရောက်ရှာဖွေရှာတွင် အိုက်စ်ဆေးမှုန့် ၂၅ ဂရမ် (ကာလတန်ဖိုး ၅၀၀,၀၀၀) နှင့် WY စာတမ်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၈၇၀ ပြား (ကာလတန်ဖိုး ၁,၇၄၀,၀၀၀)၊ စုစုပေါင်း ကာလတန်ဖိုး ၂,၂၄၀,၀၀၀ ကို တွေ့ရှိဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း တောင်ကုတ်မြို့မရဲစခန်းမှ တာဝန်ရှိ ရဲအရာရှိတစ်ဦးက နိရဥ္စရာကို ပြောသည်။

“အိုက်ဆေးမှုန့်က ၂၅ ဂရမ် ဟုတ်ပါတယ်။ အဲဒီဆေးမှုန့်ကို အအေးသောက်တဲ့ ပလပ်စတိတ်ပိုက်နဲ့ထည့်ထားတာပါ။ ပိုက်က ၅ ချောင်းပါ။ WY က အပြား ၈၇၀။ တပ်မတော်၊ ရဲ ပူးပေါင်းတပ်ဖွဲ့က သတင်းအရ ဝင်ရောက်ဖမ်းဆီးတာပါ။” ဟု ပြောသည်။

၎င်းမူးယစ်ဆေးများကို မအိအိဖြိုး၏နေအိမ်အောက်ထပ် အိပ်ခန်းအတွင်းတွင် မအိအိဖြိုးနှင့် သူမ၏မောင်တော်စပ်သူ မောင်မျိုးမြင့်ကျော်(ခ) ဖိုးသဲ (၁၇ နှစ်) တို့ထံမှ လက်ဝယ် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

“သူတို့ဆီက လက်ဝယ်တွေ့တာပေါ့နော်။ မိန်းကလေးက ရောင်းတဲ့ပုံစံမျိုးပဲ။ ပြောလို့တော့ မရသေးဘူး။ သူတို့ကို အသေးစိပ်စစ်မှပဲသိမှာ။ မူးယစ်ဆေး လက်ဝယ်တွေ့ရှိတဲ့အတွက် သူတို့ကို ဖမ်းလိုက်တာ။ အခုက လောလောဆယ် သူတို့ကိုဖမ်းပြီးတော့ ရမန်ယူတဲ့အဆင့်ပဲရှိသေးတယ်။” ဟု ပြောသည်။

သူတို့နှစ်ဦးကို မူးယစ်တပ်ဖွဲ့စု (၄၇) တောင်ကုတ်မှ ရဲအုပ် တေဇာချမ်းငြိမ်းအောင်က ဥပဒေအရ အရေးယူနိုင်ရန် မူးယစ်(ပ) ၇/၂၀၂၁၊ မူး/စိတ်ပုဒ်မ ၁၉(က)/၂၁ ဖြင့် တောင်ကုတ်မြို့မရဲစခန်းတွင် အမှုဖွင့်ထားကြောင်း သိရသည်။

 
 

 

 

Most read this week

August 3, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ငပလီမြို့ရှိ ဂျိတ္တောရပ်ကွက်အပြင် ကျောက်ဖြူမြို့နယ်၊ စနဲမြို့ကိုလည်း...
August 1, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ရွှေလှေကျေးရွာကို စစ်တပ်က လေကြောင်းမှ...
July 31, 2026
အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင် တစ်ဦးတစ်ယောက်မျှ စစ်တပ်ထံ လက်နက်ချအလင်းဝင်သည့် ဖြစ်စဉ်မျိုး...
July 30, 2026
ရခိုင်-မကွေးရိုးပေါ်မှ တစ်ဆင့် နတ်ရေကန်စစ်မျက်နှာသို့ အင်အားဖြည့်တင်းရန် ရောက်ရှိလာခဲ့သော စစ်ကား...