ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးညီပုအမှုကို လာမည့်ရုံးချိန်းတွင် အပြီးသတ်လျှောက်လဲချက်ပေးမည်

ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးညီပုအမှုကို လာမည့်ရုံးချိန်းတွင် အပြီးသတ်လျှောက်လဲချက်ပေးမည်

နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ-၅၀၅ (ခ) ဖြင့် တရားစွဲဆိုခံထားရသည့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးညီပုကို ဗွီဒီယိုအွန်လိုင်းစနစ် (Video Conferencing) ဖြင့် ယနေ့ (စက်တင်ဘာလ ၂၈ ရက်) တွင် ရုံးထုတ်စစ်ဆေးခဲ့ကြောင်း သိရသည်။

ယနေ့ရုံးချိန်းတွင် စွပ်စွဲခံရသူဦးညီပုကို စစ်ဆေးမှုများပြုလုပ်ခဲ့ပြီး လာမည့်ရုံးချိန်းတွင် အမှုနှင့်ပတ်သက်၍ နှစ်ဖက်ရှေ့နေများမှ အပြီးသတ်လျှောက်လဲချက်ကြားနာမည်ဖြစ်ကြောင်း အမှုလိုက်ပါဆောင်ရွက်နေသည့် တရားလွှတ်တော်ရှေ့နေ ဦးငြိမ်းချမ်းက ပြောသည်။

“အဲဒီနေ့ရုံးချိန်းမှာ ဒီအမှုရဲ့အပြီးသတ်လျှောက်လဲချက်ကို နှစ်ဖက်ကြားနာမယ်။ အပြီးသတ်လျှောက်လဲချက်ပြီးရင်တော့ အမိန့်ချမယ်ပေါ့။ အမိန့်ဘယ်နေ့ချမှာလည်းဆိုတာကိုတော့ ကျွန်တော်လည်းမသိသေးဘူး” ဟု ဦးငြိမ်းချမ်းကပြောသည်။

ဖေဖော်ဝါရီလ ၁ ရက်နေ့က စစ်တပ်ကအာဏာသိမ်းစဉ် ပြည်နယ်ဝန်ကြီးချုပ်ဦးညီပုကို ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ၂ ရက်အကြာတွင် ပြန်လွှတ်ပေးကာ နေအိမ်အကျယ်ချုပ်ဖြင့် ထားခဲ့ခြင်းဖြစ်သည်။

ယင်းနောက် ဦးညီပုမှ ပြည်သူသို့ပြန်ကြားချက် ဗွီဒီယိုဖိုင်တစ်ခုကို ဖေဖေါ်ဝါရီလ ၉ ရက်နေ့တွင် ၎င်း၏လူမှုကွန်ယက် စာမျက်နှာမှတစ်ဆင့်ဖော်ပြခဲ့ပြီးနောက် ဖေဖော်ဝါရီလ ၁၀ ရက်နေ့ ည ၁၀ နာရီကျော်အချိန်တွင် စစ်တပ်မှ ထပ်မံဖမ်းဆီးခဲ့သည်။

ဦးညီပုကို စစ်တွေမြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သိန်းက တရားလိုပြုလုပ်ကာ နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ-၅၀၅ (ခ) ဖြင့် ဖေဖော်ဝါရီလ ၂၂ ရက်နေ့က စစ်တွေမြို့နယ် တရားရုံးတွင် တရားစွဲဆိုခဲ့သည်။

ဦးညီပုမှာ ဖမ်းဆီးခံရစဉ်အချိန်မှစ၍ ရှေ့နေများနှင့်လူချင်းတွေ့ခွင့်မရသေးသကဲ့သို့ မိသားစုဝင်များနှင့်လည်း ယနေ့ထိတွေ့ခွင့်မရသေးပေ။

“အဖေနဲ့တော့ တွေ့ခွင့်မရသေးဘူး။ ရှေ့တွေဆီကတစ်ဆင့်သူရဲ့ကျန်းမာရေးအခြေအနေကောင်းမွန်ကြောင်းကိုတော့ သိရတယ်။ တကယ်လို့ မိသားစုတွေနဲ့တွေ့ခွင့်ရမယ်ဆိုတော့ တွေ့ချင်ပါတယ်။ အမှုနဲ့ပတ်သက်ပြီးတော့လည်း မဟုတ်မမှန်ဘဲတော့စွပ်စွဲမခံနိုင်ဘူး” ဟု ဦးညီပု၏သမီး မကြည်ကြည်ဦးကပြောသည်။

ဦးညီပုကိုစွဲဆိုထားသည့်အမှုနှင့်ပတ်သက်၍ အပြီးသတ်လျှောက်လဲချက်ပေးရန် လာမည့်အောက်တိုဘာလ ၅ ရက်နေ့ကို ထပ်မံချိန်းဆိုလိုက်ကြောင်း သိရသည်။

ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဦးညီပုကိုစွဲဆိုထားသည့် နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ-၅၀၅(ခ) သည် အမြင့်ဆုံး ထောင်ဒဏ် ၂ နှစ်အထိချမှတ်ခံရနိုင်ကြောင်း ဥပဒေတွင်ပြဌာန်းထားသည်။

ဦးညီပုမှာ နိုင်ငံတော်အကြည်အညိုပျက်စေမှုပုဒ်မအပြင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပပုဒ်မဖြင့်လည်း တရားစွဲဆိုခံထားရသည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပပုဒ်မဖြင့် တရားစွဲဆိုထားသည့်အထဲတွင် စီမံ/ဘဏ္ဍာဝန်ကြီးဟောင်း ဦးကျော်အေးသိန်း၊ လျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဟောင်း ဦးအောင်ကျော်ဇံ၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် သတ္တုတွင်းဝန်ကြီးဟောင်း ဦးကျော်လွင်၊ စည်ပင်သာယာရေးဝန်ကြီးဟောင်း ဦးမင်းအောင်တို့လည်း ပါဝင်သည်။

အဂတိအမှုဖြင့်တရားစွဲခံထားရသည့် ရခိုင်ဝန်ကြီးဟောင်း (၅) ဦးအမှုကို စစ်ဆေးကြားနာရန်အတွက်လည်း စက်တင်ဘာလ ၂၉ ရက်နေ့ကို ရုံးချိန်းထားကြောင်းသိရသည်။

 
 

 

 

April 11, 2026
တိုက်ပွဲများ ရှိနေသည့် စစ်တွေမြို့တွင် စစ်ကောင်စီသည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့အဖြစ် ဝန်ကြီး ၈...
April 10, 2026
စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့တွင် သင်္ကြန်ကာလ နီးကပ်လာမှုနှင့်အတူ...
နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးကာကင်းစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 9, 2026
မကွေးတိုင်း၊ ငဖဲမြို့နယ် နတ်ရေကန်စခန်းတွင် တိုက်ပွဲဖြစ်ပွားမှု ဆက်တိုက်ရှိနေပြီး...
တားမြစ်ထားသည့် ယစ်မျိုးကုန်များ ရောင်းချမှုရှိ/မရှိ ULA/AA က စစ်ဆေးမှုများ လုပ်ဆောင်နေသည်ကို ၂၀၂၅ ခုနှစ်အတွင်းက ရခိုင်ဒေသတစ်နေရာတွင် တွေ့ရစဉ်။ ဓာတ်ပုံ - APM
April 8, 2026
သင်္ကြန်ကာလအတွင်း အာရက္ခတပ်တော်(AA) ထိန်းချူပ်ဒေသများသို့ တရားဝင် တင်သွင်းခွင့်ပြုထားသည့်...