စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြမှုကြောင့် ဂွမြို့မှ NLD လွှတ်တော်ကိုယ်စားလှယ်တစ်ဦးနှင့် အရပ်သားနှစ်ဦး ထောင်ဒဏ်ချမှတ်ခံရ

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြမှုကြောင့် ဂွမြို့မှ NLD လွှတ်တော်ကိုယ်စားလှယ်တစ်ဦးနှင့် အရပ်သားနှစ်ဦး ထောင်ဒဏ်ချမှတ်ခံရ

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်တွင် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြမှုကြောင့် NLD ဂွမြို့နယ်မှ ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးရဲခေါင်ညွန့်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးနှင့် ဝန်းရံခဲ့သူတစ်ဦးတို့ကို ဂွမြို့နယ်တရားရုံးက ယနေ့ ထောင်ဒဏ်အသီးသီးချမှတ်လိုက်ကြောင်း သတင်းရရှိသည်။

ထောင်ဒဏ်ချမှတ်ခဲ့လိုက်ရသူများမှာ အနိုင်ရ NLD ဂွမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲခေါင်ညွန့်နှင့်အတူ မြို့မရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးလူနီနှင့် ဆန္ဒပြရာတွင်ဝန်းရံခဲ့သူ ကိုအောင်စိုးမိုးတို့ဖြစ်ကြသည်။

၎င်းတို့အနက် ဦးရဲခေါင်ညွန့်ကို နိုင်ငံတော်အကြည်အညိုပျက်စေမှုပုဒ်မ ၅၀၅ (ခ) နှင့် ဘေးစီမံပုဒ်မအရ ထောင်ဒဏ် ၂ နှစ်နှင့် ၃ လ၊ ဦးလူနီကို ပုဒ်မ ၅၀၅ (ခ) အရ ထောင်ဒဏ် ၂ နှစ်နှင့် ကိုအောင်စိုးမိုးကို ဘေးစီမံပုဒ်မအရ ထောင်ဒဏ် ၅ လတို့အား ဂွမြို့နယ်တရားရုံးက ယနေ့ စက်တင်ဘာလ ၂၇ ရက် နံနက်တွင် အမိန့်ချမှတ်ခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

ဦးလူနီ၏သားဖြစ်သူ ကိုမြတ်ပိုင်စိုးက "ဒီနေ့နံနက်ပိုင်းက အမိန့်ချမှတ်လိုက်ပြီးတာနဲ့ တစ်ခါတည်း သံတွဲထောင်ကိုပြောင်းယူသွားတာပါ" ဟု နိရဥ္စရာသတင်းဌာနကို ပြောခဲ့သည်။

ယခုကိစ္စနှင့်ပတ်သက်ပြီး အဆိုပါအမှုအား လိုက်ပါဆောင်ရွက်ပေးခဲ့သည့် ရှေ့နေအား ဆက်သွယ်ခဲ့သော်လည်း တရားရုံးကိုသာမေးပါဟု ပြောဆိုပြီး ဖုန်းချသွားခဲ့သည်။

ထောင်ဒဏ်ချမှတ်ခံရသူတို့သည် စစ်အာဏာသိမ်းပြီးနောက် ဖေဖော်ဝါရီလအတွင်း ဂွမြို့နယ်တွင် ဆန့်ကျင်ဆန္ဒပြမှုများတွင် ဦးဆောင်ပါဝင်ခဲ့သည်ဟုဆိုကာ ဖမ်းဆီးတရားစွဲဆိုခံခဲ့ရခြင်းဖြစ်သည်ဟု သိရသည်။

၎င်းတို့ ၃ ဦးအနက် ဦးရဲခေါင်ညွန့်သည် ဖေဖော်ဝါရီ ၁၁ ရက်တွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး ဦးလူနီနှင့် ကိုအောင်စိုးမိုးတို့သည် ဖေဖော်ဝါရီ ၁၃ ရက်တွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်ဟု သိရသည်။

 
 

 

 

August 1, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ ရွှေလှေကျေးရွာကို စစ်တပ်က လေကြောင်းမှ...
July 31, 2026
အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင် တစ်ဦးတစ်ယောက်မျှ စစ်တပ်ထံ လက်နက်ချအလင်းဝင်သည့် ဖြစ်စဉ်မျိုး...
July 30, 2026
ရခိုင်-မကွေးရိုးပေါ်မှ တစ်ဆင့် နတ်ရေကန်စစ်မျက်နှာသို့ အင်အားဖြည့်တင်းရန် ရောက်ရှိလာခဲ့သော စစ်ကား...
July 27, 2026
ရခိုင်ပြည်၊ အမ်းမြို့နယ်နှင့် မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့နယ်အကြား ရိုးတောင်ကျော်လမ်းပေါ်တွင်...